Wednesday, January 25, 2012

အကျဉ်းထောင်မှ လွတ်မြောက်ပြီး ၉ ရက်အကြာတွင် ကွယ်လွန်ခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ် (ခ) ကိုငြိမ်းလူ၏ ဈာပန(ရုပ်/သံ)



၂၀၀၂ ခုနှစ်က ဗုံးဖောက်ခွဲမှုခေါင်းစဉ်တပ်ပြီး တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကိုသက်နွယ် (ခ) ကိုငြိမ်းလူ ဟာ ထောက်လှမ်းရေး ၂၆ ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ စစ်ကြောရေးကြောင့် ဦးနှောက် အာရုံကြော ရောဂါရရှိခဲ့ပြီး အင်းစိန်ထောင်တွင်း အဆုတ်ထဲရေဝင်တဲ့ရောဂါ၊ အသည်းရောဂါ စတဲ့ ရောဂါမျိုးစုံနဲ့ ဇန်နဝါရီလ ၁၃ ရက် လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ၉ ရက်အကြာ ဇန်နဝါရီလ ၂၂ ရက်နေ့က ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါတယ်။

ကိုသက်နွယ်ရဲ့ ကျန်ရစ်တဲ့ရုပ်ကလာပ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က ရေဝေးသုဿန်မှာ ပို့ဆောင် မီးသဂြိုလ်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဗကသ ကျောင်းသား ခေါင်းဆောင်တွေ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တွေက ဈာပန အခမ်းအနားကို လာရောက်ခဲ့ကြပြီး နောက်ဆုံး ဂါရဝပြု နှုတ်ဆက် ခဲ့ကြပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia