Saturday, January 14, 2012

အေအေပီပီ မှ စုဆောင်း ရရှိသမျှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများ စာရင်း

လွတ်မြောက် လာသော နိုင်ငံရေး အကျဉ်းသားများ စာရင်း

(ဇန္န၀ါရီ ၁၄ နံနက် အထိ စုဆောင်း ရရှိသမျှ)

Open publication - Free publishing

source by : http://www.burmavjmedia.net

အပြည့်အစုံ ဖတ်ရန် ...

NLD ပါတီက ထုတ်ဝေတဲ့ ‘D Wave’ ဂျာနယ် အယ်ဒီတာ နှင့် အင်တာဗျူး(ရုပ်/သံ)



နိုင်ငံရေးပါတီတစ်ခုက ထုတ်ဝေတဲ့ ဂျာနယ်ဖြစ်ပေမဲ့ အစိုးရတရပ်က ထုတ်တဲ့ သတင်းစာပုံစံမျိုး မဖြစ်အောင် ကြိုးစားသွားပါမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီလှိုင်း( D Wave ) ဂျာနယ်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ထုတ်ဝေတော့မှာ ဖြစ်တယ်လို့ အယ်ဒီတာ အဖြစ် တာဝန်ယူထားတဲ့ မနီမိုလှိုင် က ပြောပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

အရှင်ဂမ္ဘီရ နှင့် မဂ္ဂင်ကျောင်းတိုက် မြင်ကွင်း



source by : http://www.burmavjmedia.net

အပြည့်အစုံ ဖတ်ရန် ...

ပေါင်းတည်မြို့မှ လူထုကြီးကို မိန့်ခွန်းပြောနေတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် (ရုပ်/သံ)



source by : http://www.youtube.com/user/4shokelay

အပြည့်အစုံ ဖတ်ရန် ...

ဘူးသီးတောင်ထောင်မှ လွတ်မြောက်လာသော ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိ (ရုပ်/သံ)




မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ခေတ်ကို ပြောင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံရေး ဖြစ်ပါတယ်။

ဒီခေတ်ကို ပြောင်းနိုင်အောင် ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံက ပူးပေါင်း ကြိုးစား သွားကြမယ်လို့ ဘူးသီးတောင်ထောင်က လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်က ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိလာစဉ် ပြောဆိုလိုက်ပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

ဘူးသီးတောင်ထောင်မှ လွတ်မြောက်လာသော ဗကသကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိ (ရုပ်/သံ)



ဗကသကျောင်းသားခေါင်းဆောင် ကိုစည်သူမောင် သည် ဘူးသီးတောင်ထောင်ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်မြောက်လာပါတယ်။

ကိုစည်သူမောင်ဟာ ရွှေဝါရောင်ဆန္ဒပြပွဲ အတွင်း ဦးဆောင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် ၁၁ နှစ်ခွဲ ချမှတ်ခံခဲ့ရပြီး နယ်ဝေးထောင်ကို အပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုစည်သူမောင်ရဲ့ မိဘနှစ်ပါးဟာလည်း အာဏာပိုင်တွေမှ ကိုစည်သူမောင် ကို လာရောက် ဖမ်းဆီးစဉ် အိမ်တံခါးဖွင့်ပေးဖို့ နောက်ကျမှုနဲ့ ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

အခုအခါ စည်သူမောင်ဟာ ဘူးသီးတောင်ထောင်ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်မြောက်လာပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရဲ့ နှုတ်ခွန်းဆက်မိန့်ခွန်း (မြောက်ဥက္ကလာမြို့နယ်) ဇန်န၀ါရီလ ၁၄ ရက်၊၂၀၁၂ (ရုပ်/သံ)



သရက်ထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် သည် ဇန်န၀ါရီလ ၁၄ ရက် ည ၈နာရီခွဲမှာ ရန်ကုန်မြို့ကို ရောက်ရောက်ချင်းပဲ မြောက်ဥက္ကလာမြို့နယ် ကနေ ကြိုဆိုနေတဲ့ လူထုကြီးကို မိန့် ခွန်းပြောခဲ့ပါတယ်။

ပြည်သူလူထုအား နှုတ်ခွန်းဆက် မိန့်ခွန်းပြောကြားပြီးနောက် မယ်လမု ဘုရားကို သွားရောက်ဖူးမြှော်ခဲ့ပါတယ်။ ကိုမင်းကိုနိုင် ပြန်လာရာ လမ်းတလျှောက် မြို့နယ်များမှာလည်း ကြိုဆိုနေတဲ့ ပြည်သူတွေကို မိန့်ခွန်း ပြောကြားပေးခဲ့ရပါသေးတယ်။

၂၀၀၇ လောင်စာဆီ ဈေးနှုန်းကြီးမြှင့်မှုကြောင့် ပြည်သူလူထုတွေရဲ့ ဆန္ဒကို ဦးဆောင်ထုတ်ဖော်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက် ခဲ့မှုကြောင့် ကိုမင်းကိုနိုင် နှင့် အခြား ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၆၅ နှစ် အထိ အချခံခဲ့ကြရတာပါ။

source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု အိုဘားမား ချီးကျူး

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တာကို အမေရိကန်သမ္မတ ဘရက်အိုဘားမားက ကြိုဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမား ဘယ်လိုပြောလိုက်တာပါလဲ။ ဦးကျော်ဇံသာက အပြည့်စုံ တင်ပြထာပါတယ်။

“ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ထိရောက်တဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဘယ်လို အားပေးနိုင်တယ်၊ နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လို တိုးတက်လာနိုင်တယ် ဆိုတာ ကျနော် လွန်ခဲ့တဲ့နှစ်လလောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ သမ္မတ ဦးသိန်းစိန်နဲ့ရော ဆက်သွယ် ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ဟီလာရီကလင်တန်ဟာ ရာစုဝက်အတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ပထမဦးဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဓိက အချက်တစ်ခုကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွတ်ပြီး နိုင်ငံရေးမှာ အပြည့်အ၀ ပါဝင်ဆောင်ရွက်ခွင့် ရရှိလာရေးပဲ ဖြစ်ပါတယ်။ အဲဒီကစပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ရေး အပါအ၀င် အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာခဲ့ပါတယ်။

ကေအဲန်ယူနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာလည်း အရေးပါတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ဒီကနေ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော် ချီးကျူးထောပနာ ပြုပါတယ်။

ဒါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဓိက ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုပြီး အစိုးရနဲ့ ဆက်လက် ဆွေးနွေးမယ်ဆိုတဲ့အတွက်လည်း ကျနော် ၀မ်းမြောက်ဝမ်းသာ ရှိရပါတယ်။

အခုလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ယခင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အားလုံး နိုင်ငံရေးမှာ အပြည့်အ၀ ပါဝင်လုပ်ဆောင်ခွင့် ပြုဖို့၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ အားလုံးကို လွှတ်ပေးဖို့လည်း ကျနော် တိုက်တွန်းလိုက်ပါတယ်။ ကျနော် အင်ဒိုနီးရှားမှာတုန်းက မြန်မာနိုင်ငံမှာ တိုးတက်မှု အလင်းစလေး ပေါ်ထွက်လာတာ တွေ့ရတယ်လို့ ဆိုခဲ့ပါတယ်။ ဒီနေ့အခါမှာ အဲဒီအလင်းစဟာ ပိုမို တောက်ပလာခဲ့ပါပြီ။ အကျဉ်းသားတွေဟာ သူတို့ မိသားစုတွေ၊ သူတို့ပြည်သူတွေနဲ့အတူ ဆုံဆည်းပြီး ဒီမိုကရေစီ ရှေ့ခရီးကို မြင်တွေ့လာရပါပြီ။

မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေ ပြည့်ဝဖို့အတွက် အများကြီး ဆက်လက် လုပ်ဆောင်သွားကြရဦးမှာ ဖြစ်ပေမဲ့ ကျနော်တို့ဟာ မြန်မာအစိုးရနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီသမိုင်းဝင် အခွင့်အလမ်းကို လက်မလွှတ်ရအောင် မြန်မာအစိုးရနဲ့ရော၊ မြန်မာပြည်သူတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဟီလာရီကလင်တန်နဲ့အတူ ကျနော့်ရဲ့ အစိုးရအဖွဲ့ကို ကျနော် ညွှန်ကြားထားပါတယ်။

လူတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် ကျနော် ဆက်လက် ထောက်ခံသွားပါမယ်။ ယုံကြည်မှုကြောင့် အကျဉ်းကျနေသူတွေ လွတ်မြောက်ရေး၊ ဒီမိုကရေစီအစိုးရ ပေါ်ထွန်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တို့အတွက် အစိုးရက ရှေ့တိုး ဆောင်ရွက်လာတာနဲ့အမျှ ကျနော်တို့ ပူပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Friday, January 13, 2012

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုလှမျိုးနောင် နှင့် အင်တာဗျူး(ရုပ်/သံ)



source by : http://www.youtube.com/user/mgbamar1969

အပြည့်အစုံ ဖတ်ရန် ...

နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)




source by : http://www.youtube.com/user/DVBBurmese

အပြည့်အစုံ ဖတ်ရန် ...

အိုးဝေ ... အိုးဝေ ...

ဒေသခံတွေနဲ့ ကိုမင်းကိုနိုင်

နာဂစ်ဒေသ ကူညီသူ စာနယ်ဇင်းဆရာ ကိုဇော်သက်ထွေး

ကိုဂျင်မီ/ကိုကျော်မင်းယု

မနီလာသိန်း

ကိုဂျင်မီ၊ မနီလာသိန်း နဲ့ သမီး

ကိုကိုကြီး

ရွှေသံစဉ် ကိုဝင်းမော်



သရက်ထောင်က လွတ်လာတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်

ဘူးသီးတောင်ထောင်က လွတ်လာတဲ့ ကိုဌေးကြွယ်

ကော့သောင်းထောင်ကအထွက် ကိုပြုံးချို (ဓာတ်ပုံ - ကော့သောင်း NLD)

ဘားအံမှ လွတ်လာသော ဘလော်ဂါ နေဘုန်းလတ်

မုံရွာထောင်မှ လွတ်လာသူများ - မျက်မှန်တပ်ထားသူ ဒီငြိမ်းလင်း

source by : http://www.irrawaddyblog.com

အပြည့်အစုံ ဖတ်ရန် ...

