Wednesday, January 4, 2012

နိုင်ငံရေးအကျဉ်းသား ၃၃ ဦးသာ လွတ်

ချင်းမိုင်(မဇ္ဈိမ)| သမ္မတဦးသိန်းစိန်၏ ‘လွတ်ငြိမ်းချမ်းသာခွင့်’ ဟူသော ပြစ်ဒဏ် လျှော့ပေါ့ မိန့်အရ နိုင်ငံတဝှမ်း အကျဉ်းထောင် များမှ ပြန်လွတ် လာသည့် အကျဉ်းသား ၁၄၀၀ ကျော်ထဲတွင် နိုင်ငံရေး အကျဉ်းသား၃၀ ကျော်သာ ပါရှိကြောင်း မဇ္ဈိမက လတ်တလော စုဆောင်း ရရှိထားသည့် သတင်းအချက် အလက်များအရ သိရသည်။

အင်းစိန်၊ အိုးဘို၊ တောင်ငူ၊ ပူတာအို၊ မြိတ်၊ ကသာ၊ ပြည်၊ တောင်ကြီး၊ ပုသိမ်၊ စစ်တွေ၊ သာယာဝတီ၊ စသည့်ထောင်များ မှ လွတ်ရက်စေ့နှင့် လွတ်ရက်နီး နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၃၃ ဦးကို စုံစမ်းစိစစ်ဆဲ အနေအထား အရ ဖေါ်ပြ လိုက်သည်။

အင်္ဂါနေ့ကလွှတ်ပေးလိုက်သည့် ယင်းစာရင်းသည် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B နှင့် ပြည်တွင်း နိုင်ငံရေး အကျဉ်းသား စောင့်ကြည့်ရေး အဖွဲ့များက သတ်မှတ်သော စာရင်းဖြစ်ပြီး လွတ်မြောက်လာသူ နိုင်/ကျဉ်းများ၏ မိခင် အဖွဲအစည်းများကိုမူ စိစစ်နေဆဲဖြစ်ကြောင်း ၎င်းအဖွဲ့များထံမှ သိရသည်။

innseinprison1

သမ္မတ၏ 'လွတ်ငြိမ်းချမ်းသာခွင့်' ကြေညာချက်ကြောင့် အင်းစိန်ထောင် ပင်မတံခါးဝရှေ့တွင် လာရောက် စောင့်ဆိုင်းနေသူများကို တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)


အင်းစိန်ထောင် ပင်မတံခါးဝရှေ့မြင်ကွင်း :: ပြစ်ဒဏ်လျှော့ပေါ့ခွင့်အရ လွတ်မြောက်လာသူတဦးကို လာရောက်ကြိုဆိုသူ မိသားစုဝင်တဦးနှင့် အတူ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက အင်းစိန်ထောင်ရှေ့တွင် တွေ့မြင်ရစဉ်။ အင်းစိန်ထောင် ပင်မတံခါးဝရှေ့မြင်ကွင်း :: ပြစ်ဒဏ်လျှော့ပေါ့မှုကြောင့် လွတ်မြောက်လာသည့် အမျိုးသမီးတဦးကို မိသားစုဝင်များနှင့်အတူ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက အင်းစိန်ထောင်ရှေ့တွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) အင်းစိန်ထောင် ပင်မတံခါးဝရှေ့မြင်ကွင်း :: ပြစ်ဒဏ်လျှော့ပေါ့မှုအရ လွတ်မြောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း လူငယ်အဖွဲ့ဝင် ကိုသန်းနိုင်ဦးအား မီဒီယာသမားအချို့က မေးမြန်းနေသည်ကို အင်းစိန်ထောင်ရှေ့တွင် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ အင်းစိန်ထောင် ပင်မတံခါးဝရှေ့မြင်ကွင်း :: ပြစ်ဒဏ်လျှော့ပေါ့မှုအရ လွတ်မြောက်လာသူများ အင်းစိန်ထောင် ပင်မတံခါးဝသို့ စီတန်းလမ်းလျှောက်လာသည်ကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) အင်းစိန်ထောင် ပင်မတံခါးဝရှေ့မြင်ကွင်း :: ပြစ်ဒဏ်လျှော့ပေါ့မှုအရ လွတ်မြောက်လာသူများနှင့် လာရောက် စောင့်ဆိုင်းနေသူများကို အင်းစိန်ထောင် ပင်မတံခါးဝအနီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
ပုံကို ကလစ် ပြီး အကြီးချဲ့ကြည့်ပါ..။

