Monday, March 9, 2009

တိုက်ပွဲဝင်ကြစို့

တိုက်ပွဲဝင်ကြစို့


မတရားမှုဟာ
ဥပဒေ ဖြစ်လာတဲ့အခါ
တော်လှန်ပုန်ကန်ခြင်းဟာလဲ
သမိုင်းပေးတာဝန်
ဖြစ်လာတယ်”တဲ့။

ငါတို့ မြန်မာပြည်မှာ
လူငယ်အားလုံးရဲ့
အနာဂတ်ဘ၀တွေကို
မတရားဖျက်ဆီးထားတာ
ခံနေကြရတယ်။

လူငယ်တွေဘ၀အတွက်
အရေးကြီးတဲ့
ဆယ်တန်းစာမေးပွဲ
ကာလမှာတောင်
စာကြည့်ခွင့်မရအောင်
မီးမှောင်ချထားခံကြရတယ်။

ဒို့အားလုံးရဲ့
ဘ၀အနာဂတ်တွေကို
အာဏာရှင်တွေ
သွန်လိုသွန်၊
မှောက်လိုမှောက်နဲ့
ဒီလိုလုပ်နေတဲ့အပေါ်မှာ
အညံ့ခံခေါင်းငုံ့ နေကြရမှာလား။

မြန်မာပီပီ
မြန်မာ့သွေးကို
ပြကြစို့၊
ဒို့အားလုံးရဲ့
ရပိုင်ခွင့်တွေအတွက်
တိုက်ပွဲဝင်ကြစို့၊
မတရားတဲ့
အာဏာရှင်ကို
တော်လှန်ရင်း
သမိုင်းပေးတာဝန်ကို
ထမ်းဆောင်ကြစို့။


ခင်မမမျိုး (၉၊ ၃၊ ၂၀၀၉)



မှတ်ချက် ။ ။ http://khinmamamyo.blogspot.com မှ ကူးယူ မျှဝေပါသည်။