ဦးခွန်ထွန်းဦး နှင့် အင်တာဗျူး

ချင်းမိုင် (မဇ္ဈိမ) မျိုးသန့် | ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးက သူ့ကို စွဲချက် တင်ခဲ့သည့် နိုင်ငံတော်ပုန်ကန်မှုနှင့် ပတ်သက်၍ သူသည် နိုင်ငံတော် ပုန်ကန်သူ တဦး မဟုတ်ဟု ငြင်းဆိုလိုက်ပြီး မိမိ နိုင်ငံတော် ပုန်ကန်သည်မှာ မှန်ကန်ပါက ဖမ်းသည့်နေရာတွင်ပင် ပစ်သတ်ကာ အပြစ်ပေး၍ရကြောင်း မဇ္ဈိမကို ပြောသည်။

ကြာသပတေးနေ့က နိုင်ငံသမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အကျဉ်းသား ၆၅၁ ဦးကို လွှတ်ပေးခဲ့ရာ ဦးခွန်ထွန်းဦး အပါအဝင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားများ သောကြာနေ့က ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။

အသက် ၆၇ နှစ်ရှိ ဦးခွန်ထွန်းဦးကို လွတ်မြောက်လာမှုအပေါ်အမြင်၊ လက်ရှိ အစိုးရအပေါ်သဘောထား၊ တိုင်းရင်းသားအရေး၊ SNLD ရှေ့ဆက်လုပ်ဆောင်သွားမည့် အပေါ်သုံးသပ်ချက်များ၊ အဖမ်းခံရမှုနှင့်ပတ်သက်၍ သူ၏ ခံစားမှု စသည်တို့ကို မဇ္ဈိမသတင်းထောက် မျိုးသန့် က မေးမြန်းထားခြင်းဖြစ်သည်။

၂ဝ၁ဝ ခုနှစ်အတွင်း ဖျက်သိမ်းခံရသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးမှာ ရှမ်းလူမျိုး အတိုက်အခံများကို စုစည်းပေးမည့် ရှမ်းပြည်အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းခြင်းကြောင့် ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလအတွင်းက ဖမ်းဆီခံခဲ့ရပြီး နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၉၃ နှစ်ကျခံရန် အပြစ်ပေးခြင်း ခံခဲ့ရသူဖြစ်သည်။


ပထမဆုံး မေးချင်တာက အန်ကယ်တို့ လွတ်လာမယ်ဆိုတာ ကြိုပြီးတော့ ပြောတာရှိလား။ ကြိုပြီး သိရသလားခင်ဗျ။

"ကြိုပြောတာတော့ မရှိဘူး။ ဒါပေမယ့် ညနေပိုင်း သတင်းတော့ကြားတယ်။ ထူးတယ်ထူးတယ်ပေါ့။ ည ရှစ်နာရီ ခွဲလောက်ကျတော့ ထောင်ဝန်ထမ်းလေးတွေက ကျနော်ပါတဲ့အကြောင်း လာပြောတော့ သိရတာပါ။"


လွှတ်ပေးလိုက်တာမှာ ခံဝန်ချက်တို့ လက်မှတ်စုံတရာ ထိုးခဲ့ရတာရှိလား ခင်ဗျာ။

“ကျနော် ဘာမှ မထိုးခဲ့ရပါဘူး။”


အခုလို လွတ်လာတဲ့အပေါ်မှာကော ဘယ်လိုခံစားမှုဖြစ်လဲ။

"ကျနော် ဘယ်လို Feeling မှ မဖြစ်ပါဘူး။ ဝမ်းလည်း မသာပါဘူး။ ကျနော်တို့ကို အပြစ်မရှိဘဲ ဖမ်းဆီး ထောင်ချ ထားတာလို့ပဲ မြင်ပါတယ်။"


ဟုတ်ကဲ့ အန်ကယ့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းတယ်လို့လည်း သိရတယ်၊ တကယ်ကော နိုင်ငံတော် ပုန်ကန်မှု မြောက်ရဲ့လား။

"ကျနော်တို့ကို အပြစ်မရှိဘဲ ဖမ်းသွားတာသာ ဖြစ်ပါတယ်။ ကျနော့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းတယ်။ ကျနော် SNLD ဥက္ကဋ္ဌ တယောက်အနေနဲ့ ဒီလိုမျိုး လုပ်မလားဗျာ၊ ပြောတာတော့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမိန့်နဲ့ ကျနော့်ကို ဖမ်းတယ်လို့ပြောတယ်။ ကျနော် တကယ်သာ နိုင်ငံတော်ပုန်ကန်တာ မှန်ခဲ့ရင် ဖမ်းစရာမလိုဘူး၊ တခါတည်း ပစ်သတ်လိုက်ပါ။ နောက်တခုက ရှမ်းပြည်အတိုင်ပင်ခံ အဖွဲ့ဖွဲ့လို့ ဖမ်းတယ်လို့ပြောတယ်။ တခြားသူတွေလည်း ဖွဲ့တာပဲ ကျနော်တို့ ရှမ်းတွေကိုမှ ဖမ်းတယ်ဗျာ။"


အစိုးရက အခုလွှတ်ပေးတာဆိုရင် လေးကြိမ်မြောက်လွှတ်ပေးတာပေါ့။ အဲဒီလို တဖြည်းဖြည်း လွှတ်နေရင်းက အန်ကယ်တို့လို နိုင်ငံရေးအကျဉ်းသားတွေ ပါလာတယ်။ ဒီလွှတ်ပေးမှု အပေါ်မှာ ဘယ်လို သဘောထားပါသလဲ။

"မစ္စကလင်တန်ကိုလည်း ကတိပေးလိုက်ပြီ၊ အာဆီယံ ဥက္ကဋ္ဌ ရာထူးကိုလည်း ယူမယ်ဆိုတော့ သူတို့အနေနဲ့ ဒီဟာကို နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးလို့ မရတော့တဲ့ အနေအထားပေါ့။ အဲဒါကြောင့် ကျနော်တို့ကို ဆက်ထားလို့ မဖြစ်တော့လို့ လွှတ်ပေးလိုက်တယ်လို့ ထင်ပါတယ်။ အစိုးရက လမ်းကြောင်း ပြောင်းလာပြီ ဒီမိုကရေစီ လမ်းကြောင်းကို သွားမှဖြစ်တော့မယ်။"