ဇန်နဝါရီ ၂ ရက်နေ့ နိုင်ငံပိုင် ရုပ်မြင်သံကြားမှ သမ္မတ အမိန့်ဖြင့် ထုတ်ပြန်ခဲ့သော ‘လွတ်ငြိမ်းချမ်းသာခွင့်’ ဆိုသည်တွင် သေဒဏ် ကျခံနေရသော အကျဉ်းသားများအား တသက်တကျွန်း အဖြစ် လည်းကောင်း၊ အနှစ် ၃၀ နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် ၃၀ သို့ လည်းကောင်း၊ နှစ် ၂၀ နှင့်အထက် နှစ် ၃၀ အထိ အကျဉ်းကျ ခံနေရ သူများကို နှစ် ၂၀ သို့ လည်းကောင်း၊ နှစ် ၂၀ အောက် အကျဉ်းကျခံနေသူများကို ပြစ်ဒဏ်၏ လေးပုံတပုံသို့ လည်းကောင်း ပြစ်ဒဏ် လျှော့ချလိုက်ကြောင်း ပါရှိသည်။

ထို့ကြောင့် ထောင်ဒဏ် ၆၅ နှစ်စီ ကျခံ နေရသော ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံ နေရသော ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး တို့ လွတ်မြောက် မလာနိုင်ခဲ့ပေ။

ပြည်သူအများ မျှော်လင့်ထားသည့် ခေါင်းဆောင်များကို ထပ်မံ ထိန်းချုပ်ထားနိုင်ရန် ရည်ရွယ်သည့် သမ္မတ လွှတ်ငြိမ်း ချမ်းသာခွင့်သည် ရိုးသားမှန်ကန်မှု မရှိဘဲ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာ ဖြစ်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်က ကြေညာ ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။

“ဦးသိန်းစိန် အစိုးရအနေနဲ့ မရိုးမသား မမှန်မကန် ဆောင်ရွက်နေမှုများအား အမြန်ဆုံး ရပ်တန့်လိုက်ခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၏ ပထမဦးဆုံး တံခါးချပ်ကို ဖွင့်လှစ်နိုင်ရန် တိုက်တွန်းပါသည်” ဟု ထုတ်ပြန်ချက် ၌ ပါရှိသည်။

အလားတူ ဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူ များနှင့် တရားဥပဒေအရ မကျသင့်ဘဲ ဖမ်းဆီး ချုပ်နှောင်ထားသူများကို အမြန်ဆုံး လွှတ်ပေးဖို့ လိုအပ်ကြောင်း အင်္ဂါနေ့တွင် မန္တလေးအိုးဘိုထောင်မှ လွှတ်မြောက်လာသူ ကယန်းပြည်သစ်ပါတီမှ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်က တိုက်တွန်း ပြောဆိုသည်။

“နိုင်ငံရေး အကျဉ်းသားတွေကို အကုန်အစင် ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုပါတယ်။ အလားတူပဲ မမျှတတဲ့ တရားစီရင်ရေး စနစ်ကြောင့် ထောင်မကျသင့်ဘဲ ကျနေရသူ အမြောက်အများကိုလည်း လွှတ်ပေးဖို့ လိုပါတယ်။ အဲလိုပဲ အခြေခံ ဥပဒေ ပြောင်းလဲပြင်ဆင်ရေးကိစ္စတွေကလည်း သမရိုးကျ နည်းလမ်းနဲ့ မဟုတ်ပဲနဲ့ လူထုမျက်နှာကို ထောက်ထားပြီတော့ အလျှင်အမြန် ဆောင်ရွက်ဖို့လိုတဲ့ အခြေအနေတွေ ဖြစ်ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

list

source by : http://www.mizzimaburmese.com