Wednesday, October 20, 2010

လူ့အခွင့်အရေးအစီရင်ခံစာသစ်တွင် ထူးခြားသော အချက်များပါဝင်

RFA | အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမဲ့ ရွေးကောက်ပွဲ ဖြစ်ပေမဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားတွေကို ဝင်ရောက်ခွင့် ပေးမှသာ အများ လက်ခံ ယုံကြည်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က အောက်တိုဘာ ၂၀ ရက် ဒီကနေ့ ပြောကြားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (ယာမှတတိယ) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အောက်တိုဘာလ ၂၀ ရက်နေ့ ဒီကနေ့ မြန်မာစံတော်ချိန်ည သန်းခေါင်ကျော်မှာ မစ္စတာကင်တားနားက ကိုယ်တိုင် အစီရင်ခံ တင်ပြမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အစီရင်ခံစာသစ်မှာ ရွေးကောက်ပွဲ မတိုင်မီ မရှိမဖြစ် အရေးပါတဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ် ဟောပြောခွင့်၊ လွတ်လပ်စွာ စုရုံးစည်းဝေးခွင့်နဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် စတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ပိုကန့်သတ်ထားတာ တွေ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အာဏာပိုင်တွေက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းပြီး အရေးယူဖို့ အရေးပါသလို မြန်မာအစိုးရအနေနဲ့ တာဝန်လည်း ရှိကြောင်း၊ အစိုးရက စုံစမ်း ဖော်ထုတ်ဖို့ ပျက်ကွက်ရင်၊ ဒါမှမဟုတ် စုံစမ်း ဖော်ထုတ်နိုင်စွမ်း မရှိရင် ဒီတာဝန်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်း အပေါ်မှာ ကျရောက်လာကြောင်း၊ ဒါ့ကြောင့် စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု မြောက်မမြောက် စုံစမ်း စစ်ဆေးရေး ကုလသမဂ္ဂ ကော်မရှင်တရပ်ဖွဲ့ဖို့ နိုင်ငံတကာမှာ တာဝန်ရှိကြောင်းလည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဒီကနေ့ တင်ပြမဲ့ အစီရင်ခံစာသစ်မှာ ထူးခြားပြီး မြန်မာ့နိုင်ငံရေးအတွက် လေးနက်တဲ့ အချက်အလက်တွေ ပါဝင်ပါတယ်။

ဒီအချက်တွေကတော့

(၁) ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကန့်သတ်တာတွေ ရှိနေပြီး အခြေခံ ခွင့်ပြုရမဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်း မဟုတ်သလို နိုင်ငံရေးပါတီတွေအပေါ်မှာ အမျိုးမျိုး ကန့်သတ် ဖိနှိပ်ထားတာ တွေရှိနေကြောင်း။

(၂) မြန်မာနိုင်ငံမှာ လူသားထုတရပ်လုံးအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ပြစ်မှုမြောက်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားနေတယ်ဆိုတာ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေအရ သိရှိပြီး ဒီအမှုတွေ တကယ်ဖြစ်မဖြစ် စုံစမ်းအရေးယူဖို့ ပထမဆုံး မြန်မာအစိုးရမှာ တာဝန်ရှိပြီး၊ မြန်မာအစိုးရက တာဝန်ပျက်ခဲ့ရင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်ရှိကြောင်း၊ ရှင်းရှင်းလင်းလင်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာမှာ အခန်း ၅ ခန်းပါပြီး ပိုဒ်ခွဲ ၉၁ ခု ရှိပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ အခင်းအကျင်း၊ နိုင်ငံရေးအကျဉ်းသားကိစ္စ၊ တိုင်းရင်းသားအရေး၊ တရားစီရင်ရေး၊ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေ လေးစားလိုက်နာမှုတွေ ပါဝင်ပါတယ်။

ဒီနောက်မှ အထူးကိုယ်စားလှယ်ရဲ့ နိဂုံးချုပ်နဲ့ တိုက်တွန်း တောင်းဆိုချက် ၅ ချက် ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာပါ ထူးခြားချက်တွေအကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူ ၃ ဦးနဲ့ ဆက်သွယ်ပြီး RFA မှ ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားပါတယ်။

