Friday, January 13, 2012

အကျဉ်းသားများ လွတ်မြောက်၊ နိုင်ငံရေး အကျဉ်းသား အများအပြား ပါဝင်(တိုက်ရိုက်တင်ဆက်မှု)

မဇ္ဈိမ သတင်းဌာန | သမ္မတ ဦးသိန်းစိန်မှ ကြာသပတေးနေ့ ကြေညာချက်အရ သောကြာနေ့တွင် အကျဉ်းသား ၆၅၁ ဦး လွှတ်ပေးလိုက်ရာ ၈၈ ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများစွာ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ပြန်လည်လွတ်မြောက်လာကြသည်ဟု နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအသင်း မြန်မာနိုင်ငံ၏ ကနဦး ရရှိထားသည့် စာရင်းများအရသိရသည်။

မဇ္ဈိမက ရရှိထားသည့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကနဦး စာရင်းကိုတင်ပြပေးလိုက်သည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးခွန်ထွန်းဦး၊ ကိုဌေးကြွယ်၊ ပဏ္ဍိတ်ထွန်း၊ အရှင်ဂမ္ဘီရ၊ မမီးမီး၊ မနီလာသိန်း၊ ကိုဉာဏ်လင်း၊ မသက်သက်အောင်၊ ကိုဇော်ဇော်မင်း၊ အံဖွယ်ကျော်၊ ဒေါက်တာတင်မင်းထွဋ်၊ မင်းဇေယျာ၊ ကိုမြအေး၊ ကိုဂျေမီ၊ ကိုမျိုးအောင်နိုင်၊ ကိုသန်းတင်၊ ကိုလှမျိုးနောင်၊ ကိုသက်ဇော်၊ ကိုပြုံးချို၊ ကိုဇော်သက်ထွေး၊ မစန္ဒာမင်း၊ ဦးညီပု တို့ဖြစ်ကြသည်။


ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် သားဖြစ်သူနှင့် အတူ တွေ့မြင်ရစဉ်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၃ နာရီ ၃၃ မိနစ်

khinnyunt4
khinnyunt3
  • နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် သားဖြစ်သူ ဒု-ဗိုလ်မှူးကြီးဟောင်း ရဲနိုင်ဝင်း တို့အား ရန်ကုန်မြို့ နဝဒေးလမ်းသွယ်ရှိ နေအိမ်တွင် ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)

စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၈ ဦး လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၈ မိနစ်

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၈ ဦး သောကြာနေ့က လွတ်မြောက်လာသည်။ အဆိုပါ ၈ ဦးမှာ အရှင်စန္ဒာသီရိ (ခ) ဦးဇင်းပုရစ်၊ ဒေါက်တာသက်လွင်၊ ကိုသန်းတင် (ခ) ကိုကြီးသန်း၊ ကိုပြည့်ဖြိုးလှိုင်၊ ကိုအောင်အောင်ကျော်၊ ကိုဇေယျာဦး၊ ကိုကျော်ဇင်ဝင်း၊ ကိုကျော်လင်းဦးတို့ ဖြစ်ကြောင်း သိရပါသည်။

ရွှေဘိုထောင်မှ ၈၈ ကျောင်းသားခေါင်းဆောင် မမီးမီးနှင့် ကိုသက်ဇော် လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၇ မိနစ်

အလားတူ ၈၈ ခေါင်းဆောင်များဖြစ်သည့် မမီးမီးနှင့် ကိုသက်ဇော်တို့မှာ ရွှေဘိုထောင်မှ လွတ်မြောက်လာပြီ
ဖြစ်ပြီး ယနေ့ညနေ ကားဖြင့် ရန်ကုန်သို့ ပြန်လာကြမည်ဟု မမီးမီးနှင့် ဖုန်းအဆက်သွယ်ရသူ သူ၏ ခင်ပွန်း ကိုလှမိုးက မဇ္ဈိမကို ပြောသည်။ ကသာထောင်မှ ၅ ဦး လွတ်မြောက်သည့်အထဲတွင် မလှလှဝင်းနှင့် ကိုအံဘွယ်ကျော်တို့ လည်းပါသည်ဟု သူက ဆိုသည်။

လွိုင်ကော်ထာင်မှ HRDP ဦးမြင့်အေး မလွတ်မြောက်သေး

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၆ မိနစ်

လွိုင်ကော်ထာင်မှ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကွန်ယက် HRDP မှ ဦးမြင့်အေးမှာမူ လွတ်မြောက်ခြင်း မရှိကြောင်း HRDP မှ ဦးမောင်မောင်လေးက မဇ္ဈိမကို ပြောသည်။

မြောင်းမြထောင်မှ အရှင်ဂမ္ဘီရ လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၃ မိနစ်

