Thursday, March 3, 2011

ဂူဂဲလ် ဂြိုလ်တု မြန်မာနိုင်ငံ ၏ ဝေဟင် ပိုင်နက် အထက်တွင် ရောက်ရှိ

ဂျက်ဖရီ၊ ၊မြန်မာ နိုင်ငံ တွင် ပြည်သူ လူထု ၏ ဒီမိုကရေစီ နှင့် လွတ်လပ်မှု အတွက် လူထု အုံကြွ မှုများဖြစ်လာပါက အင်တာနက် ဆက်သွယ်မှု များ ပြတ်လပ် မှု မရှိရန် အတွက် အမေရိကန် အခြေစိုက်ဂူဂဲလ် အင်တာနက် ၀န်ဆောင်မှု ကုမ္ပဏီ မှာ ဂြိုလ် တု တစ်လုံးသည် အင်ဒိုနီးရှား နိုင်ငံ၏ကောင်းကင်ယံ မှာ မြန်မာ နိုင်ငံ တောင်ဘက် သို့ ရွှေ့ ထားပြီး ဖြစ်သည် ဟု FNG မှ သတင်း ရရှိသည်။မြန်မာ စစ်အစိုးရ က ၂၀၀၇ ခုနှစ် စက်တာဘာလ ရွှေဝါရောက် တော်လှန်ရေး ကာလအတွင်းကလို အင်တာနက် ဆက်သွယ်မှုများ ဖြတ်တောက်ခဲ့ပါက တွစ်တာ လူမှု မီဒီယာသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် နိုင်သည့် နည်းလမ်း တစ်ခု နှင့် IP Proxies များဖြင့် မြန်နှုန်း သိပ်မမြင့် သော အင်တာနက် ကို ကြည့် ရှု နိုင်ရန် စီစဉ် ထားသည် ဟု သိရ သည်။

ဂူဂဲလ် အင်တာနက် ကုမ္ပဏီ သည် လတ်တလောတွင် လူထု အုံကြွမှု ဖြစ်ရာဉ် အင်တာနက် ဖြတ်တောက် ခံထားရသည့် လစ်ဗျား နိုင်ငံ ကို ကူညီထားသည်။

အီဂျစ် နိုင်ငံတွင် လူထု အုံကြွမှု များ အတွင်း ဆန္ဒပြသူများ ကို ကူညီပေး ခဲ့သည့် ကိုင်ရိုမြို့ ကောင်းကင်ယံ မှ ဂြိုလ်တုကို ထရီပိုလီ မြို့ပေါ်သို့ ရွှေ့ယူထားခြင်း ဖြစ်သည်။

လစ်ဗျား နိုင်ငံ အရှေ့ဘက်ခြမ်းရှိ ဘန်ဂါဇီ မြို့မှာ တွင် ကဒါဖီ က အင်တာနက် ဖြတ်တောက်လိုက်သော် လည်း ဂူဂဲလ် ဂြိုလ်တုက အလျှင် အမြန် ကူညီနိုင်၍ ကဒါဖီ လက်အောက်မှာ ဘန်ဂါဇီ မြို့မှာ စောစီးစွာ လွတ်မြောက် ခဲ့သည်။

မြန်မာနိုင်ငံတွင် အင်တာနက် ဆက်သွယ်မှုများ ပြတ်တောက်သွားပါက ဂူဂဲလ်က မည်ကဲ့သို့ အသုံးပြု ရမည်ကို သတင်းထုတ်ပြန်မည် ဖြစ်သည်။

ယခင် က မြန်မာ နိုင်ငံ ၏ အကာသ တွင် ဂူဂဲလ် ဓာတ်ပုံ ရိုက်ကူးရေး ဂြိုလ်တုများရောက်ရှိ ခဲ့ဖူးပြီး ၊ ယခု ဂြိုလ်တု သည် ဂူဂဲလ် ၏ ဆက်သွယ်ရေး နည်းပညာ ဂြိုလ်တု ဖြစ်သည်။

Related Articles

http://longwalktofreedom.files.wordpress.com/2011/02/burma21.jpg?w=269&h=193

နေပြည်တော် ရှိ ကာကွယ်ရေး ၀န်ကြီးဌာ န ကို ဂူဂဲလ် ဂြိုလ် တု မှ ရိုက်ကူးထားသည် ကို ဤသို့တွေ့ ရသည်။

Ip Locator: Find Any Information for a Specific IP Address (crenk.com)

source by : http://freedomnewsgroup.com