နားဆင်ရန်

Photobucket

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, October 19, 2010

ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲကို ဘာလုပ်ကြမလဲ

မောင်သြ | မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုပါတော့တယ်။ ဒီရွေးကောက်ပွဲကြီးကို နအဖစစ်အစိုးရက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲလို့ သတ်မှတ်ထားပေမယ့် တကယ်တော့ ဒီရွေးကောက်ပွဲကြီးဟာ ဗိုလ်သန်းရွှေ ရွေးကောက်ပွဲလို့ ခေါ်ရင် ပိုမှန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ဗိုလ်သန်းရွှေ လက်သပ်ကျောသပ် မွေးထားတဲ့ ဗိုလ်သန်းရွှေရဲ့ အမိန့်သြဇာခံ ပါတီလည်းဖြစ်၊ ဗိုလ်သန်းရွှေကိုယ်တိုင် နာယကကြီးအဖြစ် ပါဝင်ထားတဲ့ ပါတီလည်းဖြစ်တဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရရှိဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်လို့ပါပဲ။

ကြံ့ဖွံ့ပါတီနိုင်မှလည်း နအဖရဲ့ ၂၀၀၈ ခုနှစ် အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို အတည်ပြုနိုင်မှာကိုး။ ဒီအခြေခံဥပဒေ အတည်ပြုနိုင်မှလည်း စစ်အာဏာရှင်အစိုးရ ရာသက်ပန် အုပ်ချုပ်သွားနိုင်မယ်။ စစ်အာဏာရှင်များအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇ၀တ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဘေးအန္တရာယ်များမှ ကင်းလွတ်သွားမယ်။ ဒါကြောင့် ဗိုလ်သန်းရွှေဟာ ဒီရွေးကောက်ပွဲကို ကြံ့ဖွတ်ပါတီအနိုင်ရဖို့ အပိုင်ကြံစည်နေပါတယ်။

ဗိုလ်သန်းရွှေဟာ သူ့ဘ၀တလျှောက်လုံးမှာ မပိုင်ရင် ဂလိုင်တောင် မခေါက်ဘူးဆိုတဲ့ လူစားမျိုးပါ။ ဘာပဲလုပ်လုပ် ပိုင်မှ အသေကိုင်တာ။ ၁၉၉၂ ခုနှစ်က ဗိုလ်စောမောင်ကို ဖြုတ်ချခဲ့တာ ကြည့်မလား။ ကျေးဇူးရှင် ဗိုလ်နေ၀င်းမိသားစုကို အမှောင်တိုက်သွင်းခဲ့တာ ကြည့်မလား၊ ၁၉၉၇ ခုနှစ် ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်ကျော်မင်း စတဲ့ စစ်အုပ်စုတွေကို ဖယ်ရှားပစ်ခဲ့တာ ကြည့်မလား၊ နောက်ဆုံး ၂၀၀၄ ခုနှစ်မှာ ဗိုလ်ခင်ညွန့်နဲ့ အပေါင်းပါတွေကို ဖမ်းဆီးဖြုတ်ချ ထုတ်ပယ်ပစ်ခဲ့တာ ကြည့်မလား။ ဒါတွေဟာ ဗိုလ်သန်းရွှေ အာဏာရှင်ပလ္လင် ဖင်မြဲဖို့အတွက် စနစ်တကျ အကွက်ချ အပိုင်လုပ်ခဲ့တာတွေပါ။

ဗိုလ်သန်းရွှေ အပိုင်လုပ်ခဲ့သမျှ မအောင်မြင်တာတခုပဲရှိပါတယ်။ အဲဒါကတော့ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်များ ဒီပဲယင်း (၂၀၀၃ ခုနှစ်) လုပ်ကြံခံရမှုမှာ သူသေစေချင်တဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်နှစ်ဦးဟာ ဒဏ်ရာရရှိရုံမှတပါး အသက်ရှင် ကျန်ရစ်ခဲ့တဲ့အတွက် ဗိုလ်သန်းရွှေ ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ရပါတယ်။

အခုလည်း ဗိုလ်သန်းရွှေဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုနိုင်ဖို့ သူ့ဆန္ဒအတိုင်း ကောက်ကျစ်ယုတ်မာပြီး သူ့ရဲ့ကိုယ်ပွား ကြံ့ဖွံ့ပါတီကြီးကို နိုင်လဲနိုင်၊ ရှုံးလည်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အပိုင်တော်ကြံပြီး တိုင်ပေါ်အလံစိုက်ဖို့ အရှက်မရှိ ကြိုးစားနေတာ တွေ့နေရပါပြီ။