၂၀၀၇ ခု ရွှေဝါရောင် သံဃာ့ခေါင်းဆောင် ကိုယ်တော်တပါးဖြစ်သူ အရှင်ဂမ္ဘီရသည် မြောင်းမြထောင်မှ
သောကြာနေ့က လွတ်မြောက်လာပြီး ဖြစ်သည်။ ဦးဇင်းနှင့် ယနေ့မနက်က စကားပြောခဲ့ရသည့် မယ်တော်ဖြစ်သူ
ဒေါ်ရေး က ဦးဇင်းနှင့် တွေ့ဆုံရန် ညနေတွင် ရန်ကုန်သို့ ဆင်းမည်ဟု မဇ္ဈိမကို ပြောသည်။ မြောင်းမြမြို့ခံက ဦးဇင်းကို သိမ်ထပ်ပေးခဲ့သဖြင့် သင်္ကန်းဝတ်ဖြင့် ရန်ကုန်သို့ ကြွရောက်လာမည် ဖြစ်သည်။ မြောင်းမြထောင်မှ စုစုပေါင်း ၁၁ ဦး လွတ်မြောက်သော်လည်း အရှင်ဂမ္ဘီရ တပါးတည်းကို ရန်ကုန်သို့ သီးသန့် ပို့ဆောင်ပေးခြင်း
ဖြစ်သည်။ ရန်ကုန်သို့ ညနေပိုင်းတွင် ရောက်ရှိမည်။

အင်းစိန်ထောင်ရှေ့တွင် ကြိုဆိုနေသူများ

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၁ နာရီ ၅၁ မိနစ်

freeprison
  • နိုင်ငံတော် သမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာချက်အရ သောကြာနေ့တွင် လွတ်မြောက် လာသူများကို အင်းစိန်ထောင်ရှေ့တွင် ကြိုဆိုနေကြစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)
  • နိုင်ငံတဝှမ်း အကျဉ်းထောင်များမှ လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား အမြောက်အများ ပါဝင်သည်။
ရှင်ဆန္ဒာဓိက အင်းစိန်ထောင်မှ လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၁ နာရီ ၄၄ မိနစ်

freeprison1
  • ရှင်ဆန္ဒာဓိက အင်းစိန်ထောင်မှ ပြန်လွတ်လာစဉ်။ (ဓါတ္ပံု - မဇၹ်ိမ)
တောင်ကြီးထောင်မှ ၈၈ မျိုးဆက်ကျောင်းသားများလည်း လွတ်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၁ နာရီ ၁၁ မိနစ်

တောင်ကြီးထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်မြောက်လာရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များ ဖြစ်ကြသည့် ကိုဂျင်မီ၊ ကိုမြအေး၊ ကိုကျော်ကိုကို၊ ကိုရာဟု တို့အပါအဝင် လူ့အခွင့်အရေးအဖွဲ့ HRDP အဖွဲ့မှ ဦးမောင်ကန်တို့လည်း လွတ်မြောက်လာသည်ဟု ရှမ်းပြည်နယ် NLD ၏ နိုင်ငံရေးအကျဉ်းသားများ ကူညီမှုအဖွဲ့မှ
ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် လွတ်လာသူ ၃၃ ဦးထဲတွင် ဗိုလ်ချုပ်ခင်ညွန့်၏ ထောက်လှမ်းရေးတပ်မှ ၃ ဦး ပါဝင်ပြီး အရှင်ဂမ္ဘီရ ၏ အစ်ကို ကိုအောင်ကျော်ကျော်လည်း လွတ်မြောက်လာသည်ဟု သိရသည်။

လွတ်မြောက်လာသူများအတွက် ရှမ်းပြည်နယ် NLD မှ ကူညီနေသည်ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။

“ သူတို့နေဖို့ ထိုင်ဖို့ အိမ်က လာမကြိုနိုင်တဲ့လူတွေအတွက် ကျမတို့ ရှမ်းပြည်နယ် NLD က စီစဉ်နေပါတယ်” ဟု ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။

ကော့သောင်းထောင်မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုပြုံးချို လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၄၀ မိနစ်

ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုသည် ကော့သောင်းထောင်မှ လွတ်မြောက်လာပြီး သောကြာနေ့ မနက် ၁၁ နာရီတွင် ကော့သောင်းလေဆိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးဝင်းမောင်က မဇ္ဈိမကို
ပြောသည်။ မွန်းလွဲ ၂ နာရီတွင် ကော့သောင်းမှ ထွက်ခွာမည်ဖြစ်ပြီး ညနေပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်မည်ဟု ခန့်မှန်းသည်။ သူနှင့်အတူ မည်သူများ လွတ်မြောက်သည်ကိုမူ မသိရသေးပါ။

