Wednesday, February 9, 2011

Generation Wave ( မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) မှ ထုတ်ပြန် ကြေငြာချက်

ရဟန်းရှင်လူ မိဘပြည်သူများ နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား

အီဂျစ် နိုင်ငံ တွင် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် လူထု ဆန္ဒပြ လှုပ်ရှားမှုများ နှင့် ပါတ်သက်၍ ကျနော်တို့ Generation Wave ( မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) မှ ရဟန်းရှင်လူ မိဘပြည်သူများ နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများသို့ တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

ကျနော်တို့၏ လှုပ်ရှား ဆောင်ရွက်ချက်များ၊ သဘောထားများနှင့် ရဟန်းရှင်လူ မိဘ ပြည်သူများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများသို့ တိုက်တွန်း နှိုးဆော်ချက်များကို ပူးတွဲပါ ဖိုင်တွင် ဖတ်ရှု့နိုင်ပါသည်။



Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)
www.generationwave.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, February 8, 2011

နအဖ စစ်ကူတပ် KIA မိုင်းထိ၊ ၄ဦးဒဏ်ရာ ရ

ကေအိုင်အေနှင့် နအဖတပ်တို့ နှစ်ဘက် တိုက်ပွဲဖြစ်ရာ နေရာသို့ ဗန်းမော်မြို့မှ စစ်ကူပို့လိုက်သော နအဖ စစ်ကြောင်း ယမန်နေ့ ညနေ ၅ နာရီခန့်က ထပ်မံမိုင်းထိမိကြောင်း ကေအိုင်အို သတင်းရပ်ကွက် အဆိုအရ သိရသည်။

Kachin Independence Army (Pho:KNG)

ယမန်နေ့နံနက်ပိုင်းက နှစ်ဘက် တိုက်ခိုက်ခဲ့ကြသည့် ကချင်ပြည်နယ် မန်စီမြို့နယ် မန်သာနှင့် တုံလေရွာ အနီးတွင် နအဖစစ်ကူတပ် ခမရ ၃၁၉ မိုင်းထိမိခြင်းဖြစ်ပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၎င်းနေ့နံနက်ပိုင်း ကေအိုင်အေနှင့် နအဖတိုက်ပွဲတွင် နအဖစစ်တပ်မှ တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး ရင်ထွေး အပါအဝင် စစ်သည် ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရသူများကို မန်ဝိန်းကြီး ဆေးရုံသို့ သယ်ဆောင်ခဲ့ရာ လမ်းတစ်ဝက်တွင် တပ်ရင်းမှုး ရင်ထွေး သေဆုံးခဲ့ပြီး ယမန်နေ့က တပ်ကြပ်တစ်ဦး ဆေးရုံတွင် ထပ်မံသေဆုံးကြောင်း သိရသည်။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

ဝန်ကြီးနဲ့ ဝန်ကြီးဌာနစာရင်း သမ္မတ အဆိုပြု

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မကြာခင်ကမှ သမ္မတ ဖြစ်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ၀န်ကြီးဌာန ၃၄ ခု စာရင်းနဲ့ ၀န်ကြီး အယောက် ၃၀ တို့ရဲ့ စာရင်းကို တင်သွင်းလိုက်ပါပြီ။ ၀န်ကြီးဌာန အရေအတွက်က အခုရှိနေတာထက် နည်းသွားတယ် ဆိုပေမဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့စာရင် များလွန်းသလို ဒီဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်နိုင်ရည် အပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဝေဖန်တာ ရှိပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

လွှတ်တော်အစည်းအဝေးတွေကို ကြားထဲမှာ နားထားခဲ့ပြီးတဲ့နောက် ဒီကနေ့ အင်္ဂါနေ့ ပြန်စတဲ့ အချိန်မှာတော့ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပပြီး သမ္မတဖြစ်လာတာ မကြာသေးတဲ့ ဦးသိန်းစိန်က ဖွဲ့စည်းမယ့် ၀န်ကြီးဌာန စာရင်းနဲ့ ၀န်ကြီး အမည်စာရင်းတွေကို လွှတ်တော်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

“လွှတ်တော် နာယကက နေပြီးတော့ သမ္မတက တင်သွင်းတဲ့ ၀န်ကြီးဌာန ၃၄ ဌာနရဲ့ အမည်စာရင်းကို ဖတ်ပြပါတယ်။ အဲဒီ ၃၄ ဌာနနဲ့ ၀န်ကြီးဦးရေကျတော့ ၃၀ ဦး တင်ပါတယ်။ ၀န်ကြီးဌာန ၃၄ ဌာန အမည်စာရင်းတော့ ဖတ်ပြပါတယ်။ ၀န်ကြီးဦးရေ ၃၀ အမည်စာရင်းကိုတော့ ဖတ်မပြပါဘူး။ အခု ဖတ်ပြတာတော့ ကာကွယ်ရေးက စပြီးတော့ နဂိုအဟောင်းတွေပါပဲ။ အသစ်ကတော့ သမ္မတရုံး ၀န်ကြီးဌာနနဲ့ မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာနပါ။”

လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ပြောပြသွားတာ ဖြစ်ပါတယ်။

သမ္မတက တင်သွင်းတဲ့အထဲမှာ ၀န်ကြီးဌာန အရေအတွက်က ၃၄ ခုရှိပြီး ၀န်ကြီးစာရင်းက အယောက် ၃၀ ပဲ ရှိရတဲ့ အကြောင်းကတော့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ နယ်စပ်ဒေသရေးရာ ၀န်ကြီးဌာနတွေအတွက် ၀န်ကြီးတွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားမှာကြောင့် ဖြစ်တယ်လို့ နောက် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ရှင်းပြပါတယ်။

သမ္မတက အခုလို တင်သွင်းထားတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့ ဆက်ပြီး ကျင်းပမယ့် အစည်းအဝေးမှာ ဆွေးနွေးချင်တာရှိရင် ဆွေးနွေးဖို့ လွှတ်တော်နာယကက အသိပေး ပြောဆိုခဲ့တယ်လို့လည်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှုကလည်း နောက်ကျ၊ အခြေခံ အဆောက်အအုံတွေကလည်း အခိုင်အမာမရှိ၊ ဘဏ္ဍာငွေကြေး အင်အားလည်း တောင့်တင်းမှု မရှိတဲ့ နိုင်ငံမျိုးမှာ အခုလောက် ၀န်ကြီးဌာန အရေအတွက်များများ လိုအပ်ရဲ့လား ဆိုတာနဲ့ ဘယ်လောက် ထိရောက်မှု ရှိမလဲ ဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ပြောသူကတော့ ဗဟု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအဖွဲ့က ဦးအောင်သူငြိမ်းပါ။

“အသေအချာတော့ ၀န်ကြီးဌာန ဘယ်နှစ်ခုလိုတယ် ဆိုတာမျိုးတော့ ပြောရခက်တာပေါ့ဗျာ။ ယေဘုယျ မူအရ ပြောမယ်ဆိုရင်တော့ ၀န်ကြီးဌာနတွေ၊ ၀န်ထမ်းတွေ များများထားလေလေ ကုန်ကျမှု စရိတ်က ပိုများလေလေပဲပေါ့။ အခုအနေအထား ဖြစ်တဲ့အခါကျတော့ ပြောရမယ်ဆိုရင် အရင် စစ်အစိုးရတုန်းကလည်း ၀န်ကြီးဌာန ၃၈ ခုလောက် ရှိတယ်ဆိုတော့ ဘာမှ သိပ်မပြောင်းတဲ့ အနေအထားပေါ့။ ပိုနေမြဲ ကျားနေမြဲပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုပြောင်းသွားတဲ့ အနေအထားကတော့ အခုအချိန်မှာဆိုရင် လွှတ်တော် အမတ်တွေအတွက် လစာပေးစရာ အများကြီး ဖြစ်လာမယ်။ လွှတ်တော်မှာ ရေးရာကော်မတီတွေ၊ ၀န်ထမ်းတွေ အများကြီး ပိုလာတယ်။

“နောက်တဆင့်ဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း နောက်ထပ် အစိုးရအလွှာတရပ် ထပ်ပေါ်လာဦးမယ် ဆိုတော့ ကျနော် တွက်ကြည့်တာက ၀န်ထမ်းတွေ ပိုများလာမယ်၊ ၀န်ကြီးတွေလည်း ပိုများလာမယ်၊ လစာပေးရတာလည်း ပိုများလာမယ်ဆိုတော့ အစိုးရဘက်က ကုန်ကျစရိတ်တွေက ပိုများလာဖို့ ရှိပါတယ်။ အဲဒီအနေအထားမှာဆိုရင် တဘက်က ဘယ်လောက်အထိ ထိထိရောက်ရောက် လုပ်နိုင်မလဲ၊ နောက်တခုကတော့ ဒီကုန်ကျစရိတ် ငွေတွေကို ဘယ်နေရာက ဖြည့်ဆည်းမလဲ ဆိုတဲ့ မေးခွန်းတွေ ရှိပါတယ်။”

ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဆက်လက်ကျင်းပမှာဖြစ်ပြီး ၀န်ကြီးဌာန ဖွဲ့စည်းဖို့တွေနဲ့ ၀န်ကြီးခန့်ထားဖို့ ကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဆွေးနွေးကြဖို့ဖြစ်တယ် ဆိုပေမဲ့ ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့သလောက်မှာတော့ ပြန်လှန်ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ် မရှိသလောက်ပါပဲ။

တချို့ လွှတ်တော်ကိုယ်စားလှယ်က ပြန်ပြီး ဆွေးနွေးစရာ မရှိပါဘူးလို့ ပြောတာရှိသလို တချို့ လွှတ်တော် ကိုယ်စားလှယ်ကကျတော့ ပါတီတွင်း ပြန်ပြီး ညှိနှိုင်းပြီးမှ ဆွေးနွေးရေး၊ မဆွေးနွေးရေးကို ပါတီလူကြီးတွေက ပြောပါလိမ့်မယ်ဆိုပြီး ဖြေဆိုခဲ့တာမျိုးလည်း ရှိပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

KIO နှင့် နအဖ တိုက်ပွဲဖြစ်၊ တပ်ရင်းမှူး တဦးကျဆုံး

သန်းထိုက်ဦး | နအဖ စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သော ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) တပ်ဖွဲ့ဝင်များ ယနေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ဒု ဗိုလ်မှူးကြီး ယဉ်ထွေး ကျဆုံးသွားကြောင်း သိရသည်။

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)

အဆိုပါ တိုက်ပွဲသည် KIO တပ်မဟာ ၃ ၏ ထိန်းချုပ် နယ်မြေရှိ ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့တောင်ဘက်တွင် နအဖ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ဖြစ်သည့် ခြေလျင်တပ်ရင်း(ခလရ) ၁၅ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည် ဟု KIO နှင့် နီးစပ်သူ တဦးက ပြောသည်။

နအဖ တပ်များက ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေသို့ ကျူးကျော် ၀င်ရောက်ခဲ့သဖြင့် ၎င်းတပ်ဖွဲ့ဝင်များက ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်း တိုက်ပွဲသည် KIO ၏ တော်လှန်ရေး နှစ် ၅၀ ပြည့် အခမ်အနား ကျင်းပပြုလုပ်ခဲ့ပြီးနောက် ၂ ရက်တွင် ၂၀၁၁ ခုနှစ် အတွင်း ပထမ ဦးဆုံး အကြိမ်ဖြစ်သည်။ စစ်ရေးအရ နှစ်ဘက် တင်းမာမှုများ ရှိနေသော်လည်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားသည့် အသံများ မကြားမိသေးပေ။

ကချင် တော်လှန်ရေး နေ့ကို KIO တပ်မဟာ (၃) မိုင်ဂျာယန် ဒေသတွင် ပြီးခဲ့သည့် တပတ်က ပြုလုပ်ကျင်းပခဲ့ပြီး KIO ဥက္ကဌ ဦးဇောင်းဟရား က ဒုတိယ အကြိမ်မြောက် ပင်လုံညီလာခံကို ခေါ်ယူရန် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အခမ် အနား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

KIO အဖွဲ့သည် KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ သည်။

ဤအဖွဲ့ကို ၁၉၆၁ ခု ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကချင် ကျောင်းသားခေါင်းဆောင် ဇော်တူး နှင့် ဇော်ဆိုင်းတို့ နှစ်ဦးက စတင် ဖွဲ့စည်းကာ ကချင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အခမ်းအနားကို နှစ်စဉ် ကျင်းပခဲ့ခြင်းသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၃ ရက်နေ့က ၎င်းတို့ ထိန်းချုပ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာ ဌာနချုပ် နယ်မြေ အတွင်းသို့ ပျံသန်း ၀င်ရောက်လာသော နအဖ အစိုးရ၏ ရဟတ်ယာဉ် တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီး နောက် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့သည်။

KIOသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀ စက်တင်ဘာ လ ၁ ရက်နေ့က ငြင်းဆိုခဲ့ကြောင်း၊ ထိုသို့ ငြင်းဆိုပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန် လည်း သတိပေးထားသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန် ငြင်းဆန်ခဲ့ကြ သကဲ့သို့ လက်ရှိအခြေ အနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

source by : http://www.bur.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

သင်္ကန်းကျွန်း မီးလောင် (မြန်မာစံတော်ချိန် နေ့လည် ၂း၄၅ နာရီ)

အေးနိုင် | ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်မှာ မီးလောင်ကျွမ်းနေတယ်လို့ ဗဟိုမီးသတ်တပ်ဖွဲ့က ပြောပါတယ်။

“သင်္ကန်းကျွန်း (၁၆) ရပ်ကွက် အပိုင်း (၄) မှာပါ၊ ဘယ်က စလောင်တာတော့ မသိသေးဘူး၊ အခုလောင်နေတုန်းပဲ။ ထိန်းတော့ ထိန်းနိုင်ပါပြီ” လို့ ဗဟိုမီးသတ် တာဝန်ကျတဦးကပြောပါတယ်။

စတင်လောင်ကျွန်းမှု အသေးစိတ်ကိုတော့ မပြောနိုင်သေးပါဘူး၊

source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

Sunday, February 6, 2011

အီဂျစ်ဆန္ဒပြပွဲ မြန်မာ့ မီဒီယာမှာ ကန့်သတ်

အီဂျစ်နိုင်ငံမှာ သမ္မတမူဘာရက် ဖြုတ်ချရေးနဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြတဲ့ လူထုလှုပ်ရှားမှု သတင်းတွေကို မြန်မာနိုင်ငံပိုင် သတင်းစာတွေမှာ ဖေါ်ပြခွင့် မရှိသလို၊ မြန်မာ့ ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ နိုင်ငံခြား သတင်းတွေမှာပါ ပိတ်ပင်ထားတယ်လို့ စစ်အစိုးရပိုင် သတင်းစာ အယ်ဒီတာတဦးက ဘီဘီစီ ကိုပြောပါတယ်။

ပြည်တွင်းထုတ် ဂျာနယ်တွေ မှာလဲ အီဂျစ်ဆန္ဒပြမှုကြောင့် တိုင်းပြည် ဖရိုဖရဲ ဖြစ်တာကို ဇောင်းပေးရေးရင်၊ ခွင့်ပြုပေမဲ့ အမှန်အကန် သတင်းတင်ပြခွင့်ကိုတော့ စာပေစီစစ်ရေးက တားမြစ် ပိတ်ပင်တယ်လို့ ဂျာနယ် အယ်ဒီတာ တချို့က ပြောပြပါတယ်။

အခုလို တားမြစ်ပိတ်ပင်မှုတွေရှိနေလို့ ဖြစ်ရပ်မှန် သတင်းတွေ၊ လူထုဆီ မရောက်တာကို ဂျာနယ်ဆရာတွေ စိတ်မကောင်း ဖြစ်ပေမဲ့၊ အစိုးရပိုင် သတင်းစာတိုက်က အယ်ဒီတာ တချို့တော့ သူတို့ဟာ၊ ရုပ်သေးရုပ် သတင်းစာ ဆရာတွေ ဖြစ်နေပုံ ဘီဘီစီ ကိုပြောပြပါတယ်။

source by : http://www.bbc.co.uk

အပြည့်အစုံ ဖတ်ရန် ...

ရွှေပြည်သာစက်မှုဇုံ (၁)က စက်ရုံ ၂ ရုံ ဆန္ဒပြ

လှိုင်သာယာ စက်မှုဇုံ (၃)မှာ ဆန္ဒပြစဉ်က

ရွှေပြည်သာ စက်မှုဇုန် (၁)၊ စက်မှု (၆) လမ်းရှိ အော်စကာ အထည်ချုပ်စက်ရုံတွင် ဖေဖော်ဝါရီ ၅ရက် စနေနေ့ည ရ နာရီ အချိန်မှာ အလုပ်သမားတွေ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။

အလုပ်သမားအင်အား ၅၀၀ ခန့်ရှိပြီး လစာဖြတ်တောက်တဲ့ကိစ္စအပေါ် ကျေနပ်မှုမရှိရာက ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါစက်ရုံအား ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်ခေါ်တုန်းက