ဗိုလ်သန်းရွှေတခေတ်လုံးမှာ “မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကို ထား” ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမတရား မရှိခဲ့ပါဘူး။ ရက်စက်ယုတ်မာကောက်ကျစ်တဲ့ လူသတ်သမား စစ်အာဏာရှင်အနေနဲ့ရယ်၊ လောဘ၊ ဒေါသ၊ မာန်မာနတွေနဲ့ အာဃာတကြီးသူ၊ အငြိုးကြီးသူ၊ စစ်ဘီလူးအသွင်နဲ့ရယ် နှစ်မျိုးပဲ တွေ့မြင်နေရပါတယ်။ ပြည်သူအားလုံးက စက်ဆုပ်ရွံရှာ မုန်းတီးသလားမပြောနဲ့၊ တိုင်းပြည်ကြီး ဆင်းရဲမွဲတေနေသလောက် ဗိုလ်သန်းရွှေရဲ့ လက်ပါးစေအုပ်စုတွေကတော့ သားစဉ်မြေးဆက် ဆယ်သက်ဆယ်ကမ္ဘာ မဆုံးနိုင်အောင် ကျိကျိတက်ကောင်းစား ချမ်းသာကြီးပွားနေကြပါပြီ။ ဒါကိုက တိုင်းပြည်နဲ့ လူမျိုးအကျိုးထက် ကိုယ်ကျိုးကြည့် အတ္တလောက်ကောင်တွေဆိုတာ ထင်ရှားနေပါပြီ။
ဗိုလ်သန်းရွှေ ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ အကြိုရလဒ်အဖြေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ကတည်းက ကြိုမြင်နေခဲ့ရပါပြီ။ ခုတော့ ရုပ်လုံးက ပိုကြွပြီး ၂၀၁၀ ရွေးကောက်ပွဲအဖြေဟာ မကျင်းပမီကတည်းက အတွင်းသားကို အထင်းသားမြင်နေရပြီ။

စိတ်ကူးယဉ်ပြီး ဉာဏ်တထွာတမိုက်နဲ့ ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲ နွားတင်းကုပ်ထဲကို ခွေးတိုးပေါက်က ၀င်မိကြတဲ့ သူတွေကတော့ နောက်ဆုံးမှာ နွားသတ်ရုံထဲ အပို့ခံရတော့မယ့် နွားတွေဖြစ်နေမှာ သနားမိပါတယ်။ တကယ်တော့ ဗိုလ်သန်းရွှေရဲ့ ၂၀၁၀ ပါတီစုံရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ရွေးကောက်ပွဲဝင် ပါတီတွေဟာ အဖြည့်ခံအကူသဘောနဲ့ ပံ့ပိုးကူညီပေးသလို အသုံးချခံသက်သက် ဖြစ်နေပါတယ်ဆိုတာကို ရွေးကောက်ပွဲအလွန်ကျရင် နောင်တရကြမှာ သေချာပါတယ်။

ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲအလွန်ကာလကို မှန်းမျှော်ကြည့်လိုက်ရင် လွှတ်တော်ထဲမှာ နအဖရဲ့ အမိန့်နာခံတော် ဘောင်းဘီဝတ် တပ်မတော်သား ကိုယ်စားလှယ်များက (၂၅) ရာခိုင်နှုန်း အပိုင်ယူထားပြီး ပူပူနွေးနွေး ဘောင်းဘီချွတ်ထားတဲ့ တသွေးတသံတမိန့် ခေါင်းတော်ညိတ် ပုဆိန်ရိုး ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များ၊ နအဖ ကျောထောက်နောက်ခံပေးထားတဲ့ အခြားကိုယ်စားလှယ်များ၊ ပြီးတော့ မဆလခေတ်ဟောင်းက ဘောင်းဘီချွတ် ဗိုလ်ချုပ်ဟောင်းကြီးများ ပါဝင်တဲ့ တစည ကိုယ်စားလှယ်များ … စတဲ့ ကိုယ်စားလှယ်များကလည်း လွှတ်တော်ထဲမှာ အများစု လွှမ်းမိုးနေမှာဖြစ်ပါတယ်။ အရပ်ဘက် ဒီမိုကရေစီအင်အားစုပါတီများက ကိုယ်စားလှယ်များအနေနဲ့ကတော့ ခပ်ပါးပါးမျှသာ တွေ့နေရမှာပါ။

