Tuesday, May 19, 2009

မေလ (၁၉) ရက် အင်းစိန်ထောင်အနီး မြင်ကွင်းများ

မေလ (၁၉) ရက် အင်းစိန်ထောင်အနီး မြင်ကွင်းများ




ပေးပို့ခြင်း ။ ။ Generation Wave

အပြည့်အစုံ ဖတ်ရန် ...

Monday, May 18, 2009

အင်းစိန်ထောင်ရှေ့ ငြိမ်းချမ်းစွာ ဆန္ဒပြ

NEJ / ၁၈ မေ ၂၀၀၉


နေအိမ် အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲဆိုသည့်အပေါ် ၎င်းကိုထောက်ခံသူများက အင်းစိန်ထောင်ရှေ့ သွားရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြ ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

မျက်မြင်တဦးက “ကျနော် အင်းစိန်ထောင်ဘက်ကို သွားခဲ့တယ်။ ဒီနေ့ နေ့လယ် (၁၂း၃ဝ) ရောက်တယ်။ အင်းစိန် ပန်းခြံထိပ် ခုံးတံတား အတက်ကနေစပြီး လက်နက်ကိုင် လုံခြုံရေးတွေက လမ်းပိတ်ထားတယ်။ ကားတွေ မ၀င်ရဘူး။ ဘတ်စ်ကားတွေတင်မက သံရုံးကားတွေကိုတောင် ပေးမဝင်ဘူး။ မသင်္ကာတဲ့ လူတွေကို စစ်ဆေးတယ်။ နောက် ခုံးတံတား အဆင်းကစ အင်းစိန်ထောင်ဘူးဝ လမ်းတလျှောက်လုံး လုံခြုံရေးတွေ အများကြီးချထားတယ်၊ အရပ်ဝတ် ရဲလို့ ယူဆရသူတွေလည်း အများကြီးတွေ့ရတယ်။ နောက်ဆုံး အကာအရံ တားထားတဲ့ နေရာအနားမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ (၃ဝဝ- ၄ဝဝ) လောက် လမ်း ဘယ်ဘက်နံဘေး အရိပ်ထဲမှာ ထိုင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတာ တွေ့ရတယ်။ ကျနော်ရောက်တဲ့ အချိန်အထိတော့ လုံခြုံရေးတွေက အနှောင့်အယှက် ပေးတာ မတွေ့ရဘူး။ ဒါပေမယ့် ဆန္ဒပြသူတွေ ထိုင်နေတဲ့ မျက်နှာချင်းဆိုင် ဈေးအဆောက်အဦ အပေါ်ထပ်ကနေ အာဏာပိုင်တွေက ခိုင်းစေထားသူတွေလို့ ယူဆရသူတွေက ကတ္တူစက္ကူကာပြီး ဗွီဒီယိုကင်မရာနဲ့ ဆန္ဒပြသူတွေကို ရိုက်နေတာတော့ တွေ့ခဲ့ရတယ်” ဟု ပြောသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သူ မရမ်းကုန်းမြို့နယ်မှ အမည်မဖော်လိုသူတဦးက “ကျမက အန်အယ်လ်ဒီ ပါတီဝင် မဟုတ်ဘူး။ ဘယ်ပါတီဝင်မှလည်း မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုတဲ့သူ။ ရေဒီယို သတင်းတွေကနေတဆင့် နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖန်တီးပြီး နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုနဲ့ အင်းစိန်ထောင် ပရဝုဏ်ထဲ ပို့ထားတယ်။ ဒီနေ့ (၁၈) ရက်နေ့ ရုံးတင် စစ်ဆေးမယ်ဆိုတာ သိလို့လာပြီး ဆန္ဒပြတာပါ။ ကျမတောင်းဆိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ပဲ။ နဂို နေအိမ်အကျယ်ချုပ် (၆) နှစ် ချထားတာတောင် တရားဥပဒေနဲ့အညီ မဟုတ်ဘူး” ဟု ပြောသည်။

အင်းစိန်ထောင်ဘူးဝရှေ့ရှိ ပြည်သူများအတွင်း ဖဲကြိုးအနက်များ ဝေနေသော အန်အယ်လ်ဒီ ရွှေပြည်သာလူငယ် အဖွဲ့ဝင် ကိုထွေးသိန်းကို ယနေ့နံနက် (၁၀) နာရီ (၅၀) မိနစ်တွင် နအဖလုံခြုံရေးက ခေါ်ယူထိန်းသိမ်းလိုက်ပြီး ၎င်းနှင့် မရှေးမနှောင်းပင် ရွှေပြည်သာလူငယ်အဖွဲ့မှ ကိုဝင်းအောင်ကိုလည်း ပခုံးဖက်ခေါ်သွားကာ ဖမ်းဆီးလိုက်ကြောင်း မျက်မြင်တဦးက ပြောသည်။

(၁၂) နာရီ (၄၅) မိနစ်အချိန်အထိ အခြေအနေသည် အေးချမ်းငြိမ်သက်နေသော်လည်း အင်အားအပြည့်ဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လုံထိန်းကား (၄) စီးသည် ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အင်းစိန်ထောင်ရှိရာသို့ မောင်းနှင်သွားသည်ဟု သိရသည်။

လှည်းတန်းလမ်းဆုံတွင် နေထိုင်သူတဦးကမူ နေ့လယ် (၁) နာရီလောက်မှာ လှည်းတန်းကနေ အင်းစိန်ဘက်ကို လုံထိန်းကား နောက်ထပ် (၃) စီးခန့် အရှိန်ပြင်းပြင်း မောင်းပြီး ထွက်ခွာသွားသည်ကို တွေ့ရ၍ ဆန္ဒပြသူများရှိရာ အင်အားဖြည့်ရန် သွားခြင်းဖြစ်မည်ဟု ခန့်မှန်းရကြောင်း ပြောသည်။ နေ့လယ် (၁) နာရီအထိ ဆန္ဒပြသူများကို တစုံတရာ အကြမ်းဖက်နှိမ်နင်းခြင်း မရှိသေးပေ။

နေ့လယ်ပိုင်းတွင် ပြည်သူ (၁,၀၀၀) ခန့်သည် ထောင်ဘူးဝ ၀န်းကျင်၌ တိတ်ဆိတ်စွာ သတင်းကို စောင့်ဆိုင်းနေခဲ့ကြ သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ အင်းစိန်ထောင်တွင်း ရုံးတင်စစ်ဆေးနေမှုနှင့် ပတ်သက်၍ အစိုးရ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား အပါအဝင် ပြည်တွင်းမီဒီယာအားလုံးကို အမှောင်ချထားပြီး ရန်ကုန်မြို့တွင်း နေရာအတော် များများတွင်လည်း လုံခြုံရေးများ ချထားကြောင်း သိရသည်။

စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုကဲ့သို့ နေအိမ်အကျယ်ချုပ်မှ အင်းစိန်ထောင် ပရဝုဏ်အတွင်း ပြောင်းရွှေ့ ရုံးတင် တရားစွဲနေမှုနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးကလည်း ၎င်းတို့ အနေဖြင့် နိုင်ငံတကာ ဖိအားပေးမှုကို ပြင်းပြင်းထန်ထန် ခံနေရပြီဖြစ်ကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် ဘာမှ မတတ်နိုင်ကြောင်း၊ အထက်အမိန့်အရ ခိုင်းသမျှ လုပ်နေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မည်သို့ အမိန့်ပေး မည်ကို မသိရသေးကြောင်း စသဖြင့် ပြောသည်။

မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

လူထုတိုက်ပွဲ နည်းသဏ္ဍန်မျိုးစုံဖြင့် တုန့် ပြန်သွားမည်။

လူထုတိုက်ပွဲ နည်းသဏ္ဍန်မျိုးစုံဖြင့် တုန့်ပြန်သွားမည်။
Statement by ABMA 88G ABFSU

မှတ်ချက် ။ ။ http://www.niknayman-niknayman.co.cc မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, May 17, 2009

အော်ရီဂွန်ပြည်နယ် ဆန္ဒပြပွဲသတင်း

အော်ရီဂွန်ပြည်နယ် ဆန္ဒပြပွဲသတင်း






၂၀၀၉ ခုနှစ် မေလ ၁၇ ရက်နေ့ မနက်ခင်း ၁၀ နာရီမှစတင်၍ အော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့ Down Town တွင် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်သူ (၁၀၀) ခန့် လုပ်ကြံ ဖမ်းဆီးခံရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကိုမင်းကိုနိုင်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် ကြွေးကြော် သံများနှင့်အတူ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ဇိုမီးအမျိုးသားကွန်ဂရက် ( Zomi National Congress) ၊ Oregon Rohingyr Society USA ၊ Burma Action Committee ၊ ABSDF ရဲဘော်ဟောင်းများ၊ DPNS ပါတီဝင်များ၊ NLD ပါတီဝင်များ၊ ကရင်၊ ချင်း စသောတိုင်းရင်သားများ၊ မြန်မာ့အရေးစာနာသူ အမေရိကန်များ၊ မျိုးဆက်သစ်လူငယ်များနှင့် သက်ကြီးရွယ်အိုများပါမကျန် တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်မခြင်းအပတ်စဉ် နိုင်ငံတကာ မိသားစုများနှင့်အတူ ဆက်လက်၍ ဆန္ဒများကို ထုတ်ဖော်သွားကြမည်ဟု သိရှိရပါသည်။