သမ္မတရဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်အရ ထာဝရ ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လွှတ်ပေးတယ်ပေါ့။ တကယ်ကော ဒီရည်ရွယ်ချက်တွေ ဆန္ဒတွေနဲ့ လွှတ်ပေးတယ်လို့ အန်ကယ်ထင်သလား။

"ကျနော် ဒီအပေါ်မှာတော့ ၅၅ ရာခိုင်နှုန်းပဲ ယုံကြည်ပါတယ်။ ရာနှုန်းပြည့်တော့ မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မနေ့ကပဲ ကရင်နဲ့ လက်မှတ်ထိုးလိုက်တယ်။ ကချင်ဘက်မှာတော့ စစ်ဖြစ်နေတုန်းဆိုတော့ ကျနော် အပြည့်အဝ ယုံကြည်လို့ မရသေးပါဘူး။"


အန်ကယ် ထောင်ကျခံရတဲ့ကာလတုန်းကတော့ စစ်အုပ်ချုပ်ရေးပေါ့၊
ခုတော့ အရပ်သား အစိုးရတော့ပေါ်လာပြီလို့ ဆိုကြတယ်။ ဆိုတော့ ထောင်က ထွက်ထွက်ချင်း ထူးခြားတဲ့ ပြောင်းလဲမှုတခု ဘာမြင်ရ သလဲ။


"တော်တော်တော့ ပြောင်းလဲ တိုးတက်တယ်လို့ ကျနော် မပြောနိုင်ပါဘူး၊ ဒါပေမယ့် ထူးခြားတာကတော့ မီဒီယာသမားလေးတွေ တော်တော်လေး များလာတာ တွေ့ရပါတယ်။ အဲဒါကလည်း တိုးတက်ပြောင်းလဲမှုလို့ ထင်ပါတယ်။"


မီဒီယာသမားတွေ များလာတာကို တိုးတက်မှုလို့ ဘာ့ကြောင့်ပြောနိုင်တာလဲခင်ဗျာ့။

"မီဒီယာဆိုတာ ခင်ဗျားလည်းသိပါတယ်၊ ကျနော်တို့ ထောင်ထဲမှာနေရတာက “ဟင်းကိုမလို သတင်းသာ လိုတယ်” လို့ ပြောကြတာကိုး။ အပြင်မှာ ဖြစ်ပျက်နေတာတွေကို ကျနော်တို့ မီဒီယာတွေကတဆင့် သိရတာ ဖြစ်ပါတယ်။ ဒီလို မီဒီယာက တိုးတက်လာတာကို ကျနော် တော်တော်လေး အားရပါတယ်။"


အစိုးရသစ် တက်လာအပြီးမှာကော ထောင်တွင်း ပြောင်းလဲမှု အခြေအနေတွေ ဘယ်လိုရှိပါသလဲ။

"ကျနော်တို့ ဂျာနယ်တွေ ထွက်သမျှ ဖတ်ခွင့်ရပါတယ်၊ TV လည်းကြည့်လို့ ရတယ်။ ရေဒီယိုလည်း ခိုးနားထောင်လို့ ရတယ်ပေါ့။ နောက် ထောင်ဝန်ထမ်းတွေ ကျနော်တို့ အပေါ်မှာ ဆက်ဆံတာတွေလည်း ညင်ညင်သာသာ ရှိပါ တယ်။ ဒီ ၂ဝ၁ဝ အတွင်းမှာတော့ ထောင်တွင်းမှာ ပြောင်းလဲလာပါတယ်။"


ပြောင်းလဲမှုလို့ ပြောလို့ရနိုင်တဲ့ အခြားတချက်လည်း ရှိပါသေးတယ်။
NLD ရွေးကောက်ပွဲ ဝင်တဲ့ အချက်ပေါ့။ အဲဒီအပေါ်မှာကော အန်ကယ် ဘယ်လိုသဘောထားပါသလဲ။


"NLD ရွေးကောက်ပွဲဝင်တဲ့ အပေါ်မှာတော့ ကျနော်သဘောထား မပေးလိုပါဘူး။ ဒါပေမယ့် NLD ဟာ ပြည်သူ လူထု ရှေ့က ရပ်တည်ဖို့ အတွက် ရွေးကောက်ပွဲ ဝင်တယ်လို့ ထင်ပါတယ်။ ပြည်သူရှေ့က မားမားမတ်မတ် ရပ်တည်နိုင်မယ်လို့လည်း ယူဆပါတယ်။"


အန့်ကယ့်ရဲ့ ပါတီဖြစ်တဲ့ SNLD ဟာလည်း NLD နဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ညီနောင်ပါတီလို့ ပြောရင် ရတယ်ပေါ့။ ဒီ ညီနောင်ပါတီတခုဖြစ်တဲ့ NLD က ရွေးကောက်ပွဲဝင်သွားပြီဆိုတော့ SNLD ရဲ့ အလား အလာကကော အန်ကယ့် တဦးတည်း သဘောထားကို ပြောပြပေးပါ။