အဲဒီတော့ အာဏာဟာ ပြည်သူက ဆင်းသက်ရမယ်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ရွေးကောက်ပွဲဆိုတာထက် အာဏာဟာ တပ်မတော်က ဆင်းသက်ရမယ်ဆိုတဲ့ အာဏာရှင် ရွေးကောက်ပွဲသာ ထွက်ပေါ်လာပါလိမ့်မယ်။ ရွေးကောက်ပွဲရဲ့ အခြေခံအဓိက ရည်ရွယ်ချက်မှာကိုက လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှုဆိုတာတွေ မရှိဘဲကို။ ကြံ့ဖွံ့ပါတီတဖွဲ့တည်းသာ ချွန်ပြီး မြန်မာပြည်အနှံ့ တောရောမြို့ပါမကျန် ခရီးဆန့်ပြီး၊ အာဏာအင်အား၊ ဓနအင်အား၊ လူအင်အားတွေနဲ့ တဖက်သတ် လွတ်လပ်စွာ စည်းရုံးရေးဆင်းနေတာတွေကိုသာ နအဖသတင်းစာတွေထဲမှာ နေ့စဉ်တွေမြင်နေရပါတယ်။

လမ်းတွေ ဖောက်ပြမလား၊ တံတားတွေ ဆောက်ပြမလား၊ ဆေးရုံဆေးခန်းတွေ ဖွင့်ပြမလား၊ ကျေးလက်စာကြည့်တိုက်တွေ ဖွင့်ပြမလား၊ ကျန်းမာရေး အခမဲ့ ကုသပေးမလား၊ ငွေထုတ်ချေးမလား၊ နိုင်ငံပိုင်ငွေတွေနဲ့ ပြည်သူကို မျက်နှာလုပ် စည်းရုံးနေတာ ရှက်စရာကောင်းတဲ့အပြင် ဗိုလ်သန်းရွှေရဲ့ ငွေများမဲနိုင် ဒီမိုကရေစီပဲဖြစ်မယ်။ ပြီးတော့ ၀န်ကြီးချုပ်ရာထူး၊ ၀န်ကြီးရာထူးတွေက တဘက်၊ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌရာထူးနဲ့ အဖွဲ့ဝင်ရာထူးတွေကတဘက် နိုင်ငံတော်စရိတ်နဲ့ မြန်မာပြည်တနံတလျား ခရီးသွားအကြောင်းပြ ကြံ့ဖွံ့အနိုင်ရဖို့ စည်းရုံးရေးလုပ်နေတာကတော့ ရှက်စရာအပြင် သိက္ခာကော ရှိပါသေးရဲ့လား၊ လူကြီးလူကောင်းကော ပီသပါရဲ့လား။

ဗိုလ်သန်းရွှေကတော့ သူနှင့် ကြံဖော်ကြံဖက် မိုက်ဖော်မိုက်ဖက် အာဏာရှင်လူတစု မိသားစုဘ၀ လွတ်မြောက်ဖို့အတွက် ထွက်ပေါက်အဖြစ် သူတို့တတွေကို အကာအကွယ်ပေးနိုင်မယ့် ၂၀၀၈ အခြေခံဥပဒေ အတည်ပြုနိုင်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ဥပဒေနဲ့ ညီညွတ်သည်ဖြစ်စေ မညီညွတ်သည်ဖြစ်စေ ကြိမ်းသေအနိုင်ရအောင် ဆောင်ရွက်တော့မှာဖြစ်တယ်။

အာဏာလက်နက်အရှိန်အ၀ါနဲ့ အနိုင်ကျင့် မတရားရယူတဲ့ ‘နိုင်ပွဲ’ ဟာ ဘ၀မှာ ရေပွက်ပမာ ခဏသာခံမယ်၊ ကြာရှည်မခံဘူးဆိုတာ ဗိုလ်သန်းရွှေ နားလည်သင့်တယ်။ ဒီလို နိုင်ပွဲဟာလည်း မြန်မာ့အလယ်၊ ကမ္ဘာ့အလယ်မှာ မတင့်တယ် မထည်ဝါ ဂုဏ်သိက္ခာညှိုးစွာနဲ့ မြန်မာ့သမိုင်းကို စွန်းထင်းညစ်နွမ်းစေအောင် ကမ္ပည်းမော်ကွန်း အတင်ခံရမှာ အလွန်ပဲ ရှက်ဖွယ်လိလိ ဖြစ်ရပါလိမ့်မယ်။

ဒါ့ကြောင့် အနာဂတ်မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အစိုးရ ဘယ်တော့မှ မပေါ်ထွန်းရေးအတွက် ဒီနေ့ ဗိုလ်သန်းရွေရဲ့ ရွေးကောက်ပွဲကို အန်အယ်လ်ဒီရဲ့ဆောင်ပုဒ်အရ “မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာလို ကျွန်ုပ်တို့အားလုံး (ရွေးကောက်ပွဲဝင်ပါတီများနဲ့ ပြည်သူအားလုံးမကျန်) တညီတညွတ်တည်း မဲမပေးဘဲ သပိတ်မှောက်ဆန့်ကျင်ကြပါစို့ ဟူ၍သာ …။ ။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်များ ကမ္ဘာအေး ဘုရားလမ်းတွင် ပျံ့နှံ့

