Saturday, November 27, 2010

လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်က တောင်ကိုရီယားကို စွပ်စွဲ

VOA| မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားကျွန်းကို တိုက်ခိုက်တဲ့အချိန်မှာ တောင်ကိုရီးယားဘက်က အရပ်သားတွေကို လူသားဒိုင်းသဖွယ် အသုံးပြုခဲ့တယ်လို့ စနေနေ့မှာ မြောက်ကိုရီးယားက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ အရပ်သားတွေ သေဆုံးရမှုရှိခဲ့ရင် မြောက်ကိုရီးယားအနေနဲ့ သိပ်ကို ၀မ်းနည်းကျေကွဲပါကြောင်းနဲ့ ဒီလိုသေဆုံးရမှုတွေအတွက် တောင်ကိုရီးယားကိုသာ အပြစ်တင် သင့်တယ်လို့ မြောက်ကိုရီးယားအစိုးရရဲ့ ဗဟိုသတင်းဌာန Korea Central News က ပြောပါတယ်။

အင်္ဂါနေ့က တောင်ကိုရီးယားပိုင် ယောင်ဖြွန်းကျွန်းကို မြောက်ကိုရီးယားဘက်က ပစ်ခတ်ခဲ့တဲ့အတွက် တောင်ကိုရီးယား ရေတပ်သား ၂ ဦးနဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီးတဲ့နောက် ကိုရီးယားကျွန်းဆွယ်ဒေသမှာ တင်းမာမှုတွေနဲ့ အဆင့်မြင့် သတိပေးချက်တွေ ထုတ်ပြန်ထား ပါတယ်။ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်နားက စစ်ဆေးရုံမှာ သေဆုံးသွားခဲ့တဲ့ ရေတပ်သား ၂ ဦးအတွက် ဇာပန အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ဗိုလ်ချုပ်ကြီးတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ အရပ်သားတွေ ရာနဲ့ချီ တက်ရောက်ခဲ့ကြ ပါတယ်။ ဒီအခမ်းအနားမှာ ရေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Yoo Nak-Joon က အစတစ်ထောင် ပြန်ပြီးလက်စားချေမယ်လို့ ပြောဆိုခဲ့တာကို တောင်ကိုရီးယား ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။


source by : http://www.voanews.com