"ကျနော့်တဦးတည်းအမြင်ကတော့ SNLD တရားဝင်ပါတီမဖြစ်ရင်၊ ကျနော်တို့ စာရွက်စာတမ်းတွေကအစ ထုတ်လို့ မရနိုင်ဘူး၊ SNLD မှတ်ပုံတင်ကောင်း တင်မယ်။ ရွေးကောက်ပွဲတော့ ဝင်ဖို့ အချိန်မရတော့ဘူးပေါ့။

တရားဝင်ပါတီ တခုဖြစ်မှသာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်နိုင်မှာဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကတော့ ကျနော့် တဦးတည်းရဲ့ သဘောထားပါ။ ဒီကိစ္စတွေ ကျနော့် ပါတီဝင်တွေနဲ့ ဆွေးနွေးရဦးမှာပါ။"


နောက်ချက်ကတော့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ လုံးပန်းနေတာရှိတယ်။ ဒီလိုမျိုး လုပ်နေတာတွေ အောင်မြင်ဖို့ အလားအလာ ဘယ်လို မြင်ပါ သလဲ။

"ငြိမ်းချမ်းရေး လက်မှတ်ထိုးတဲ့ကိစ္စတွေကတော့ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါ ပြည်ထောင်စုက ခွဲထွက်ဖို့မဟုတ်ပါဘူး။

ဒီကိစ္စဟာ အနာလည်းသိ ဆေးလည်းရှိပြီး ဖြစ်ပါတယ်။ အဲဒီ ကိစ္စကို ပြေလည်အောင်လုပ်ပေးဖို့ လိုပါတယ်။"


ဒီကိစ္စတွေကိုကော အစိုးရက လုပ်ပေးလာမယ်လို့ ယူဆလို့ရမလား။

“ခုဏ ကျနော် ပြောသလိုပဲ ကျနော် ၅၅ ရာခိုင်နှုန်းပဲ အခု အစိုးရကို အမှတ်ပေးထားပါတယ်။”


လွတ်လာပြီဆိုတော့ ဘာဆက်လုပ်မလဲ။

"လောလောဆယ်တော့ ကျနော်ဘာမှ မစဉ်းစားရသေးပါဘူး။ SNLD ကိစ္စတော့ ကျနော့် ဗဟိုကော်မတီဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်ရပါဦးမယ်။"

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ပြည်ထောင်စုဝန်ကြီး ၅ဦး နေရာ ပြောင်းလဲ သွားကြောင်း (အထူးသတင်းကြေငြာချက်)

ဦးသိန်းစိန် အစိုးရ အဖွဲ့အတွင်းမှာ ပြည်ထောင်စုဝန်ကြီး ၅ဦး နေရာ ပြောင်းလဲ သွားကြောင်း နေပြည်တော်မှ သတင်း ရရှိသည်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနေတဲ့အချိန်နဲ့ ၀န်ကြီးအပြောင်းအလဲများ တိုက်ဆိုင်နေသည်။


source by : http://www.thithtoolwin.com

အပြည့်အစုံ ဖတ်ရန် ...

စစ်ဘီလူးများကြားက ခွပ်ဒေါင်း

အမျိုးသားဝတ်စုံနဲ့ ဇာတိမာန်အပြည်နဲ့ နောက်ထပ် ဒို့အမျိုးသားခေါင်းဆောင်တယောက် အကျဉ်းထောင်ပေါက်မှ လှမ်းလျှောက်လာစဉ်...........



စစ်ဘီလူးများကြားက ခွပ်ဒေါင်း
မညောင်းအစဉ် ခတ်တဲ့တောင်ပံနဲ့
ဒေါင်းအလံသူစိုက်ဖို့ သူထွက်ခဲ့ပြီ
သူလည်းလေ အမျိုးသားခေါင်းဆောင်မည်ပေသမို့
ပြည်သူအပေါင်းက ကြိုလင့်လို့ မေတ္တာပို့။

(အေးနန္ဒာအောင်-JAPAN)

အပြည့်အစုံ ဖတ်ရန် ...

အကျဉ်းသားများ လွတ်မြောက်၊ နိုင်ငံရေး အကျဉ်းသား အများအပြား ပါဝင်(တိုက်ရိုက်တင်ဆက်မှု)

မဇ္ဈိမ သတင်းဌာန | သမ္မတ ဦးသိန်းစိန်မှ ကြာသပတေးနေ့ ကြေညာချက်အရ သောကြာနေ့တွင် အကျဉ်းသား ၆၅၁ ဦး လွှတ်ပေးလိုက်ရာ ၈၈ ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများစွာ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ပြန်လည်လွတ်မြောက်လာကြသည်ဟု နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအသင်း မြန်မာနိုင်ငံ၏ ကနဦး ရရှိထားသည့် စာရင်းများအရသိရသည်။

မဇ္ဈိမက ရရှိထားသည့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကနဦး စာရင်းကိုတင်ပြပေးလိုက်သည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးခွန်ထွန်းဦး၊ ကိုဌေးကြွယ်၊ ပဏ္ဍိတ်ထွန်း၊ အရှင်ဂမ္ဘီရ၊ မမီးမီး၊ မနီလာသိန်း၊ ကိုဉာဏ်လင်း၊ မသက်သက်အောင်၊ ကိုဇော်ဇော်မင်း၊ အံဖွယ်ကျော်၊ ဒေါက်တာတင်မင်းထွဋ်၊ မင်းဇေယျာ၊ ကိုမြအေး၊ ကိုဂျေမီ၊ ကိုမျိုးအောင်နိုင်၊ ကိုသန်းတင်၊ ကိုလှမျိုးနောင်၊ ကိုသက်ဇော်၊ ကိုပြုံးချို၊ ကိုဇော်သက်ထွေး၊ မစန္ဒာမင်း၊ ဦးညီပု တို့ဖြစ်ကြသည်။


ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် သားဖြစ်သူနှင့် အတူ တွေ့မြင်ရစဉ်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၃ နာရီ ၃၃ မိနစ်

khinnyunt4
khinnyunt3
  • နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် သားဖြစ်သူ ဒု-ဗိုလ်မှူးကြီးဟောင်း ရဲနိုင်ဝင်း တို့အား ရန်ကုန်မြို့ နဝဒေးလမ်းသွယ်ရှိ နေအိမ်တွင် ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)

စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၈ ဦး လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၈ မိနစ်

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၈ ဦး သောကြာနေ့က လွတ်မြောက်လာသည်။ အဆိုပါ ၈ ဦးမှာ အရှင်စန္ဒာသီရိ (ခ) ဦးဇင်းပုရစ်၊ ဒေါက်တာသက်လွင်၊ ကိုသန်းတင် (ခ) ကိုကြီးသန်း၊ ကိုပြည့်ဖြိုးလှိုင်၊ ကိုအောင်အောင်ကျော်၊ ကိုဇေယျာဦး၊ ကိုကျော်ဇင်ဝင်း၊ ကိုကျော်လင်းဦးတို့ ဖြစ်ကြောင်း သိရပါသည်။

ရွှေဘိုထောင်မှ ၈၈ ကျောင်းသားခေါင်းဆောင် မမီးမီးနှင့် ကိုသက်ဇော် လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၇ မိနစ်

အလားတူ ၈၈ ခေါင်းဆောင်များဖြစ်သည့် မမီးမီးနှင့် ကိုသက်ဇော်တို့မှာ ရွှေဘိုထောင်မှ လွတ်မြောက်လာပြီ
ဖြစ်ပြီး ယနေ့ညနေ ကားဖြင့် ရန်ကုန်သို့ ပြန်လာကြမည်ဟု မမီးမီးနှင့် ဖုန်းအဆက်သွယ်ရသူ သူ၏ ခင်ပွန်း ကိုလှမိုးက မဇ္ဈိမကို ပြောသည်။ ကသာထောင်မှ ၅ ဦး လွတ်မြောက်သည့်အထဲတွင် မလှလှဝင်းနှင့် ကိုအံဘွယ်ကျော်တို့ လည်းပါသည်ဟု သူက ဆိုသည်။

လွိုင်ကော်ထာင်မှ HRDP ဦးမြင့်အေး မလွတ်မြောက်သေး

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၆ မိနစ်

လွိုင်ကော်ထာင်မှ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကွန်ယက် HRDP မှ ဦးမြင့်အေးမှာမူ လွတ်မြောက်ခြင်း မရှိကြောင်း HRDP မှ ဦးမောင်မောင်လေးက မဇ္ဈိမကို ပြောသည်။

မြောင်းမြထောင်မှ အရှင်ဂမ္ဘီရ လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၂ နာရီ ၃၃ မိနစ်

၂၀၀၇ ခု ရွှေဝါရောင် သံဃာ့ခေါင်းဆောင် ကိုယ်တော်တပါးဖြစ်သူ အရှင်ဂမ္ဘီရသည် မြောင်းမြထောင်မှ
သောကြာနေ့က လွတ်မြောက်လာပြီး ဖြစ်သည်။ ဦးဇင်းနှင့် ယနေ့မနက်က စကားပြောခဲ့ရသည့် မယ်တော်ဖြစ်သူ
ဒေါ်ရေး က ဦးဇင်းနှင့် တွေ့ဆုံရန် ညနေတွင် ရန်ကုန်သို့ ဆင်းမည်ဟု မဇ္ဈိမကို ပြောသည်။ မြောင်းမြမြို့ခံက ဦးဇင်းကို သိမ်ထပ်ပေးခဲ့သဖြင့် သင်္ကန်းဝတ်ဖြင့် ရန်ကုန်သို့ ကြွရောက်လာမည် ဖြစ်သည်။ မြောင်းမြထောင်မှ စုစုပေါင်း ၁၁ ဦး လွတ်မြောက်သော်လည်း အရှင်ဂမ္ဘီရ တပါးတည်းကို ရန်ကုန်သို့ သီးသန့် ပို့ဆောင်ပေးခြင်း
ဖြစ်သည်။ ရန်ကုန်သို့ ညနေပိုင်းတွင် ရောက်ရှိမည်။

အင်းစိန်ထောင်ရှေ့တွင် ကြိုဆိုနေသူများ

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၁ နာရီ ၅၁ မိနစ်

freeprison
  • နိုင်ငံတော် သမ္မတ၏ “လွတ်ငြိမ်းချမ်းသာခွင့်” ကြေညာချက်အရ သောကြာနေ့တွင် လွတ်မြောက် လာသူများကို အင်းစိန်ထောင်ရှေ့တွင် ကြိုဆိုနေကြစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)
  • နိုင်ငံတဝှမ်း အကျဉ်းထောင်များမှ လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား အမြောက်အများ ပါဝင်သည်။
ရှင်ဆန္ဒာဓိက အင်းစိန်ထောင်မှ လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၁ နာရီ ၄၄ မိနစ်

freeprison1
  • ရှင်ဆန္ဒာဓိက အင်းစိန်ထောင်မှ ပြန်လွတ်လာစဉ်။ (ဓါတ္ပံု - မဇၹ်ိမ)
တောင်ကြီးထောင်မှ ၈၈ မျိုးဆက်ကျောင်းသားများလည်း လွတ်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၀၁ နာရီ ၁၁ မိနစ်

