Friday, June 12, 2009

ဒေါ်အောင်ဆန်းစုကြည်တရားခွင် ဇွန် ၂၆ ရက် ရုံးချိန်း

ဒေါ်အောင်ဆန်းစုကြည်တရားခွင် ဇွန် ၂၆ ရက် ရုံးချိန်း

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 12 2009 15:16 - မြန်မာစံတော်ချိန်

(မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို အင်းစိန်ထောင်တွင်း ယနေ့ဆက်လက်ပြုလုပ်သော်လည်း ဇွန်လ ၂၆ ရက်နေ့ကိုသာ ရုံးချိန်းပေးပြီး အဆုံးသတ်လိုက်သည်။

ထောင်တွင်း အထူးတရားရုံး၌ ပြုလုပ်သည့် တရားခွင်သို့ တရားဆိုင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေတဦးဖြစ်သူ ဒေါ်မို့မို့ ရောက်မလာသည့်အတွက် ရုံးချိန်းရွှေ့လိုက်ခြင်းဖြစ်သည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။