၂(က) ပထမ အသုတ် ပြုတ်/နား များ ထဲမှ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သာအေး ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့အား အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထားသည် ဟု သတင်း ရရှိသည် (မြန်မာ စံတော် ချိန် ညနေ ၃ နာရီ) အတည်မပြုနိုင်သေး။
၂(ခ) ပြုတ်/နား များ နှင့် ရွေးကောက် /ကျောခိုင်း (ဥပမာ – ဦးခင်မောင်ဆွေ) တို့မှာ စတုတ္ထ အင်အားစု အဖြစ် ပေါ်လာ နိုင်ဖွယ်ရှိ။
၁ (က) ပိတ်ထားသော ၀ဘ်ဆိုက်( အင်တာနက် စာမျက်နှာ)များ အားလုံး နီးပါး ပြန်ပွင့်နေ။
၁ (ခ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အား ကာကွယ်ရေး ဦးစီးချုပ် ရာထူး ပေးသောကြောင့် ဗိုလ်ချုပ်ကြီး သိန်းစိန် ၊ ဗိုလ်ချုပ် သာအေး အပါအ၀င် ပထမ အသုတ် ပြုတ်/နား များက မကျေနပ်။ (DSA အကွဲ အပြဲဖြစ်နိုင်)
- ၁။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်၏ မိုဘိုင်းဖုန်းသည် ဆက်သွယ်ခေါ် ယူ၍ မရတော့ဟု သတင်း ရရှိသည်။
- ၂။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သမက်ဖြစ်သူ ဦးတေဇ လည်း ပျောက်ဆုံးနေ။ ( လေယာဉ် ကွင်းများ တွင် လုံခြုံရေး တင်းကျပ်)
- ၃။ J-Donut (ရွှေဘုံသာလမ်း – အထက်) အပါအ၀င် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပိုင်ဆိုင်မှုများ တွင်လုံခြုံမှု မရှိ ဗုံးပေါက်မည်ဟု ကောလဟာလ ထွက်ပေါ်။
- ၄။ ပြည်ပ ငွေကြေး ပေါက် ဈေးများ အနည်းငယ် မြင့်တက်။ (အမေရိကန် 1 ဒေါ်လာ – မြန်မာကျပ်ငွေ 1020)
၂-(၁) ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် က သောကြာနေ့ ကတ်ဘိနက် အရေးပေါ် အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး ရာထူး လက်ခံ (အတည်ပြု မရသေး)ထပ်မံ ရရှိသည့် သတင်းများကို အချိန်နှင့် တပြေးညီ တင်ဆက်မည် ဖြစ်သည်။
source by : FREEDOM NEWS GROUP