တောင်ကြီးထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်မြောက်လာရာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များ ဖြစ်ကြသည့် ကိုဂျင်မီ၊ ကိုမြအေး၊ ကိုကျော်ကိုကို၊ ကိုရာဟု တို့အပါအဝင် လူ့အခွင့်အရေးအဖွဲ့ HRDP အဖွဲ့မှ ဦးမောင်ကန်တို့လည်း လွတ်မြောက်လာသည်ဟု ရှမ်းပြည်နယ် NLD ၏ နိုင်ငံရေးအကျဉ်းသားများ ကူညီမှုအဖွဲ့မှ
ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် လွတ်လာသူ ၃၃ ဦးထဲတွင် ဗိုလ်ချုပ်ခင်ညွန့်၏ ထောက်လှမ်းရေးတပ်မှ ၃ ဦး ပါဝင်ပြီး အရှင်ဂမ္ဘီရ ၏ အစ်ကို ကိုအောင်ကျော်ကျော်လည်း လွတ်မြောက်လာသည်ဟု သိရသည်။

လွတ်မြောက်လာသူများအတွက် ရှမ်းပြည်နယ် NLD မှ ကူညီနေသည်ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။

“ သူတို့နေဖို့ ထိုင်ဖို့ အိမ်က လာမကြိုနိုင်တဲ့လူတွေအတွက် ကျမတို့ ရှမ်းပြည်နယ် NLD က စီစဉ်နေပါတယ်” ဟု ဒေါ်ခင်မိုးမိုးက မဇ္ဈိမကို ပြောသည်။

ကော့သောင်းထောင်မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုပြုံးချို လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၄၀ မိနစ်

ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုသည် ကော့သောင်းထောင်မှ လွတ်မြောက်လာပြီး သောကြာနေ့ မနက် ၁၁ နာရီတွင် ကော့သောင်းလေဆိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးဝင်းမောင်က မဇ္ဈိမကို
ပြောသည်။ မွန်းလွဲ ၂ နာရီတွင် ကော့သောင်းမှ ထွက်ခွာမည်ဖြစ်ပြီး ညနေပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်မည်ဟု ခန့်မှန်းသည်။ သူနှင့်အတူ မည်သူများ လွတ်မြောက်သည်ကိုမူ မသိရသေးပါ။

ဘူးသီးတောင်ထောင်မှလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၃၅ မိနစ်

ဘူးသီးတောင်ထောင်မှ ကိုဌေးကြွယ်၊ ကိုစည်သူမောင်၊ ကိုအောင်ဇော်ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးလွတ်မြောက်လာပြီဖြစ်ကာ စစ်တွေမြို့သို့ ရောက်ရှိနေပြီဖြစ်သည်ဟု ကိုဌေးကြွယ်၏ ညီမဖြစ်သူ မမိမိကြွယ်က မဇ္ဈိမကို ပြောသည်။ ကိုဌေးကြွယ်မှာ သောကြာနေ့ ညနေပိုင်းတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

ယင်းအပြင် ဘူးသီးတောင်ထောင်မှ စုစုပေါင်း ၃၁ ဦး လွတ်မြောက်လာရာ ကျန် ၂၁ ဦး၌ ဗိုလ်ချုပ်ခင်ညွန့်၏
ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များနှင့် အကောက်အခွန် အရာရှိများ ပါဝင်သည်ဟု ဆိုသည်။ ဗိုလ်ချုပ်ခင်ညွန့်တပ်မှ ဗိုလ်မှူးကြီး မောင်မောင်သန်းမှာမူ လွတ်မြောက်လာခြင်း မရှိဟု သိရသည်။

ဦးခွန်ထွန်းဦး မှာ တောင်ငူထောင်မှ ပြန်လည် လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၃၂ မိနစ်

ဦးခွန်ထွန်းဦး မှာ တောင်ငူထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီး ယခု တောင်ငူမှ ရှမ်းပြည်နယ်သို့ အပြန် လမ်းပေါ်တနေရာတွင် ရောက်ရှိနေပြီ ဖြစ်သည်။

ယင်းအပြင် ဘလော့ဂါဟု လူသိများသည့် နေဘုန်းလတ်မှာ ဘားအံထောင်မှ လွတ်မြောက်လာပြီဟု ဖခင်ဖြစ်သူ က မဇ္ဈိမကို ပြောသည်။

၈၈ မျိုးဆက် ကျောင်းသူတဦးဖြစ်သူ မနီလာသိန်းမှာ သာယာဝတီထောင်မှ ပြန်လည် လွတ်မြောက်လာပြီဟု လည်း ယောင်းမဖြစ်သူ မသန္တာက မဇ္ဈိမကို ပြောသည်။

ကိုဇော်သက်ထွေးမှာလည်း တောင်ကြီးထောင်မှ ပြန်လည် လွတ်မြောက်လာပြီဟု စုံစမ်းသိရသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးမှာ မိုင်းဆတ်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး အစိုးရမှ စီစဉ်ပေး သည့် လေယာဉ်ဖြင့် နေ့လည် ၂ နာရီတွင် ရန်ကုန်သို့ ရောက်မည်ဖြစ်သည်ဟု ညီဖြစ်သူ ကိုအောင်ထွန်းက မဇ္ဈိမကို ပြောသည်။ ယင်းလေယာဉ်သည် ကျိုင်းတုံထောင်မှ လွတ်မြောက်လာမည့် အကျဉ်းသားများကိုလည်း ဝင်ခေါ်မည်ဟု ကိုအောင်ထွန်းက ဆက်ပြောသည်။

