Wednesday, May 11, 2011

ပြည်သူ့ပန်ကြားလွှာ လက်မှတ်ထိုးတောင်းဆိုရေး(သင်၏လက်မှတ်ဖြင့် ကူညီပါ။)

Please Join the Signature Campaign of Burma
(starting 17th April 2011)

ပြည်သူ့ပန်ကြားလွှာ လက်မှတ်ထိုးတောင်းဆိုရေး အားလုံးပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် နှိုးဆော် အာရ်အက်ဖ်အေ ရေဒီယိုကောက်နုတ်ချက် / မိုးမခ၊ မေ ၆၊ ၂၀၁၁

လက်ရှိ ဒီမိုကရေစီကွန်ယက်ထဲက အဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေ လုပ်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်ထံ လက်မှတ်ထိုးတောင်းဆိုရေး လှုပ်ရှားမှုမှာ မြန်မာ့ဒီမိုကရေစီရေးကို လိုလားသူအားလုံး တက်တက်ကြွကြွ ပါဝင်ကြဖို့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သောကြာနေ့မှာ နှိုးဆော်လိုက်ပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား အပစ်ခတ် ရပ်စဲရေး၊ ပြည်ပကိုရှောင်ခွာသွားရတဲ့ ဒုက္ခသည်တွေနဲ့ အခြား နိုင်ငံသူနိုင်ငံသားတွေ မြန်မာနိုင်ငံကို လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ရေး စသည်တို့ကိုတောင်းဆိုထားတဲ့ လက်မှတ်ထိုးလှုပ်ရှားမှု အောင်မြင်ရေးအတွက် ၀ိုင်းပြီးကူညီပေးစေချင်ပါတယ်-“ (ဒေါ်အောင်ဆန်းစုကြည်)

“မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မဟုတ်တဲ့သူတွေလဲ သွေးစည်းညီညွတ်မှုကို ပြသောအားဖြင့် လက်မှတ်ထိုးနိုင် ပါတယ် အမေထပ်ပြီးတော့ပြောချင်ပါတယ် အမေတို့လုပ်နေတဲ့ လက်မှတ်ထိုးလှုပ်ရှားမှုကြီးကို သမီးတို့ပြင်ပက ဒီမိုကရေစီလိုလားသူတွေ အားလုံး ၀ိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြပါ၊ အင်တာနက်ကတဆင့် လက်မှတ်တွေကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။” (ဒေါ်အောင်ဆန်းစုကြည်)

သင်လည်းပဲ မြန်မာပြည်သားတဦးအဖြစ် လက်တွဲပါ။ လက်မှတ်များကို စုစည်းပြီး မြန်မာပြည်က အင်န်အယ်ဒီရုံးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများထံ တင်ပို့ပေးမည်။

မိုးမခမီဒီယာက သည်ဖောင်ကို မျှဝေပါတယ်။ moemaka.org@gmail.com - On Behalf of Aung San Suu Kyi's request, MoeMaKa Media setup this Online Form to support Burma's Signature Campaign Daw Aung San Suu Kyi has urged all Burmese and Non-Burmese to join and stand with her to this "Signature Campaign" to request the followings to newly installed President of Burma: To Free Political Prisoners in Burma To allow all the Burmese who fled overseas to return back safe and with peace To Build peace with all Ethnic Armed Groups and the Tatmadaw (Burmese Regime) Suu and NLD will collect the signatures and send as a solidarity request and the wish of Burmese People.

* Required