Thursday, October 20, 2011

ရေဘေးအန္တရာယ်စိုးရိမ်နေရတဲ့ ဘန်ကောက်မြို့တော်

ဗုဒ္ဓဟူးနေ့က ယာယီနေထိုင်စရာနေရာ၂ခုကို ရွှေ့ပြောင်းဖို့ ဆိုင်မိုင် ခရိုင်၊ ခလုန်ဟော့ဝ တူးမြောင်းတလျှောက်မှာရှိတဲ့ ဘန်ကောက်ရဲ့ ရေကာတာတံတိုင်းတွေအပြင်ဖက်မှာနေတဲ့ အိမ်ထောင်စု ၂၀၀ ကျော်ကို မြို့တော်ခန်းမက အကြံပြုလိုက်တယ်။

ဗုဒ္ဓဟူးနေ့မှာ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူး ဆူခွန်ဟမ်းက ဒုတိယအကြိမ် သတိပေကြေညာချက် ထုတ်လိုက်ပါတယ်။ ဆိုင်မိုင်ခရိုင်က ဆိုင်မိုင် နဲ့ ရစ်တီယ၀ဏ္ဏလိုင် ကျောင်းတွေဟာ လူ၂ထောင် နေနိုင်ပါတယ်။ တူးမြောင်းတလျှောက်တည်ဆောက်ထားတဲ့ မီတာ ၂၀၀ လောက် ရှည်တဲ့ တမံကျိုးသွားပြီးနောက်မှာ ရေတွေဟာ မြို့ထဲကို ရောက် လာပြီး ပထုန်ဌာနီပြည်နယ်၊ ခလုန်ရာ့ဖီးဖတ်မှာ ရေတွေဟာ စိုးရိမ် ရတဲ့အမြင့်ကို ရောက်နေပါပြီ။

မြေသားတမံတွေ ပိုပို အက်လာနေတာ တွေ့ပြီးနောက်မှာ မြင့်တဲ့နေရာတွေကို ချက်ချင်း ပြောင်းရွှေ့နေကြဖို့ ခလုန်ရတ်ဖီဖတ်မှာ အခြေ စိုက်ထားတဲ့ စစ်သားတွေက တူးမြောင်းဘေးမှာနေတဲ့လူတွေကို ပြောပါ တယ်။ စစ်သားတွေက ဒီမြေသားအက် လာနေ တာကို ပြင်ဆင်ဖို့ ခက်တယ်ဆိုတာ တွေ့မြင်နေရတာကြောင့် ဒီဒေသက လူတွေကို အပြင်ကို သယ်ပို့ဖို့ ထရပ်ကားတွေ လွှတ်လိုက်ပါပြီ။


ဘန်ကောက်က ခရိုင် ၇ ခုဟာ ရေလွှမ်းမယ့် အန္တရာယ်ရှိတာကြောင့် အဲဒီမှာ နေတဲ့လူတွေဟာ မြင့်တဲ့နေရာတွေကို ရွှေ့နေသင့်တယ်လို့ တွစ်တာကတဆင့် ဘန်ကောက်အုပ်ချုပ်ရေးမှူးက သတိပေးထား ပါတယ်။

ဒီခရိုင်တွေကတော့ လတ်ခရာဘန်၊ နောင်ကျော၊ မင်ဘူရီ၊ ခလုန်ဆမ်ဝ၊ ကန်နာယောက်၊ ဆိုင်မိုင်နဲ့ ဘန်ခင် ခရိုင်တို့ ဖြစ်ပါ တယ်။ လျှံတက်လာတဲ့ ရေတွေက ခလုန်ရာ့ဖီဖတ်က ကျိုးသွားတဲ့ တမံကနေ ဒီဒေသတွေဆီကို ဦးတည်လာနေပါပြီလို့ အုပ်ချုပ်ရေးမှူး ကပြောပါတယ်။ ရေအမြင့်က ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးက ဆောက်လုပ်ထားတဲ့ ရေတားတံတိုင်းတွေထက် မြင့်တက်လာ နိုင်ပြီး ဒီခရိုင်တွေ ရေမြုပ်သွားနိုင်ပါတယ်။ ရေမြင့်တက်လာတာက ဖြေး ဖြေးပဲ ဖြစ်မှာမို့ ဒီသတိပေးချက်က ချက်ချင်း ရွှေ့ပြောင်းဖို့အချက် ပြတာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ဖို့ ၂၄ နာရီလောက် အချိန် ရှိပါတယ်။ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က ရေဘေးအန္တရာယ်အခြေအနေကို ၃ နာရီတကြိမ် ကြေညာပေးပါမယ်။


