Saturday, February 4, 2012

သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းကို လာရောက် ချိပ်ပိတ်(ရုပ်/သံ)

ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ ဆရာတော်များ၏ ဆုံးဖြတ်ချက်ဖြင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းကို လာရောက် ချိပ်ပိတ်ခဲ့သည့်အတွက် မဂ္ဂင်ကျောင်းတွင် သီတင်းသုံး နေထိုင်နေသော သံဃာတော်များမှာ ချိပ်ပိတ်ထားသော မဂ္ဂင်ကျောင်းအတွင်းမှ ထွက်ခွာပေးခဲ့ရပြီ ဖြစ်ပါသည်။



source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

Thursday, February 2, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မြိုင်ခရီးစဉ် (ရုပ်/သံ)

အပြည့်အစုံ ဖတ်ရန် ...

ဗိုလ်ကြီးဟောင်းနေမျိုးဇင် အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ်

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အကျဉ်းဦးစီးဌာနကနေ အကျဉ်းထောင် အက်ဥပဒေပုဒ်မ ၄၂ အရ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တရားစွဲဆိုထားတဲ့ တရားမဝင်ပစ္စည်း ခိုးသွင်းမှုကို ဒီကနေ့မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့လက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့နေ့မှာပဲ ပုဒ်မ ၄၂ နဲ့ ပြန်ပြီးတော့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အပြစ်မရှိကြောင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်း အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် မအေးမာက တင်ပြပေးထားပါတယ်။

ပြည်တဲရေးဝန်ကြီးဌာနလက်အောက်၊ အကျဉ်းစီးဦးဌာနကနေ တရားလိုလုပ် တိုင်ကြားပြီး အမှုဖွင့် ခဲ့တာကတော့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ဟာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ အင်္ကျီနဲ့ ဒေါ်အေင်ဆန်းစုကြည်ပုံပါ သော့ချိတ်ကို အင်းစိန်ထောင်ထဲ ယူဆောင်လာတယ်ဆိုပြီး အမှုဖွင့် တရားစွဲခဲ့တာပါ။

ဒီနေ့တရားရုံးထုတ်ချိန်မှာ အင်းစိန်မြို့နယ်တရားရုံးကနေ အပြစ်မရှိဘူးဆိုတဲ့အမိန့်ကိုချမှတ်ခဲ့တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

“အင်းစိန်မြို့နယ်တရားရုံးမှာပါ။ တရားသူကြီးရဲ့ တရားခွင်မှာ NLD ပါတီဝင်လူငယ်တွေရော၊ စိတ်ပါဝင်စားတဲ့ သူတွေရော တော်တော်များများလာရောက် နားထောင်ပါတယ်။ နောက် တရားသူကြီးက စတင်ဖတ်ကြားပါတယ်။ လျှောက်လဲချက်တွေနဲ့ စွဲဆိုချက်တွေကိုတော့ မပြောတော့ပါဘူးတဲ့- မပြောတော့ဘဲနဲ့ သုံးသပ်ချက်နဲ့ အမိန့်ကိုပဲ ဖတ်ပြပါတယ်။ သုံးသပ်ချက်ကို ဖတ်ပြရာမှာလည်း တရားလို အရာရှိတွေ တင်သွင်းလာတဲ့ ဗိုလ်ချုပ်ပုံပါတဲ့ အင်္ကျီတွေ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ သော့ချိတ်တွေဟာ တရားမဝင်ဘူးဆိုတဲ့အကြောင်း လုံလောက်တဲ့ အထောက်အထားမရှိပါဘူး၊ နောက်ပြီး ဥပဒေပုဒ်မတွေလည်း မရှိပါဘူးတဲ့။ အကျဉ်းထောင်တွေထဲမှာ ပြဌာန်းထားတဲ့အထဲမှာလည်း မပါပါဘူးတဲ့။

ပြီးတော့ ကျနော်က သူတို့စွပ်စွဲသလို ခိုးသွင်းဖို့ ကြိုးစားတာ မဟုတ်တဲ့အပြင် ဒီပစ္စည်းတွေကလည်း တရားမဝင်ပစ္စည်း မဟုတ်ဘူးဆိုပြီးတော့ ပေါ်လွင်ထင်ရှား တွေ့ရှိရတဲ့အတွက်ကြောင့် ကွင်းလုံးကျွတ် လွှတ်လိုက်ပါတယ်တဲ့။ ကျနော်အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပါတယ်တဲ့”

ဒါဟာ ပြည်တဲရေးဝန်ကြီးဌာနလက်အောက်မှာ တရားရုံးကနေ အပြစ်မရှိဘူးလို့ ဆုံးဖြတ်တာဟာ ဖြစ်တောင့်ဖြစ်ခဲ အမှုကိစ္စ ဖြစ်ပြီး သူရဲ့အမှုဟာ ပထမဦးဆုံးတောင် ဖြစ်နိုင်တယ်လို့ ကိုနေမျိုးဇင်က ပြောပါတယ်။

“ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းယန္တရားကနေ တရားလိုပြုပြီးတော့ စွဲတင်တဲ့အမှုမှာ တရားခံအဖြစ် စွပ်စွဲခံရသူ လွတ်တယ်ဆိုတာ မရှိသလောက် ရှားခဲ့ပါတယ်- ကျနော်တို့ သမိုင်းမှာ။ ကျနော်သိ သလောက်ပေါ့နော် - ကျနော် ထမဆုံးပဲ ဖြစ်မလားတော့ မသိပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနက စွဲဆိုတဲ့ အမှုတခုကို တရားရုံးက အပြစ်မရှိကြောင်းဆိုပြီးတော့ ကွင်းလုံးကျွတ် လွှတ်လိုက်တဲ့အမှုဟာ။ ကျနော်တို့ ဝမ်းမြောက်ပါတယ်။ ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရင်ထဲမှာ ကျနော်တို့ေ လးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတော့ တရားမဝင်ဘူးလို့ သုံးနှုံးစွပ်စွဲလာတာကိုခံရတဲ့ အမှုကြီးပေါ့နော်”

တရားမဝင် ပစ္စည်းလို့ အကျဉ်းထောင်က သတ်မှတ်ခဲ့တာက ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတီရှပ်နဲ့ ဒေါ် အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်ဖြစ်နေတဲ့အတွက် ဒါဟာ မဖြစ်သင့်တဲ့အမှုဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေ လွှတ်ပေးလိုက်တယ်လို့ ယူဆတယ်လို့လည်း ပြောပါတယ်။

“အားလုံး အထွေထွေ ပါပါလိမ့်မယ် ခင်ဗျ၊ အားလုံးက ဝိုင်းဝန်း စိတ်ဝင်တစား စောင့်ကြည့် နေတာလည်း ပါပါတယ်။ ပြီးတော့ ဒီအမှုဖြစ်စဉ်ကိုကလည်း မဖြစ်သင့် မဖြစ်ထိုက်တဲ့အကြောင်း တရားသူကြီးတွေ ကိုယ်တိုင်ကလည်း လေးလေးနက်နက် ယုံကြည်တာလည်း ပါပါမယ်။ တရားသူကြီးတွေမှာ ချုပ်ခြယ်လွှမ်းမိုးခံရခြင်း မရှိဘဲ လွတ်လပ်စွာ၊ တည့်မတ်စွာစီရင်ပိုင်ခွင့် သူတို့မှာ ရရှိသွားလို့လည်း ပါပါမယ်ခင်ဗျ”

မြန်မာနိုင်ငံရဲ့တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်စေဖို့အတွက် မတရားပြစ်ဒဏ်ချထာတဲ့အမှုတွေကို လည်း ဆက်လက်စိစစ်ပေးဖို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က တောင်းဆိုပါတယ်။

“အစိုးရသစ်ရဲ့လက်ထက်မှာ ကျနော်ဟာ ပထမဆုံး အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားလည်း ဖြစ်ခဲ့ ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်တဲ့နေ့မှာပဲ နောက်တမှုနဲ့ အစွဲခံရပြီးတော့ ထပ်ပြီးအစွဲခံရ သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အခု ၂ ပတ်ကျော် အကြာမှာပေါ့- နောက်ဆုံးစီရင်ချက် ချတဲ့ အချိန်မှာ ကျနော့်ကို ကွင်းလုံးကျွတ် လွှတ်လိုက်တယ် ဆိုတဲ့ အတွက်ကြောင့် ဒီ လပိုင်း အတောအတွင်းမှာ တရားစီရင်ရေး မဏ္ဍိုင်အနေနဲ့တော့ တည့်မတ်မှန်ကန်လာတယ်၊ ဆုံးဖြတ်ချက်တွေ မှန်ကန်လာတယ်လို့တော့ ပြောချင်ပါတယ်။

ဒါပေမယ့် ဆုံးဖြတ်ခဲ့ပြီးသော အမိန့်များ- အဲဒါက လက်ရှိ ထောင်ထဲမှာ လက်ရှိ အကျဉ်းကျခံနေရတဲ့ အမှုများကို၊ တရားစီရင်ရေးစနစ်ဟောင်းမှာ ဖမ်းဆီးထားခံရတဲ့သူများကို ပြန်လည်စစ်ဆေး ဖော်ထုတ်ပြီးတော့ မတရား ဖမ်းဆီးထားခံရသူများအရေးကိုလည်း အစိုးရသစ်အနေနဲ့ ဆောင်ရွက်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိဖြစ်နေတဲ့ အမှုတခုခုကို မှန်ကန်စွာ ဆုံးဖြတ်လိုက်ရုံနဲ့ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်သွားမှာ မဟုတ်ပါဘူး”

