Thursday, April 5, 2012

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် နှင့် အင်တာဗျူး(ရုပ်/သံ)

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရလိုက်တာဟာ ပြည်သူတွေအနေနဲ့ သူတို့ ဖြစ်စေချင်တဲ့ အပြောင်းအလဲတွေအပေါ် ထင်ထင်ရှားရှား ပြသလိုက်တာလို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ကပြောဆို လိုက်ပါတယ်။

ကျန်နေသေးတဲ့လွှတ်တော်သက်တမ်းမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လိုအပ်ကြောင်း ကိုလည်း သူက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ အပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ဖန်တီး ဖော်ဆောင်နိုင်မယ့် အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ် လို့လည်း သူက ဆိုသွားပါတယ်။





source by : http://www.youtube.com/user/BurmaVJMedia