Monday, April 11, 2011

သင်္ကြန်တွင် မိန်းကလေးများအတွက် အထူးသတိပြုစရာ .. ကာမစိတ်ကိုဖြစ်စေသော ကော်ဖီမစ်

မိန်းကလေးတွေ ... သင်္ကြန်မှာ ချမ်းနေတုန်း ..ကော်ဖီပူပူတိုက်တိုင်း .. ယုံယုံကြည်ကြည် မသောက်ကြပါနဲ့ ..။

ဘ၀ ...ပါ ...လမ်းကြောင်းပြောင်းသွားနိုင်ပါတယ် ..။

ကာမစိတ်ကို နှိုးဆွနိုင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်းသို့ တရားမ၀င် လမ်းကြောင်းများမှတစ်ဆင့် အလွယ်တကူ တွင်ကျယ်စွာ တင်သွင်း ရောင်းချနေခြင်းကြောင့် သင်္ကြန်အတွင်း လူငယ်များအကြားအသုံးချမှု မှားယွင်းကာ မလိုလားအပ်သော လူမှုရေးပြဿနာများ ဖြစ်လာနိုင်စရာရှိကြောင်း၊ ယင်းကဲ့သို့ ဖြစ်လာနိုင်သည့် အခြေအနေများကို တွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှာလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။ အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုး ထုတ်လုပ်ထားကြောင်းသိရသည်။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း၊ အခြားကော်ဖီများနှင့် အရောင်အသွေး၊ အရသာခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုးကြွစေနိုင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များ ဖြစ်ပေါ်စေနိုင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။ ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံး ၀ယ်ယူကြကြောင်း တွေ့ရှိရသည်။

ယခင်က ပီကေ၊ သကြားလုံးများသာ ခေတ်စားနေပြီး ယခုအခါ အမျိုးသမီး မိန်းကလေးများ သတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။

ကော်ဖီ၏ ဈေးနှုန်းမှာလည်း အများဝယ်ယူ သုံးစွဲနိုင်သော ချိုသာသော အနေအထား ဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ၀ယ်ယူမှုနှုန်းများလာကြောင်း သိရသည်။

ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ် နိုးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကို ကိုယ်မထိန်းချုပ်နိုင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည် ဖြစ်ကြောင်း သိရသည်။ နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့် ဖြစ်သည်။

mandalaly gayzette က ukok44 ရဲ့ ပိုစ့်တစ်ခုကို သင်္ကြန်အတွက် အထူးသတိပြုရန် မွမ်းမံပြီး တင်ပေးလိုက်ပါတယ် ..။
သူငယ်ချင်းအားလုံး ရှိသမျှ social site တိုင်းမှာ သင်္ကြန်အမီ share ကြပါ ..။