Friday, May 1, 2009

” စာမျက်နှာတခုပေါ်က….”

” စာမျက်နှာတခုပေါ်က….”


စာအဆိပ်တက်သွားတဲ့
ဖန်သားပြင်တခုကိုပဲ သနားမိပါရဲ့
သူ့ခမြာ စကားမပြောတတ်ရှာဘူးလေ…

စွန်းထင်း ပေကျံသွားခဲ့တာတော့
အမှန်ပါပဲ…
ပြန်လည်လျှော်ဖွပ်မယ်ဆိုရင်တောင်
ကုန်ဈေးနူန်းတွေ တရိပ်ရိပ်တက်နေတဲ့ခေတ်မှာ
ဆပ်ပြာမှုန့်ကလည်း
ငယ်ငယ်က အမေတို့ပြောပြောနေတဲ့
ရွှေဈေး ဆိုတာထက်ပိုပြီးကြီးလေတော့
အဲဒီခေါင်းပေါင်းကြီးက
ဘယ်နည်းနဲ့မှ
ပြန်ဖြူလာနိုင်စရာအကြောင်းမရှိတော့ဘူး…

ကံမတူလို့ အကျိုးမပေးတာ
ဝမ်းနည်းစရာမဟုတ်ပါဘူး
ကိုယ့်အပူကို ကိုယ်တိုင်အပင်စိုက်ပြီးမှ
အပူဒဏ်ပျောက်လိုပျောက်ငြား
နေလုံးကြီးကို အသနားခံတယ်ဆိုတာ
သိပ်ပြီးတော့ ကဗျာမဆန်သလို…….

မုဒိတာမပွားနိုင်သူရဲ့ ဘက်ကို
နယူတန်ပေးလိုက်တဲ့ လက်ဆောင်ဟာ
မင်နီကြက်ခြေခတ်တွေအဖြစ်
ဖန်သားပြင် စာမျက်နှာတခုမှာ ကျန်ရစ်တယ်…

သမိုင်းဖြစ်မလာမယ့် ရာဇဝင်တခုပေါ့
နည်းနည်းတော့ ”ရိုင်း”တယ်…..။



ဆောင်းယွန်းလ


မှတ်ချက် ။ ။ http://saungyunela.blogspot.com မှ ကူးယူ မျှဝေပါသည်။