ဘူးသီးတောင်ထောင်မှလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၃၅ မိနစ်

ဘူးသီးတောင်ထောင်မှ ကိုဌေးကြွယ်၊ ကိုစည်သူမောင်၊ ကိုအောင်ဇော်ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးလွတ်မြောက်လာပြီဖြစ်ကာ စစ်တွေမြို့သို့ ရောက်ရှိနေပြီဖြစ်သည်ဟု ကိုဌေးကြွယ်၏ ညီမဖြစ်သူ မမိမိကြွယ်က မဇ္ဈိမကို ပြောသည်။ ကိုဌေးကြွယ်မှာ သောကြာနေ့ ညနေပိုင်းတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

ယင်းအပြင် ဘူးသီးတောင်ထောင်မှ စုစုပေါင်း ၃၁ ဦး လွတ်မြောက်လာရာ ကျန် ၂၁ ဦး၌ ဗိုလ်ချုပ်ခင်ညွန့်၏
ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များနှင့် အကောက်အခွန် အရာရှိများ ပါဝင်သည်ဟု ဆိုသည်။ ဗိုလ်ချုပ်ခင်ညွန့်တပ်မှ ဗိုလ်မှူးကြီး မောင်မောင်သန်းမှာမူ လွတ်မြောက်လာခြင်း မရှိဟု သိရသည်။

ဦးခွန်ထွန်းဦး မှာ တောင်ငူထောင်မှ ပြန်လည် လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၃၂ မိနစ်

ဦးခွန်ထွန်းဦး မှာ တောင်ငူထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီး ယခု တောင်ငူမှ ရှမ်းပြည်နယ်သို့ အပြန် လမ်းပေါ်တနေရာတွင် ရောက်ရှိနေပြီ ဖြစ်သည်။

ယင်းအပြင် ဘလော့ဂါဟု လူသိများသည့် နေဘုန်းလတ်မှာ ဘားအံထောင်မှ လွတ်မြောက်လာပြီဟု ဖခင်ဖြစ်သူ က မဇ္ဈိမကို ပြောသည်။

၈၈ မျိုးဆက် ကျောင်းသူတဦးဖြစ်သူ မနီလာသိန်းမှာ သာယာဝတီထောင်မှ ပြန်လည် လွတ်မြောက်လာပြီဟု လည်း ယောင်းမဖြစ်သူ မသန္တာက မဇ္ဈိမကို ပြောသည်။

ကိုဇော်သက်ထွေးမှာလည်း တောင်ကြီးထောင်မှ ပြန်လည် လွတ်မြောက်လာပြီဟု စုံစမ်းသိရသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမှာ မိုင်းဆတ်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး အစိုးရမှ စီစဉ်ပေး သည့် လေယာဉ်ဖြင့် နေ့လည် ၂ နာရီတွင် ရန်ကုန်သို့ ရောက်မည်ဖြစ်သည်ဟု ညီဖြစ်သူ ကိုအောင်ထွန်းက မဇ္ဈိမကို ပြောသည်။ ယင်းလေယာဉ်သည် ကျိုင်းတုံထောင်မှ လွတ်မြောက်လာမည့် အကျဉ်းသားများကိုလည်း ဝင်ခေါ်မည်ဟု ကိုအောင်ထွန်းက ဆက်ပြောသည်။

လားရှိုးထောင်မှ နိုင်ငံရေးအကျဉ်းသားများ ဖြစ်သည့် ဗကသ ကျောင်းသူ မဟန်နီဦး၊ ငွေစိုးလင်း၊ မဂ္ဂင်ဆရာတော်၊ မြင်းခြံဆရာတော် ဦးနန္ဒဝံသ၊ ကိုမင်းဟန်၊ ကိုမြင့်နိုင်၊ ဇာနည်အောင်၊ ဉာဏ်လင်းထွဋ်၊ ကိုမင်းဇေယျာ တို့ပြန်လည် လွတ်မြောက်လာကြကြောင်း မဂ္ဂင်ဆရာတော်က မဇ္ဈိမကို အမိန့်ရှိသည်။

ဦးခင်ညွန့် လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၃၁ မိနစ်

khinnyunt
khinnyunt1
  • ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် အင်းစိန်ထောင်မှ ယနေ့
    လွတ်မြောက် လာစဉ် (ဓါတ်ပုံ။ မဇ္ဈိမ)။
  • လွတ်မြောက်လာပြီးနောက် သတင်းထောက်များကို
    ပြောကြားရာတွင် သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းပြောသည်။


source by : http://www.mizzimaburmese.com