VOA | ဗုံးပေါက်ကွဲမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မှာ အာဏာပိုင်တွေဘက်က သင်္ကြမဏ္ဍပ်တွေကို ရေပေးတာ စောပိတ်လိုက်သလို မိဘတွေလည်း စိုးရိမ်ပြီး သားသမီးတွေကို နောက်နေ့မှာ အပြင်ထွက် ရေမကစားဖို့ တားမြစ်နေကြပါတယ်။ အာဏာပိုင်တွေဘက် စည်းကမ်းသတ်မှတ်ချက်တွေ အများကြီး ထုတ်ပြန်ခဲ့တဲ့ ဒီနှစ်သင်္ကြန်ဟာ ဒီနှစ်ပိုင်းတွေအတွင်း အခြောက်ကပ်ဆုံး သင်္ကြန်တခုလို့လည်း ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။ မစုမြတ်မွန်က ဆက်ပြီး တင်ပြပါလိမ့်မယ်။
အပြည့်အစုံ နားဆင်ရန်

source by : http://www.voanews.com