Tuesday, August 31, 2010

ပဲခူး ရေဘေး သေဆုံးသူ နှစ်ဦး နှင့် လေးဦး ပျောက်ဆုံးနေ

Updated : :ယနေ့ည ပဲခူးမြစ်ရေ ထပ်မံမြင့်တက်လာမှုကြောင့် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ ဘေးလွတ်ရာ ပြေးရ၊ ပဲခူး တစ်မြို့လုံး လျှပ်စစ်မီးများ ပြတ်တောက်။

ပဲခူးမြို့ရေကြီးမှုတွင်လူ ၆၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ယနေ့ည အထိ ထိုလူ ၆၀၀ အတွက် သက်ဆိုင်ရာ မည်သည့် အဖွဲ့ အစည်းကမျှ ထောက်ပံ့မှုများ မပြုသေးဟု သိရသည်။

ပဲခူးမြစ်ရေ တက်လာမှုကြောင့် ပဲခူးမြို့ ရေကြီးမှုတွင် အနည်းဆုံး နှစ်ဦး သေဆုံးပြီး လေးဦး ပျောက်ဆုံးသည်ဟု သတင်းရရှိသည်။ သေဆုံးသူ တစ်ဦးမှာ ဇိုင်းဂနိုင်းရပ်တွင် ယနေ့ မနက် ရေဖုံးနေသော ရေတွင်းထဲ ကျသေခြင်းဖြစ်ပြီး၊ ပျောက်ဆုံးနေသူများထဲမှ တစ်ဦးမှာ ပဲခူးမြို့အမှတ် ၅ ရဲစခန်းမှ နယ်ထိန်း တပ်ကြပ်ကြီး တစ်ဦးဖြစ်သည်။

source by : http://freedomnewsgroup.com