သင်းသဇင်ခိုင် | ရွေးကောက်ပွဲ ဆန့်ကျင်သည့် စာရွက်များကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းတွင် ဖြန့်ကျဲ ချထားသည်ကို တွေ့မြင်ခဲ့ရသည်ဟု မျက်မြင် အမျိုးသမီး တဦးက ပြောသည်။


သူမက “ ကျွန်မတွေ့တာက အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ကမ္ဘာအေး ဘုရားရှေ့က ကမ္ဘာအေး ဘုရားလမ်းမှာတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်မလည်း တချို့စာရွက်တွေကို စိတ်ဝင်စားတဲ့ အတွက် ကောက်ယူလာခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါ စာရွက်များတွင် “ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသလို မဲမပေးဘဲ နေပိုင်ခွင့်လည်း ရှိသည်။ အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖေါက်ခြင်း ဖြစ်သည်။ (ဒေါ်အောင်ဆန်းစုကြည်)” ဟု ပါရှိပြီး တခြားစာရွက် နှစ်ရွက်တွင်လည်း အောက်ပါ အတိုင်း ရေးသားထားသည်ဟု သိရသည်။

“ မဲဆန္ဒရှင်ပြည်သူကသာ တိုင်းပြည်ရဲ့ အနာဂတ်ကို ပြဌာန်းပေးနိုင်သည်။ မဲဆန္ဒရှင် ပြည်သူများ သတိရှိကြ။ လုပ်သင့်တာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြ။” ဟု ပါရှိပြီး တခြားတရွက်တွင်လည်း “ အာဏာရှင် ချယ်လှယ်သော ရွေးကောက်ပွဲ အလိုမရှိ။ ပြည်သူတိုင်း လုံးဝ မဲမပေးပါနှင့်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော ဒီမိုကရေစီ အရေး အမြန်ဆုံး ဖေါ်ဆောင်ပေး။ အမျိုးသားရေး အသိဖြင့် ဆက်လက် ဖြန့်ဝေပေးပါ။” ဟု ပါရှိကြောင်း သိရသည်။

“ ဘယ်အဖွဲ့ဖြန့်တယ်ဆိုတာတော့ အဖွဲ့ရဲ့ နာမည် မပါတော့ မသိဘူးလေ။ ရွေးကောက်ပွဲကို မကြိုက်တဲ့ သူတွေက လုပ်တာ ဖြစ်နိုင်ပါတယ်။ ကျွန်မ အထင်တော့ ခုလို စာရွက်တွေ လမ်းပေါ်မှာ ၃၀၀ လောက်ရှိမယ် ထင်တယ်။ ပြန့်ကြဲနေပါတယ်” ဟု သူမက ပြောသည်။

အဆိုပါ စာရွက်များကို ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ) က ပြုလုပ်ခြင်း ဖြစ်ကြောင်း အများထင်မြင် ယူဆနေကြသည်။

အဆိုပါ အဖွဲ့သည် အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ နေ့များက ၂၀၁၀ ရွေးကောက်ပွဲ၌ မဲမပေးရေး လှုပ်ရှားမှု တစ်ရပ်ကို ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၂၀ မြို့နယ်တို့တွင် အခြေပြု လှုပ်ရှား ခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါ ဗဒတ တပ်ပေါင်းစုသည် ပို့စကဒ်ပေါင်း တစ်သောင်း ခြောက်ထောင်ကို လူနေအိမ် တိုက်ခန်းများ၊ လူစည်ကားရာ လမ်းမများ၊ ရုပ်ရှင်ရုံများ၊ လက်ဖက်ရည်ဆိုင်များ၊ ဓါတ်တိုင်များနှင့် တိုက်နံရံများတွင် လိုက်လံ၍ ကပ်ခြင်း၊ ဖြန့်ကျဲခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

ဗဒတ တပ်ပေါင်းစုတွင် သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ ရွှေဝါရောင် မျိုးဆက်အဖွဲ့၊ New Generation၊ မြေလတ်ကျောင်းသားများ အဖွဲ့ နှင့် ရန်ကုန်တိုင်း အတွင်းရှိ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားနေကြသည့် ကျောင်းသားလူငယ်ပေါင်း ၂၀၀ ကျော် ပါဝင်ပြီး ၂၂ကြိမ်မြောက် ၈လေးလုံး နှစ်ပတ်လည်နေ့ဖြစ်သည့် ၈ ရက် ၈လ ၂၀၁၀ တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

source by : http://www.narinjara.com

အပြည့်အစုံ ဖတ်ရန် ...