(က) အုပ်စု၊ (ခ) အုပ်စုနှင့် (ဂ) အုပ်စုခွဲကာ

(က) အုပ်စုအား အခြေခံလစာ ၇၅ ၀၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊

(ခ)အုပ်စုအား အခြေခံလစာ ၇၀ ၀၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊

(ဂ)အုပ်စုအား အခြေခံလစာ ၆၅ ၀၀၀+အချိန်ပိုကြေး+ဘောနပ်စ်ကြေး၊ ပေးမယ်ဆိုပြီး အလုပ်ခေါ်ယူခဲ့တာလို့ သိရပါတယ်။

ယခုလစာထုတ်တဲ့အခါ အချိန်ပိုကြေးနှင့် ဘောနပ်စ်ကြေး မပေးတဲ့အပြင် မူရင်းလစာကိုပင် အကြောင်းပြချက် မပေးဘဲ ဖြတ်တောက်ခဲ့ရာ

(က) အုပ်စုမှာ အလုပ်သမားအားလုံးမှာ လစာထဲမှအကြောင်းမဲ့ ငွေ ၆၄၀၀ ခန့် ဖြတ်တောက် ခံခဲ့ရပါတယ်။ စက်ရုံဝန်ထမ်းအားလုံးမှာ ၉၀၀ ခန့်ရှိပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က အလုပ်သမား ၅၀၀ ခန့် ဆန္ဒပြမှုဖြစ်ရာနေရာကို ရွှေပြည်သာမြို့နယ် အလုပ်သမား ညွှန်ကြား မှုဦးစီးဋ္ဌာန ဦးစီးမှူးဦးသိန်းလွင်၊ ရွှေပြည်သာရဲစခန်းမှ တာဝန်ရှိသူများ၊ မယက နှင့် အခြားအာဏာပိုင်အဖွဲ့တွေ ရောက်ရှိလာပြီး အလုပ်သမားများနှင့်ညှိနှိုင်းရာ ၇ ရက်နေ့ တနင်းလာနေ့ နေ့လည် ၁၂ နာရီတွင် ထပ်မံညှိနှိုင်းရန် အာဏာပိုင်တွေ က ပြောတဲ့အတွက် ၆ ရက်နေ့ နံနက် ၂ နာရီ ခန့်မှာ အလုပ်သမားများ ပြန်သွားကြပါသည်။

၇ရက်နေ့ တနင်းလာနေ့ နံနက်ပိုင်းမှစကာ အလုပ်သမားအားလုံးပါဝင်ပြီး ထပ်မံဆန္ဒပြ တောင်းဆိုဦးမယ်လို့ သိရှိရပါတယ်။ ၇ ရက်နေ့ သတင်းတွေကို ဆက်လက် စုံစမ်းတင်ဆက် သွားမှာဖြစ်ပါတယ်။

အလားတူပဲ ဖေဖော်ဝါရီလ ၄ ရက်နေ့က ရွှေပြည်သာမြို့နယ် ကနောင်မင်းသားကြီးလမ်းပေါ်ရှိ super one အထည်ချုပ် စက်ရုံမှာလည်း လုပ်ခ လစာငွေနည်းခြင်း၊ စက်ရုံတွင်း သုံစွဲနေရတဲ့ အိမ်သာ မလုံလောက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း စတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။

ဆူပါဝမ်း စက်ရုံမှာတော့ စက်ရုံပိုင်ရှင်အမည်ခံ ကိုဇော်မင်းဦးမှ ကိုရီးယားနိုင်ငံမှ ပိုင်ရှင်နဲ့ ဆက်သွယ် ညှိနှိုင်ပေးခဲ့တဲ့အတွက် အလုပ်သမားတွေအတွက် လုပ်ခငွေ လစာ ငွေ ၈၀၀၀ နဲ့ အလုပ်သမားများဘက်က သဘောတူခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

ဆိုပါစက်ရုံမှာ နိုင်ငံသားပိုင်အဖြစ်နဲ့ အမည်ခံထားပြီး အခွန်တိမ်းရှောင်နေသော နိုင်ငံခြားသားပိုင် စက်ရုံဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပေမယ့် အာဏာပိုင်တွေအနေနဲ့ တစုံတရာ အရေးယူဆောင်ရွက်မှု မရှိတာကို တွေ့ရှိရပါတယ်။

တစ်တီတူး၊ ရန်ကုန်

source by :http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...