အော်ရီဂန်ပြည်နယ်မှ မြန်မာ့သင်္ကြန်
မြန်မာသက္ကရာဇ် ၁၃၇၁ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် မြန်မာ့ရိုးရာသင်္ကြန်ပွဲအော်ရီဂွန်ပြည်နယ် ပေါ့လန်းမြို့ တွင် ကျင်းပခဲ့တဲ့ ရိုးရာသင်္ကြန်ပွဲပါ။ ဒီပွဲကို မြန်မာ့ရိုးရာယဉ်ကျေးမှုဆန်စွာ သင်္ကြန်သံချပ်၊ မြန်မာ့သမီးပျိုလေးများရဲ့ ယိမ်းအက၊သင်္ကြန်သီချင်းများ၊ခေတ်ပေါ်တေးဂီတ စသည့်ဖြင့်တင်ဆက်သွားးကြပါတယ်။ လာရောက်အားပေးသူ မြန်မာနိုင်ငံသား၊ မိတ်ဆွေအမေရိကန်များနှင့် အသီးသီးသောပရိသတ်များအား မြန်မာ့ရိုးရာအစားအစာ မျိုးစုံလင်စွာဖြင့် တည့်ခင်းဧည်ခံခဲ့ကြသလို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ သက်ကြီးပူဇော်ပွဲကိုလဲ ကျင်းပ ခဲ့ကြပါတယ်။
နောက်ရက်တွေမှာ ဗွီဒီယိုသတင်းတွေကို ဆက်တင်ပြသွားပါမယ်။