ဤသတင်းများကို ထပ်ဆင့်ဖော်ပြလိုပါက အောက်ပါရဲဘော်များထံမှ ခွင့်ပြုချက်တောင်းဆိုပါရန် ပန်ကြားအပ်ပါ သည်။

ကိုအေသင် (ဖုန်း - ၅၀၃ ၂၃၅ ၃၆၆၃)

ကိုထွန်းထွန်း (ဖုန်း - ၅၀၃ ၃၃၄ ၉၉၉၇)

ကိုပံသု (ဖုန်း - ၅၀၃ ၄၃၂ ၃၄၅၀)

အော်ရီဂွန်ရောက် မြန်မာ့ဒီမိုကရေစီိအရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့

အပြည့်အစုံ ဖတ်ရန် ...

Saturday, May 16, 2009

Open Letter to the President of the United States of America for Free Aung San Suu Kyi

Open Letter to the President of the United States of America for Free Aung San Suu Kyi

အပြည့်အစုံ ဖတ်ရန် ...

Global Action for Burma: Free Aung San Suu Kyi

Global Action for Burma: Free Aung San Suu Kyi

On 6th of May, an American citizen was detained by Burmese military regime after secretly swimming across Inya Lake, Rangoon to gain access to the Nobel Laureate’s House. According to the official Burmese media, he was identified as 53-year old former military serviceman John William Yettaw of Falcon, Missouri, USA. On 13th of May, American diplomat was allowed to meet with him. Although his motives for the alleged lake exploits remain unclear, it caused the Nobel Peace Prize winner, Aung San Suu Kyi to serve jail terms under the anti-subversion laws.

Aung San Suu Kyi has spent most of the past 19 years detained in virtual isolation in her crumbing compound since the junta refused to recognize her party’s landslide victory in the country’s last election in 1990. Her last period of detention at her home expires at the end of May. This expiration of six years of house arrest, without trail or charge or even figleaf of legal respectability, was to have yanked away from the generals.

Now, due to the uninvited access to her compound by American citizen, the military generals no longer need to trouble themselves with legal niceties and it has given them a ready-made reason to imprison the most prominent political prisoner up for at least another five years. It would perfectly play into the hands of the junta if the United States of America and international community do not stand up with the People of Burma who have been oppressed by the junta for several years.

Therefore, we call upon the international community and overseas Burmese people around the world to the global action for Free Aung San Suu Kyi. Demonstrations and a number of activities will take place in different countries. We would like to encourage everyone to join with us to show solidarity and unity.

“Add your voice to a call for Free Aung San Suu Kyi”

Independence Campaign
Global Action for Burma
www.globalactionforburma.blogspot.com

www.gab-burma.weebly.com

Please contact the following persons for detailed information.

Mr. Myo Thein (UK), Tel: +44 208 493 9137, Email: myothein19@gmail.com
Mr. Yin Aye (USA) , Tel: + 1 301 905 7591, Email: yindbso@gmail.com
Mr. Ko Ko Aung (Japan), Tel: + 81 090 1506 2893, Email: kokoaung_dfbjp@yahoo.com
Mr. Kyaw Than (India), Tel: +91 9810601506, Email: absl_india88@yahoo.com
Mr. Yin Htwe (Thailand), Email: yinhtway@gmail.com
Mr. Si Thu (Canada), Email: oneloveoneburma@gmail.com
Ms. Khin Ma Ma Myo (Scotland), Tel: +44 1224 524 077, Email: khinmamamyo@gmail.com
Ms. Nang Thida Aye, Email: ntda.dwg@gmail.com
Mr Sai Myo Win, Tel: +66 835 823 490, Email: ida0072@gmail.com


(Independence campaign is a results-oriented coalition dedicated to Free Aung San Suu Kyi campaign to share information about the activities. Please kindly contact Mr. Sai Myo Win (ida0072@gmail.com) and Ms. Nang Thida Aye (ntda.dwg@gmail) for campaigns update and campaigns information if your country is not listed in the above list.)

အပြည့်အစုံ ဖတ်ရန် ...

ပြည်တွင်းပြည်ပနိုင်ငံရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာချက်

ပြည်တွင်းပြည်ပနိုင်ငံရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာချက်

Gab Burma (Dassk)

အပြည့်အစုံ ဖတ်ရန် ...