အန်အယ်လ်ဒီကို တန်ပြန်သည့် I Vote လှုပ်ရှားမှု ရန်ကုန်၌ စတင်

ဝီရ|မဲသွားမပေးရေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)၏ လှုပ်ရှားမှု ကန်ပိန်းကို တန်ပြန် တိုက်ခိုက်ရန် ရည်ရွယ်ထားသည့် I Vote (မဲပေးမည်) လှုပ်ရှားမှု တရပ် ရန်ကုန်မြို့တွင် ယနေ့ စတင်ကြောင်း သိရသည်။

ဗဟန်းမြို့နယ်မှ အစိုးရ ဝန်ထမ်းတဦးက “ဒီမနက် တာမွေအဝိုင်းမှတ်တိုင်မှာ ကားကနေ ဆင်းပြီး လူငယ် ယောင်္ကျားလေး၊ မိန်းကလေးတွေ အုပ်လိုက် လမ်းဖြတ်ကူးသွားပြီး အဝိုင်းမီးပွိုင့်အထိ ဖြတ်လျှောက်သွားတာ တွေ့လိုက်တယ်။ ဟိုဘက်ရောက်တော့ လူစုခွဲလိုက်ကြတယ်။ ဝတ်စုံတူတွေဆိုတော့ လူတွေ သတိထားကြည့်လိုက်တော့မှ အိုင်ဗို့ (I Vote) စာတမ်းပါတဲ့ အဖြူရောင် အင်္ကျီတွေမှန်း သိတာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ရန်ကုန်မြို့တွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ဦးဆောင်၍ လုပ်ဆောင်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေး၍ ရန်ကုန်ပြည်သူတို့အကြား ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေကြောင်း ပြည်တွင်းဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

၎င်းက “ဒါက ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေက လုပ်တာလည်း ဖြစ်နိုင်တာပဲလေ။ ဒီလှုပ်ရှားမှုက အာဏာပိုင်တွေကို ဆန့်ကျင်တာ မဟုတ်တော့ ကြောက်စရာလည်း မလိုဘူး။ အာဏာပိုင်တွေတောင် အားပေးချင် အားပေးဦးမယ်လေ” ဟု ရှင်းပြသည်။

“အသက် (၁၈) နှစ် ပြည့်ပြီးသော လူငယ်များ မိမိတို့လာမည့် ရွေးကောက်ပွဲတွင် မဲပေးမည် ဖြစ်ကြောင်း စာတမ်းထိုးထားသော တီရှပ်များ ဝတ်ဆင်၍ ရန်ကုန်မြို့လယ်တွင် သွားလာနေကြစဉ်” ဟူ၍ စစ်အစိုးရပိုင် ကြေးမုံသတင်းစာ၏ ဝဘ်ဆိုက်တွင် လှုပ်ရှားမှု ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ထိုလှုပ်ရှားမှုသည် စစ်အစိုးရ၏ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းဖြစ်သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်လူငယ်များက လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ပြည်တွင်းရှိ ဝါရင့်နိုင်ငံရေးသမားတဦးက ထင်မြင်ချက်ပေးသည်။

၎င်းက “ရန်ပုံငွေ တောင့်တင်းတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ကြံ့ဖွံ့ တပါတီပဲ ရှိတယ်လေ။ ဒီကန်ပိန်းက အန်အယ်လ်ဒီရဲ့ မဲမပေးရေး ကန်ပိန်းကို တန်ပြန်တာဆိုတော့ အဲဒီကြံ့ဖွံ့ လူငယ်တွေကလွဲရင် အခြားသော နိုင်ငံရေးပါတီတွေက လုပ်ဖို့ ငွေအား၊ လူအား၊ အချိန် ရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။

ယခု ဖြစ်ပွားခဲ့သည့် လှုပ်ရှားမှုသည် မဲရုံသို့ မသွားဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အန်အယ်လ်ဒီ ခေါင်းဆောင်တို့က နယ်အသီးသီးသို့ စည်းရုံးရေးဆင်းနေချိန်နှင့်လည်း တိုက်ဆိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမားတို့က ဆိုသည်။

ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို အတင်းပေးခိုင်း၍မရကြောင်း၊ ပြည်သူတယောက်သည် မဲမပေးလိုပါက မဲမပေးဘဲ နေနိုင်ကြောင်း ရေးသားထားသည့် စာများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါသည့် လက်ကမ်းကြော်ငြာစာများလည်း အောက်တိုဘာ လဆန်းပိုင်းမှစ၍ ရန်ကုန်တွင် ဖြန့်ဝေခဲ့သည်။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Monday, October 18, 2010