ဗိုလ်ကြိးဟောင်းနေမျိုးဇင်ဟာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခံရပြီး မကြာခင်ကမှ ပြန်လွတ်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်ပါတယ်။

သူဟာ သွေးအကူအညီပေးရေးနဲ့ တခြား လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်ရင်း အဖမ်းဆီးခံခဲ့ရပြီး နောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ပြန်လွတ်လာခဲ့ပြီး ဒီအမှုကတော့ ပြန်လွတ်တဲ့နေ့မှာပဲ တရားစွဲဆို ခံခဲ့ရတဲ့အမှုလည်း ဖြစ်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ကျောင်းသားအရေး ဖြေရှင်းရန် ဗကသ ဖွဲ့စည်းမည်

ချင်းမိုင်(မဇ္ဈိမ)| ကျောင်းသားများအရေး ကူညီဖြေရှင်းပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဖွဲ့စည်းနိုင်ရေး စတင်ကြိုးပမ်းနေပြီဟု ဗကသ တရားဝင်ပေါ်ပေါက်ရေး ကော်မတီ (အထက်မြန်မာပြည်)က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖေါ် ပြောဆိုလိုက်သည်။

ကျောင်းသားများတွင် အခက်အခဲများနှင့် သင်ကြားရေးတွင် နစ်နာမှုများ ရှိနေပြီး ဤကိစ္စကို ကျောင်းသားများ ကိုယ်စားပြု အဖွဲ့အစည်းများမှ သက်ဆိုင်ရာသို့ တင်ပြ တောင်းဆိုနိုင်ရန် ဗကသများ ပေါ်ပေါက်လာရေး ကြိုးပမ်းခြင်း ဟုလည်း ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်မိုး က မဇ္ဈိမကို ပြောသည်။

"ကျောင်းသားတွေက သူတို့ရဲ့ နစ်နာချက်တွေ အခက်အခဲတွေ ရှိတယ်။ အဲဒီ အခက်အခဲတွေကိုတော့ ဖြေရှင်း ပေးနိုင်မယ့် အဖွဲ့အစည်းတွေကို လိုချင်နေကြတယ်။ ကျောင်းသားအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်း လိုနေပြီဆိုတာ သူတို့ သိထားတယ်။ ကျနော်တို့ဟာ ဒီကိစ္စတွေကို ရဲရဲရင့်ရင့် လုပ်ပါတော့မယ်" ဟု ပြောသည်။

လက်ရှိ တက္ကသိုလ်များသည် မြို့နှင့်ဝေးကွာသည့် နေရာတွင် တည်ရှိပြီး အပန်းဖြေရန်၊ အားကစား လိုက်စားရန်နှင့် အားလပ်ချိန်များတွင် လေ့လာနိုင်ရန် စာကြည့်တိုက်များ မရှိခြင်းကြောင့်လည်း လူမှုရေးပြဿနာများ ပေါ်ပေါက် လာနိုင်ပြီး ထိုပြဿနာများကို ဗကသ များ ပေါ်ပေါက်လာပါက ကူညီဖြေရှင်းနိုင်မည်ဟုလည်း ကိုအောင်ကျော်မိုး က ယူဆသည်။

"ကျောင်းတွေဟာ မြို့နဲ့အဝေးကြီးမှာ ရှိနေပြီး ခြုံပုတ်တွေက ပတ်ခြာလည် ဝိုင်းထားတဲ့အတွက် လူမှုရေး ပြဿနာတွေဖြစ်လာနိုင်တယ်။ နောက်တခုက သူတို့မှာ လေ့လာစရာ စာအုပ်၊ အပန်းဖြေစရာ ပန်းခြံ စတာတွေ ဘာမှမရှိတော့ သူတို့ ကျောင်းအားတဲ့အချိန်မှာ လယ်ကွင်းတွေ၊ ထန်းတောတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေပဲ လုပ်ဖြစ်ကြလိမ့်မယ်။ ဗကသ ရှိရင်တော့ ကျောင်းတွေမှာ စာကြည့်တိုက် ဖွင့်တာမျိုး ကစပြီး ဒီပြဿနာတွေ နည်းနည်း ထိန်းနိုင်မယ်" ဟု မဇ္ဈိမကို ပြောသည်။

ဗကသများ အဖွဲ့ချုပ် တရားဝင် ရပ်တည်နိုင်ရေးအတွက် ဗဟို စည်းရုံးရေး ကော်မတီကိုလည်း ကော်မတီဝင် ၁၂ ဦးဖြင့် ဇန်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့သည်။

ကော်မတီ၏ ဥက္ကဋ္ဌမှာ ကိုကျော်ကိုကို ဖြစ်ပြီး သူသည် အသင်းအဖွဲ့ ဖွဲ့စည်းခြင်း ပုဒ်မ၊ ဗီဒီယို အက်ဥပဒေ တို့ဖြင့် ၂ဝဝ၉ ခုနှစ်က ထောင်ဒဏ် ၈ နှစ် အပြစ်ပေးခံခဲ့ရသူဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။