ရေဆက်ကြီးနေလို့ ၀ိဟာဝဒီလန်စစ်လမ်းမကြီးပေါ်မှာ ကားတွေ ပိတ်ဆို့ ညပ်သပ်ကုန်ပါတယ်။ ရေအမြင့်က စင်တီမီတာ ၂၀ လောက် ရှိပြီး၊ ရေစီးကြမ်းလို့ မော်တော်ကားသမားတွေအတွက် လမ်းတ လမ်းပဲ သွားစရာ ရှိပါတော့တယ်။ ကားတန်းကြီးက ပထုမ်ဌာနီက ဆီမမ်မောန်ဈေးကြီးက စပါတယ်လို့ ဒီကနေ့နေ့လည် သတင်းတွေ က ပြောပါတယ်။ ထမ္မာဆတ် တက္ကသိုလ်ရဲ့လန်စစ်ကျောင်းဝင်းဆီ ဦးတည်လာတဲ့ ၀ိဟာဝဒီ-လန်စစ်လမ်းမပေါ်က ရေအမြင့်ဟာ စင်တီ မီတာ ၅၀ ထိ တိုးလာတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ လမ်း ဘေးတွေမှာလည်း ရေတွေမြုပ်နေပြီး မော်တော်ယာဉ်တွေဟာ Zeer Rangsit အရောင်းစင်တာကနေ ဖဖိုယိုထင်လမ်းမဆီ အလျင်အမြန် တိုးဝှေ့မောင်းနေကြပါတယ်။

ဘန်ကောက်ရဲ့ အကြီးဆုံး ဖျူးချားပတ်ခ် လန်စစ် အရောင်းစင်တာကြီးကတော့ တံခါးတွေ ပိတ်ထားပြီး လမ်းတွေပေါ်မှာ ရေတွေပြည့်နေ လို့ မနက်ဖန် ကြာသပတေးနေ့အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ အခြေအ နေပေါ်မူတည်ပြီး ဆက်ပိတ် မပိတ်ကို ကြေညာ ပေးမယ်လို့ အရောင်းဆိုင်ဌာနကြီးရဲ့ လူထုဆက်ဆံရေးဌာနက ဒီနေ့ နေ့လည်မှာ ကြေညာပါတယ်။ ဒီအရောင်းစင်တာမှာ ရေဘေးဒုက္ခရောက်နေတဲ့ ဈေးဝယ်သူတွေအတွက် အောက်တိုဘာ ၃၁ ရက်နေ့အထိ ကားရပ်ခ ပေးစရာမလိုပါဘူး။


(The Mall) ကုန်တိုက်ကြီးနားက ဘစ်စီ (Big C)နဲ့ HomePro ကုန် တိုက်ကြီးတွေကတော့ ဖွင့်နေတုန်းပါ။ နွန်ထာဘူရီ အနီးအနားပြည် နယ်တွေမှာ ရေလွှမ်းမိုးမှုအခြေအနေဟာ စိုးရိမ်ရတဲ့အခြေအနေ ရောက်နေပါပြီ။ ခရိုင်အားလုံးကတော့ ရေမြုပ်နေပါပြီ။ ၆ ခရိုင်စလုံး ရေမြုပ်နေပါပြီ။ ဘန်းဘွားထုန်နဲ့ဖတ်ခရက်ခရိုင်တွေက အဆိုးပါလို့ နွန်ထာဘူရီ အုပ်ချုပ်ရေးမှူး ၀ိချီယန်ဖွတ်ထီဝင်ယုက ပြောပါတယ်။ အယုဒ္ဓယနဲ့ ပထုမ်ဌာနီကရေတွေဟာ မနေ့ကတည်းက နွန်ထာဘူရီ ထဲကို စီးဝင်လာနေတာ ဖြစ်ပါတယ်။ နိုင်ငံတော်ကနေ အကူအညီ တောင်းခံချင်တဲ့ ရေဘေးဒဏ်ခံရတဲ့သူတွေ အနေနဲ့ အရေးပေါ်လိုင်း ၁၁၃၁ ကို ဆက်သွယ်ဖို့ အုပ်ချုပ်ရေးမှူးက တောင်းဆိုထားပါတယ်။

ဒီဌာနက အချိန်တိုင်း တိုင်တန်းမှုတွေကို လက်ခံနေမှာ ဖြစ်ပါတယ်။ ရေဘေးဒုက္ခသည်တွေကို ကူညီရာမှာ အနှောက်အယှက်ဖြစ်မှာ စိုးတဲ့အတွက် ဖုန်းခေါ်သူတွေ အနေနဲ့ အရေးပေါ်လိုင်း ကို သတင်းမှားတွေမပေးဖို့။ ၀ိချီယန်က တောင်းဆိုထားပါတယ်။ ရေကြီးတာနဲ့ ပတ်သက်ပြီး အထိတ်တလန့်မလုပ်ဖို့ သူ က တောင်းဆိုထားပါတယ်။

အောက်တိုဘာ ၁၉၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

source by : http://www.naytthit.net