ပြည်ပကလာမယ့် သတင်းသမားတွေနဲ့ လေ့လာသူတွေ မြန်မာရွေးကောက်ပွဲမှာ လက်မခံ

VOA | လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပတော့မယ့် မြန်မာ့ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေကို လာရောက် လေ့လာခွင့်နဲ့ နိုင်ငံတကာ သတင်းထောက်တွေ လာရောက် သတင်းယူခွင့်ပြုမှာ မဟုတ်ဘူးလို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး။ အောက်တိုဘာ ၁၈၊ ၂၀၁၀။AP

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံတကာ သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ရှိနေတဲ့အတွက် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ပြည်တွင်း သတင်းအယ်ဒီတာ တဦးက အခုလို ပြောပါတယ်။

“Observer အနေနဲ့ မလုပ်ပါနဲ့တဲ့၊ မရပါဘူးတဲ့။ ဒါမျိုးပြောတာပါ။”

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြား သတင်းဌာန ၁၇ ခုလောက် ရှိနေပြီး ဒီသတင်းဌာနတွေမှာ မြန်မာနိုင်ငံသား သတင်းထောက်တွေ အများစု ပါဝင် အလုပ်လုပ်နေကြပါတယ်။ ဒါကြောင့် ပြည်ပက သတင်းထောက်တွေကို ဖိတ်ကြားဖို့ မလိုဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

ပဲရစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က အာရှရေးရာ တာဝန်ခံ ဗင်းဆင့် ဘရော့ဇဲလ်က အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲ တခုမှာ ရှိရမယ့် အနေအထား တခုကို စစ်အစိုးရက နောက်ထပ် ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ အစိုးရက ပြည်တွင်းမီဒီယာတွေ အားလုံးကို ထိန်းချုပ်ထားတယ်။ နိုင်ငံခြားသား သတင်းထောက်တွေကိုလည်း သတင်းယူဖို့ နိုင်ငံတွင်း ၀င်ရောက်ခွင့် မပြုဘူးဆိုတော့ ဒီရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ တာဝန်ခံမှုရှိဖို့ ဆိုတာလည်း လုံးဝ မရှိတော့ပါဘူး။”

ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်လောင်း ၃,၁၅၃ ဦး၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၂ ဦးက အမတ်နေရာ ၁,၁၅၈ နေရာကို ၀င်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။ လွှတ်တော် မဲဆန္ဒနယ် ၅၄ ခုမှာတော့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တဦးစီသာ ရှိတဲ့အတွက် သူတို့က လွှတ်တော်အမတ်အဖြစ် အရွေးခံရမှာ သေချာပါတယ်။ ဒါကြောင့် ဒီဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ မလိုတော့ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေက ရွေးကောက်ပွဲတခု တရားမျှတမှု ရှိမရှိ စောင့်ကြည့်ရတာ ဖြစ်တယ်လို့ နိုင်ငံတကာ ရွေးကောက်ပွဲတွေမှာ လေ့လာစောင့်ကြည့်သူ ဖြစ်ပြီး မြန်မာ့ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်နေသူ ဦးခင်မောင်ရွှေက အခုလို ပြောပါတယ်။

“အဓိကကတော့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်တဲ့သူတွေ အနေနဲ့ဆိုရင် ကျနော်တို့ ဘာလုပ်လဲဆိုတော့ ပုံမှန်အားဖြင့် ရွေးကောက်ပွဲက ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုတဲ့ဟာမျိုး၊ ရွေးကောက်ပွဲ မတိုင်ခင်ရော၊ ရွေးကောက်ပွဲ အတွင်းရော၊ ရွေးကောက်ပွဲ ပြီးတဲ့နောက်ရော သူတို့ လေ့လာ သုံးသပ်ပါတယ်။ သတင်းအချက်အလက်တွေ စုဆောင်းပါတယ်။ သတင်း အချက်အလက်တွေက Source ခိုင်ခိုင်လုံလုံနဲ့ ယုံကြည် စိတ်ချရတဲ့ သတင်းရပ်ကွက်က လာတဲ့ဟာတွေ၊ သူတို့ကိုယ်တိုင် သွားပြီးတော့ အင်တာဗျူးထားတဲ့ဟာတွေ၊ ပြည်သူလူထု ကြားမှာရော၊ ရွေးကောက်ပွဲ ကော်မရှင်ရော၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကြားမှာရော၊ အစရှိသဖြင့် အဲဒါမျိုးတွေမှာ သူတို့ သတင်းအချက်အလက် တိကျ ခိုင်လုံအောင် စုဆောင်းတယ်။

“စုဆောင်းပြီးရင် နိုင်ငံတကာ ဥပဒေသနဲ့ ညီရေး၊ မညီရေးဆိုပြီး ပြန်ပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရတယ်။ သုံးသပ်ပြီးရင် တခါပြန်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒီဥစ္စာတွေကတော့ မဖြစ်သင့်ဘူး၊ နောက်နောင် ဖြစ်လာမယ့် ရွေးကောက်ပွဲတွေဆိုရင် ဒီဥစ္စာကတော့ ဒီလိုမျိုး ပြင်ဆင်သင့်တယ်ဆိုတဲ့ ထောက်ခံ အကြံပြုချက်တွေ ပေးရတယ်ပေါ့။ ဒါ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေရဲ့ တာဝန်။”

ပြီးခဲ့တဲ့အပတ်က ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က မြန်မာနိုင်ငံကို တရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အတွက် အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မြန်မာစစ်အစိုးရက လက်မခံခဲ့ပါဘူး။

နားဆင်ရန်

Photobucket

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

မြေသြဇာအဖွဲ့ မန္တလေး လှုပ်ရှားမှု ဓါတ်ပုံများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
2010 ရွေးကောက်ပွဲ အလိုမရှိ၊ ဖျက်သိမ်းပစ်၊ နအဖ ပြုလုပ်သည့် ၂၀၁၀ ရွေးကောက်ပွဲ ဖျက်သိမ်းပေး ဆိုတဲ့ စာသားများ မန္တလေးမှာ ဖြန့် -


လူထု တရပ်လုံးအတွက် စတေးခံ

အကောင်းဆုံး မြေသြဇာအဖွဲ့

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ ကြားနာ

ဝီရ| နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပြစ်ဒဏ်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံဝင်မှုကို ရန်ကုန်တိုင်း တရားရုံးချုပ်၌ ယနေ့ ကြားနာခဲ့ရာတွင် အယူခံအတွက် ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ဒီနေ့ ပြစ်ဒဏ် ချမှတ်တာကို ပြင်ဆင်ပေးဖို့ ကျနော်တို့ဘက်က အယူခံ တင်ပြတာကို ကြားနာဖြစ်တယ်။ ဒီတင်ပြခဲ့တဲ့အပေါ် ကျနော်တို့ဘက်က ကျေနပ်မှု ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ဆက်လက် ကြားနာဖို့အတွက် တရားရုံးချုပ်ဆီက ဒီနေ့ တခါတည်း ဆုံးဖြတ်တာ မရှိသေးတော့ နောက်တပတ် မဟုတ်ရင် နှစ်ပတ်အတွင်း ပြန်ကြားနာမယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ယနေ့ နံနက် (၁၀) နာရီခန့်က နှစ်ဖက်ကြားနာရာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးကြည်ဝင်းကလည်းကောင်း၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမတို့ (၂) ဦးအတွက် ဒေါ်ခင်ဌေးကြွယ်ကလည်းကောင်း အသီးသီး လျှောက်လဲချက် ပေးခဲ့ကြပြီး စစ်အစိုးရဘက်က ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး (၁) ဦး လာရောက်ကြားနာခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်ရက်မတိုင်ခင် ဒီအမှုကို အပြီးသတ် ကြားနာပြီး ဆုံးဖြတ်ရမယ့်ကိစ္စပါ။ ဒါကြောင့် အမြန်ဆုံး ပြန်ကြားနာသွားနိုင်ဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံထားပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

“၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူတာဟာ အစကတည်းက ဥပဒေနဲ့ မညီပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဥပဒေက ရပ်ဆိုင်းသွားပါပြီ။ ဒါကြောင့် အသက်မဝင်တော့တဲ့ အဲဒီဥပဒေအတိုင်း အပြစ်ပေးတာ မမှန်ဘူးဆိုတာ ကျနော်တို့ဘက်က လျှောက်လဲထားတာ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအပေါ် အယူခံဝင်ခဲ့ရာတွင် ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့်နောက် ပြီးခဲ့သည့် မေလမှစ၍ ဗဟိုတရားရုံးချုပ်သို့ အကြိမ်ကြိမ် တင်သွင်းလျှောက်ထားခဲ့ရာမှ ယနေ့ ကြားနာမှုသည် ပထမဆုံးအကြိမ် ဖြစ်သည်။

source by :NEJ

အပြည့်အစုံ ဖတ်ရန် ...