ဗကသများ အဖွဲ့ချုပ် တရားဝင်ရပ်တည်နိုင်ရေးဟု ပြောဆိုသုံးနှုန်းသော်လည်း အစိုးရထံ မှတ်ပုံတင်ခြင်း လုပ်မည် မဟုတ်ဘဲ ပြည်သူနှင့် ကျောင်းသားတို့၏ ရင်တွင်သာ မှတ်ပုံတင်မည်ဟုလည်း ကိုအောင်ကျော်မိုး က "ဗကသ ကို မှတ်ပုံတင်ဖို့ ဆိုရင်တော့ ဗကသ ကို ကျောင်းသားထုရဲ့ နှလုံးသား၊ ပြည်သူရဲ့ နှလုံးသားထဲမှာပဲ မှတ်ပုံတင်ဖို့ ရှိပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)ကို ၁၉၂၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန် တက္ကသိုလ် အတွင်း ဆောက်လုပ်ခဲ့သည့် သမဂ္ဂ အဆောက်အဦးကို သူဌေးဦးညို က တည်ဆောက် လှူဒါန်းခဲ့သည်။

နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေးအတွက် တကသ ခေါင်းဆောင်များဖြစ်သည့် ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုသိန်းဖေ၊ ကိုကျော်ငြိမ်း စသည့် ခေါင်းဆောင်များက ပြည်သူလူထုကို လှုံ့ဆော်ပေးနိုင် ခဲ့သည်။

ထိုကဲ့သို့ သမိုင်းတွင်သည့် သမဂ္ဂ အဆောက်အဦးကြီးသည် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက် နံနက်စောစောတွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရ၏ မိုင်းခွဲဖျက်စီးခြင်းကို ခံခဲ့ရသည်။

ဗကသများ အဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းသည့်နှစ်မှာ ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့ ဖြစ်ပြီး ပထမဆုံး ဥက္ကဋ္ဌမှာ ဦးရာရှစ်ဖြစ် ၍ ဒုက္ကဋ္ဌမှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

သမဂ္ဂ အဆောက်အဦး မိုင်းခွဲဖျက်စီးခြင်းခံခဲ့ရအပြီး တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ရသည့် ဗကသ ကို ၁၉၈၈ခုနှစ် လူထုအုံကြွမှုအတွင်း ဥက္ကဋ္ဌ ကိုမင်းကိုနိုင် ဦးဆောင်၍ ယာယီအဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။

ကိုမင်းကိုနိုင်က “ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲ။ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် လွှတ်တော်ရှိရမယ်။

လွှတ်တော်ရှိရမှာ ဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက် လေ့ကျင့် ပေးနေတဲ့ ကျောင်းသား သမဂ္ဂတွေ ရှိကို ရှိရမယ်။

ဒီမိုကရေစီ တကယ်သွားတယ်ဆိုရင် ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းဖို့ ခွင့်ကို ခွင့်ပြုရမယ်" ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ ရန်ကုန် တော်ဝင်စင်တာတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

၈၈ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံ (ရုပ်/သံ)

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၂ ခု ဇန်န၀ါရီလ ၃၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ စိမ်းလန်းစိုပြည် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။



source by : http://www.youtube.com/user/RFABurmeseVideo

အပြည့်အစုံ ဖတ်ရန် ...

Tuesday, January 31, 2012

ဗိုလ်မှူးဗထူး၏သား ရေကြည်အိုင် စစ်ကြောရေးစခန်းတွင် ကွယ်လွန်

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်သို့ရောက်ရှိစဉ် ဒေသခံတဦးထံမှ ရရှိသည့် ဗိုလ်ချုပ်အောင်ဆန်း ပါဝင်သော ဓာတ်ပုံ (ဓာတ်ပုံများ-ထားဝယ်မြို့ တော်/facebook)

Facebook တွင် အများစိတ်ဝင်စားနေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွဲရိုက်ထားသည့် ဓာတ်ပုံတွင် ပါဝင်သူ မောင်မြင့်ထူးသည် စစ်အရာရှိတဦးဖြစ်လာပြီး ရန်ကုန်ရှိ စစ်ကြောရေးစခန်း တခုတွင် သေဆုံးသွားခဲ့သည်ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ Facebook တွင် ရေးထားသည်။

ဖမ်းဆီးစစ်ကြောခံရသည့် အကြောင်းရင်းနှင့် သေဆုံးချိန်ကို ဖော်ပြထားခြင်း မရှိပေ။

“ပုံမှာပါတဲ့ ဗိုလ်ချုပ်နံဘေးက မောင်မြင့်ထူးဟာ တပ်မတော်မှာ ဗိုလ်ကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ပြီး အာဏာရှင် ဦးနေ၀င်း လက်ထက်မှာ အာဏာရှင် စနစ်ကို ဆန့်ကျင် ဖီဆန်တဲ့ အဖေတူသား ဗိုလ်မှူးဗထူးရဲ့ သား ဗိုလ်ကြီးမြင့်ထူးဟာ ရေကြည်အိုင် ဖက်ဆစ် အကျဉ်းစခန်းထဲမှာပဲ ကွယ်လွန်ခဲ့ပါတယ်” ဟု ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ရေးထားသည်။

“အဲဒီ သမိုင်းတွေကို နောက်လာနောင်သားတွေ အတုယူသင့်ပါတယ်။ အဖေရော သားပါ နိုင်ငံအတွက် အသက်စွန့်ခဲ့ကြတဲ့ ထားဝယ်သားတွေ တကယ့် မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ အားလုံးကို အလေးအမြတ် ဂုဏ်ပြု လိုက်ပါတယ်” ဟု ၎င်းက ဆက်လက် ရေးသား ဖော်ပြထားသည်။

ဗိုလ်မှူးဗထူး၏သား ရေကြည်အိုင်တွင် ကွယ်လွန်သည်ဟူသော အချက်အလက်နှင့် ပတ်သက်ပြီး စစ်တပ်အတွင်းရေးများကို ဖွင့်ချနေသည့် “စည်းလုံးခြင်းရဲ့အင်အား” အင်တာနက်စာမျက်နှာ http://photayokeking.blogspot.com/2009/03/blog-post_4306.html တွင်လည်း တွေ့ရသည်။

ရေကြည်အိုင်သည် ရန်ကုန်မြို့ရှိ နာမည်ကျော် စစ်ကြောရေးစခန်းတခုဖြစ်သည်။

ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း နိုင်ငံရေးသမားများ အပါအ၀င် ထိန်းသိမ်းခံရသူ အများအပြားကို စစ်ထောက်လှမ်းရေးတပ်ဖွဲ့က အထူး နှိပ်စက်ညှဉ်းပန်းရာတွင် ထိုစခန်းကို အသုံးပြုကြသည်။

ထိုစခန်းတွင် စစ်ကြောခံရစဉ် ဒုက္ခိတဖြစ်သွားသူ၊ သေဆုံးသူ အများအပြား ရှိသော်လည်း ထိုအကြောင်းအရာတို့ကို စုံစမ်းဖော်ထုတ် ဖွင့်ချမှုများ မရှိသေးပေ။

ထားဝယ်သား တစ်ဦးက ဗိုလ်မှူးဗထူး၏သား ပါဝင်သော ယင်းဓာတ်ပုံကို သိမ်းဆည်းထားခြင်း ဖြစ်ပြီး တနင်္ဂနွေန့က ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့သို့ ရောက်ရှိစဉ် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

အသက် ၈၈ နှစ်အရွယ် ထားဝယ်သား ဦးရန်ရှင်း (၈၈)နှစ်က ဒေါ်အောင်ဆန်းစုကြည်အား
သမိုင်းဝင်ပုံ လက်ဆောင်ပေး


source by :
http://moemaka.com


အပြည့်အစုံ ဖတ်ရန် ...

Monday, January 30, 2012

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး NLD ပြင်ဆင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခရီးစဉ်အတွင်း ကားပေါ်ကထွက်ပြီး လူထုကို မိန့်ခွန်းပြောကြားနေစဉ်။ (ဇန်န၀ါရီလ ၂၉၊ ၂၀၁၂) ဓာတ်ပုံ ASSOCIATED PRESS

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း ခရီးစဉ်ဟာ လူထုတွေရဲ့ အပြည့်အ၀ ထောက်ခံမှု ရရှိခဲ့တဲ့ အောင်မြင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်တယ်လို့ NLD ပါတီက သုံးသပ်ပါတယ်။ ဒါ့အပြင် လာမယ့် စနေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးတိုင်းနဲ့အတူ တခြား နယ်မြို့တွေကိုလည်း သွားဖို့ စီစဉ်ထားသလို ကြားဖြတ် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးမှုတွေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်းကစလို့ စတင်စည်းရုံးတော့မယ် လို့လည်း NLD ပါတီက ပြောပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဇန်န၀ါရီလ ၂၉ ရက်နေ့က ထားဝယ်မြို့ကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တဲ့ ခရီးစဉ်ဟာ NLD ပါတီကို လူထုရဲ့ ထောက်ခံမှုအပြည့်အ၀ ရှိတယ်ဆိုတာကို ပြခဲ့တဲ့ အောင်မြင်တဲ့ ခရီးစဉ်လို့ NLD ပါတီက သုံးသပ်ပါတယ်။ ဒီကနေ့ ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ဗဟိုအလုပ်အမှုဆောင်တွေ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ယေဘုယျအားဖြင့် ကျနော်တို့ရဲ့ ခရီးစဉ်ဟာ အောင်မြင်တယ်။”

ဒါ့အပြင် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း မဲဆွယ် စည်းရုံးရေးတွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့နောက်ပိုင်းမှာ စတင် မဲဆွယ်စည်းရုံး နိုင်ပြီမို့ NLD ပါတီကနေ ၀င်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ် စည်းရုံးရေး ကိစ္စတွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စတွေကို ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြတာပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးကြမယ့် မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတတွေ ရအောင် ဘယ်လို ကြိုတင်စီစဉ်ကြမယ်၊ NLD ပါတီကို မဲဆန္ဒရှင်တွေ ဘယ်လို ခွဲခြားသိမလဲ ဆိုတာတွေကို ရှင်းပြဖို့ အဓိက သူတို့ ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ပါတီဟာ ခမောက်တံဆိပ် ဖြစ်ပေမဲ့ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ခွပ်ဒေါင်းတံဆိပ် ဖြစ်တယ်ဆိုတာကို ခွဲခွဲခြားခြား သိအောင် ရှင်းပြဖို့ ပြင်ဆင်ထားတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“၁၀ ရက်နေ့မှာ ကျနော်တို့ အောင်နိုင်ရေး အတွက် စပြီးတော့ campaign ဆင်းလို့ရပြီ။ campaign ဆင်းလို့ရပြီ ဆိုတဲ့နေရာမှာ လူထု ဆန္ဒမဲပေးအောင် ဘယ်လို စည်းရုံးမလဲ၊ ဆန္ဒမဲ ပေးတဲ့နေရာမှာ မဲဆန္ဒရှင်တွေကို အဓိက ပညာပေးနိုင်အောင်ပေါ့၊ မဲပေး မမှားအောင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့ပါတီက၊ ဥပမာ အရင်တုန်းက ကျနော်တို့က ခမောက်နဲ့ သင်္ကေတလုပ်ပြီး မဲပေးခဲ့တယ်။ အခုက အခုထက်ထိ တချို့နေရာတွေမှာ ခမောက်ကို NLD လို့ပဲ ထင်ယောင်ထင်မှား ဖြစ်နေသေးတယ်။ အဲဒါတွေကို ကျနော်တို့ ကြားနေရတယ်ပေါ့လို့ ပြောတယ်။ ဆိုတော့ အဲဒါတွေကို ဘယ်လိုလုပ်ကြမလဲ၊ အဲဒါမျိုးတွေ ဆွေးနွေးကြတာ ရှိပါတယ်။ အခု ကျနော်တို့ နယ်ကလာတဲ့ အတွေ့အကြုံတွေအရ လုပ်ရတာတွေ ဘာတွေကတော့ ခုထက်ထိ ဇဝေဇ၀ါ ဖြစ်နေသေးတယ် ဆိုတဲ့သတင်းတွေ ကျနော်တို့ ရတဲ့အကြောင်း ဆွေးနွေးကြတော့ အဲဒါတွေကို လူထုကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်၊ သိအောင်ပေါ့။ သူတို့လည်း မမှားအောင်ပေါ့လေ အကူအညီပေးရမယ်။ အဲဒါတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်ခင်ဗျ။”

ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲမှာ ရှိမယ့် ကြိုတင်မဲ ကိစ္စတွေမှာ မသာမာမှု မဖြစ်ရအောင် NLD က စောင့်ကြည့်သွားမယ်လို့လည်း ပြောပါတယ်။

“ကြိုတင်မဲကတော့ ကျနော်တို့က နောက်ထပ် ကော်မရှင်မှာ ဖော်ပြထားတဲ့အတိုင်း ကြိုတင်မဲက စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ ဖြစ်ရဲ့လားပေါ့နော်။ အဲဒါ ကျနော်တို့ စောင့်ကြည့် ရမှာပေါ့။

ဒီဟာကို မြို့နယ်အလိုက် မြို့နယ်အလိုက် အောင်နိုင်ရေး ကော်မတီတွေကနေ စောင့်ကြည့် ရမှာပေါ့။”

အခု ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း စည်းရုံးရေး မဆင်းခင်မှာ ပါတီ စည်းရုံးရေးအဖြစ် လာမယ့် ဖေဖော်ဝါရီလ ၄ ရက် နဲ့ ၅ ရက်နေ့ တွေမှာ မန္တလေးတိုင်းကို ဒေါ်အောင်ဆန်းစုကြည် သွားဖို့ စီစဉ်ထားသလို တခြား တိုင်းနဲ့ ပြည်နယ်တွေကိုလည်း သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“မန္တလေး ဆိုရင် ၄ ရက်နေ့၊ ကျနော်တို့ သွားဖို့ ရှိပါတယ်။ နောက်ပြီးတော့ ပုသိမ် ဆိုရင် ၇ ရက်နေ့ သွားဖို့ ရှိပါတယ်။ ကျန်တဲ့ရက်တွေကတော့ ကျနော်တို့ အသေးစိတ် သတ်မှတ်ထားတယ်လို့ မရှိသေးပါဘူး။ နောက် ရှမ်းပြည်မြောက်ပိုင်း သွားဖို့ရှိတယ်လို့ ကျနော်တို့ သိပါတယ်။ ကချင်ပြည်နယ်ဘက်လည်း စီစဉ်တော့ စီစဉ်နေပါတယ်။ အဲဒါမျိုးတွေ ရှိပါတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင် ပြောပြခဲ့တာပါ။ ဒ့ါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝင်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်းမှာ စည်းရုံးရေးခရီးတွေ ထွက်ဖို့ရှိပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာစလုံးကို NLD ပါတီက ၀င်ပြိုင်မှာဖြစ်သလို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကြောင်းအတွက် ပြန်လည် ရှင်းပြထားတဲ့ စာအုပ်ငယ်တွေကိုလည်း အများပြည်သူ ဖတ်ရှု လေ့လာနိုင်အောင် NLD ပါတီက မကြာခင် ဖြန့်ဝေမယ်လို့လည်း ပြောပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ကော့မှူးမြို့နယ်က ပြည်သူတွေ ဂုဏ်ပြု ကြိုဆိုကြတဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းတွေ(ရုပ်/သံ)

မစုစုနွေး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားတွေ ၂၀၀၇ မျိုးဆက် ကျောင်းသားတွေ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ကော့မှူးမြို့နယ်က ရာနဲ့ချီတဲ့ ဒေသခံတွေက ကြိုဆို ဂုဏ်ပြု ခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ မစုစုနွေးက လယ်သမား အရေးကိစ္စနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပြီး လယ်သမားတွေကိုလည်း အမှန်အတိုင်း ပြောရဲကြဖို့ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ကိုမျိုးအောင်နိုင်ကလည်း တိုင်းရင်းသား ဒေသတွေအပေါ် ထိုးစစ် ဆင်နေတဲ့ စစ်ပွဲတွေကို ချက်ချင်း ရပ်ဖို့ တောင်းဆို သွားခဲ့ပါတယ်။ ဒါ့အပြင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းဝန်းထောက်ခံ ဝန်းရံဖို့ ပြောသွား ခဲ့ကြပါတယ်။



source by : http://www.burmavjmedia.net

အပြည့်အစုံ ဖတ်ရန် ...

ထားဝယ်သားတွေ သောင်းသောင်းဖြဖြ ကြိုဆိုကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စည်းရုံးရေး ခရီးစဉ်(ရုပ်/သံ)



source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 29, 2012

ထားဝယ်မြို့မှာ ဟောပြောခဲ့တဲ့ အမေစုရဲ့ ဟောပြောချက်လေးပါ (အသံဖိုင်)

ထားဝယ်မြို့မှာ ဟောပြောခဲ့တဲ့ အမေစုရဲ့ ဟောပြောချက်လေးပါ...

နေရာ - ဗိုလ်ချုပ်လမ်း တော်ဝင်ဦးဘေဘီစတိုး

အချိန် - မွန်းလွဲ ၄း၀၀ နာရီ


source by : http://soundcloud.com/moethoutpan

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် စည်းရုံးရေးခရီးစဉ် (ရုပ်/သံ)




source by : http://www.reuters.com/info

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်မြို့ စည်းရုံးရေး ခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည် သည် တနသာင်္ရီတိုင်း ထားဝယ်မြိုသို့ နိုင်ငံရေး ခရီးစဉ်အဖြစ် ထွက်ခွာရန် ယနေ့ နံနက် ၇ နာရီ ခန့်တွင် မြန်မာ့လေကြောင်းဖြင့် လိုက်ပါရန် ရန်ကုန် ပြည်တွင်း လေဆိပ်ကို ရောက်ရှိ လာပါသည်။

အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ထားဝယ်မြို့ လေဆိပ်ကတည်းက လူပရိသတ် ခန့်မှန်းခြေ တထောင်ကျော် စောင့်ဆိုင်းကြိုဆိုလျှက်ရှိပါသည်။ ၎င်းးနောက် မြို့တွင်းသို့ကားများဖြင့် ၀င်ရောက်လာရာ လမ်းဘေး ၀ဲယာ ပရိတ်သတ်များ ယာဉ်တန်းနောက်မှ ဆိုင်ကယ်များဖြင့် လိုက်ပါလာကြသည့် လူပရိတ်သတ်မှာ ထောင်သောင်းချီရှိမည်ဟု ထားဝယ်မြို့ခံ ၀ိုင်ပီအိုင် သတင်းထောက်က ပြောပါသည်။ နေ့ခင်းပိုင်းတွင် လောင်းလုံသို့ သွားရောက်လျှက်ရှိရာ ညနေ လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

Daw_10(ဓါတ်ပုံ - အင်တာနက်)

ခရီးစဉ်ကို အသေးစိပ်ဖေါ်ပြပါက လေဆိပ်မှ ပထမ (၃၅) မိနစ်အတွင်း လမ်းပိတ်ဆို့မှုများဖြစ်ပွားလျက်ရှိပြီး၊ ဒေါ်အောင် ဆန်းစုကြည်ယာဉ်တန်းသည် လောင်းလုံမြို့နယ် သို့ထွက်ခွာလျက်ရှိသည်။ လမ်းခရီးတလျှောက်တွင် ထားဝယ်မြို့ခံ ပြည်သူသိန်းချီပြီး လမ်းဘေးဝဲယာတလျှောက် ကြိုဆိုနှုတ်ဆက်နေကြပါသည်။


Welcome_Daw_Su_in_Tavay

လိုက်ပါပို့ဆောင်ပေးသော ထားဝယ်ပြည်သူများ (အင်တာနက်)

ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းဖြတ်သန်းရာ လမ်းမတလျှောက်လုံး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အလံတော်များ ဝှေ့ယမ်းကြိုဆိုနေကြပါသည်။ “ကျမကို ထောက်ခံတာနဲ့ တန်အာင် ကျမတို့က အလုပ်လုပ်မယ်” ဒေါ်အောင်ဆန်း စုကြည် ယာဉ်တန်းတွင် ယာဉ်စီးရေ စုစုပေါင်း ၆၀ ကျော် လိုက်ပါနေပြီး ဆိုင်ကယ် အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသည်။..လူတိုင်း၏ လက်ထဲတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံငယ်များ ကိုင်ဆောင် ဝှေ့ယမ်းနေကြပါသည်။

Daw_su_e

ထားဝယ်မှ တခြားမြို့နယ်သို့ ပြေးဆွဲနေသော လိုင်းကားများ ဒီနေ့မှာနားပြီး ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း အများပြည်သူ အဆင်ပြေစေရန် ကူညီလျှက်ရှိကြောင်း သိရပါသည်။

ထားဝယ်မြို့ခံ အချို့က ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို လက်ပြရင်း မျက်ရည်များကျကာ အော်ဟစ်ငိုကြွေးနေကြသည်။

ယာဉ်တန်းနောက် လိုက်ပါနေသော မော်တော်ယာဉ် ဆိုင်ကယ်အရေအတွက် ရာပေါင်းများစွာ ရှိနေပါသည်။

Daw_09

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်

အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ပထမဆုံးခရီးစဉ် အဖြစ် ထားဝယ်မြို့သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိ ခဲ့ပါသည်။

ဒေါ်အောင်စုကြည်ကို ကြိုပို့ပေးနေသော ပါဂျဲရိုကားမှာ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီမှ (အမျိုးသားလွှတ်တော်) အမတ် ဦးသန်းဆွေ၏ ကားဖြစ်ပြီး သူက..ကျနော့်ညီမလေးကလည်း ကြံ့ဖွံ့ပါပဲ အရမ်းဝမ်းသာတယ်တဲ့၊ အမေစုကို မြင်ရတာ...ထားဝယ်မှာ မဲထည့်ရင်တော့ NLD ကိုပဲ မဲထည့်မယ်တဲ့ ကြံ့ဖွံ့အဖွဲ့ထဲကို အခွင့်ရေးလေးရလို့ ဝင်ထားတာတဲ့ ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည်၊ နေ့ခင်းပိုင်းတွင် လောင်းလုံသို့ သွားရောက်ပြီး ညနေပိုင်းတွင် လေယာဉ်ဖြင့် ရန်ကုန်မြိုသို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။


source by : http://www.phophtaw.org

အပြည့်အစုံ ဖတ်ရန် ...

ကိုမင်းကိုနိုင်ရဲ့ ကဗျာ



ကျနော်တို့ဟာ
မုန်တိုင်းကို ဆန်ရင်း
သင်းကွဲကြတဲ့ ငှက်အုပ်ပါ။

ပိတောက်နံ့သင်းတဲ့ လေပြေအေး
ဂေဟာဟောင်းကို တံခါးဖွင့်ဝင်
တူးပို့ တူးပို့ ဗုံသံလေး
ညီမလေးကို ထ,က,အောင်
ပြိုင်တူလက်ခုပ်တီးမယ်လို့
ပြန်ဆုံမယ့်နေ့ အမေ့အိမ်မှာ ...။

ခုနေမှာတော့
တယောက်အနားဖေး တယောက်ဆေးတင်
တယောက်ရင်ခွင် တယောက်မေးတင်လို့ ...။

ကျနော်တို့မှာ ... လိုအပ်တာ
ဘယ်အချိန်ထ,ဆိုဆို
‘အိုးဝေ’ သံချို ညီဖို့ပဲမဟုတ်လား။ ။

ယုံကြည်တဲ့ ...

မင်းကိုနိုင်

source by : http://drlunswe.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ ရောက်ရှိ (ဓါတ်ပုံ)



Photo @ DVB

အပြည့်အစုံ ဖတ်ရန် ...