လားရှိုးထောင်မှ နိုင်ငံရေးအကျဉ်းသားများ ဖြစ်သည့် ဗကသ ကျောင်းသူ မဟန်နီဦး၊ ငွေစိုးလင်း၊ မဂ္ဂင်ဆရာတော်၊ မြင်းခြံဆရာတော် ဦးနန္ဒဝံသ၊ ကိုမင်းဟန်၊ ကိုမြင့်နိုင်၊ ဇာနည်အောင်၊ ဉာဏ်လင်းထွဋ်၊ ကိုမင်းဇေယျာ တို့ပြန်လည် လွတ်မြောက်လာကြကြောင်း မဂ္ဂင်ဆရာတော်က မဇ္ဈိမကို အမိန့်ရှိသည်။

ဦးခင်ညွန့် လွတ်မြောက်

သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၃၁ မိနစ်

khinnyunt
khinnyunt1
  • ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် အင်းစိန်ထောင်မှ ယနေ့
    လွတ်မြောက် လာစဉ် (ဓါတ်ပုံ။ မဇ္ဈိမ)။
  • လွတ်မြောက်လာပြီးနောက် သတင်းထောက်များကို
    ပြောကြားရာတွင် သူ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းပြောသည်။


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ဗကသ ခေါင်းဆောင် ကိုကျော်ကိုကို နှင့် အင်တာဗျူး(အသံဖိုင်)

Kyaw Ko Ko Interview by dvbradio


source by : dvbradio

အပြည့်အစုံ ဖတ်ရန် ...

ကိုနေဘုန်းလတ် နှင့် အင်တာဗျူး (အသံဖိုင်)

NAY PHONE LATT INTERVIEWS by dvbradio


source by : dvbradio

အပြည့်အစုံ ဖတ်ရန် ...

အရှင်ဦးဂမ္ဘီရ နှင့် အင်တာဗျူး (အသံဖိုင်)

Saffron U Gambia Interview by dvbradio


source by : dvbradio

အပြည့်အစုံ ဖတ်ရန် ...

၈၈မျိုးဆက် ကိုအောင်သူ နှင့် အင်တာဗျူး(အသံဖိုင်)

88 Ko Aung Thu Interview by dvbradio


source by : dvbradio

အပြည့်အစုံ ဖတ်ရန် ...

၈၈မျိုးဆက် မသက်သက်အောင် နှင့် အင်တာဗျူး (အသံဖိုင်)

88 Ma Thet Thet Aung by dvbradio

source by : dvbradio

အပြည့်အစုံ ဖတ်ရန် ...

ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ဗိုလ်ချုပ်ခင်ညွန့် ပြောကြားချက်

Facebook တွင် တွေ့ရသော မြန်မာဂျာနယ် သတင်းများ
ဇန်န၀ါရီ ၁၃၊ ၂၀၁၂


တောင်ငူထောင်မှ ယနေ့ လွတ်လာသော ၈၈ မျိုးဆက် ဦးဇော်ဇော်မင်း (Messenger သတင်းဂျာနယ် ဓာတ်ပုံ)

တောင်ငူထောင်မှ လွတ်လာသော ဦးခွန်ထွန်းဦး ၏ ပြောကြားချက် – Eleven Weekly ဂျာနယ်

“နိုင်ငံတော် အစိုးရအနေနဲ့ ပြောင်းလဲချင်စိတ် ရှိလို့ ပြောင်းလဲလာတာ။ ကမ္ဘာမှာ ဒီမိုကရေစီစနစ်က စက်ဝိုင်းလို လည်နေတယ်။ အဲဒီအပြောင်းအလဲ မြန်မာနိုင်ငံကို ရောက်လာတဲ့ အတွက် ပြောင်းလဲလာတယ် လို့မြင်တယ်။
နိုင်ငံအနေနဲ့ အရမ်းကြီးကံဆိုးမှသာ ရှေ့ဆက် ဆိုးသွားနိုင်တယ်။ အခုလို အနေအထားအတိုင်း ဆိုရင်တော့ ကောင်းလာမှာပါ။ ကျွန်တော့်အနေနဲ့ ကတော့ ကျွန်တော့်ပါတီက ဗဟိုကော်မတီနဲ့ တွေ့ပြီးတော့ ဆွေးနွေးပြီးတော့မှ ရှေ့ဆက် ဘာတွေ ဆက်လုပ်မယ် ဆိုတာ ပြောပါမယ်။ နိုင်ငံရေးကတော့ မပြီးသေးတဲ့အတွက် ဆက်လုပ်ရမှာပါပဲ။ နိုင်ငံရေးအကျဉ်းသား နည်းနည်းတော့ ကျန်နေသေးတယ်။ ဒါကိုအစိုးရအနေနဲ့ ဘယ်လို ဆက်လုပ် မယ် ဆိုတာတော့
မသိသေးဘူး။

သတင်းထောက်များနှင့်တွေ့ဆုံစဉ် ကိုမင်းကိုနိုင်၏ ပြောကြားချက် – Eleven Weekly ဂျာနယ်

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော် ၀ိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲ ဆောင်ရွက်ကြဖို့ပါပဲ။

ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်းရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ရေးခဲ့ပြီ/ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။

ရှေ့ဆက်ပြီး ဒီမိုကရေစီအရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခုကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော် မစဉ်;စားထားပါဘူး၊

သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်က လုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့အစီအစဉ်မ ရှိဘူး။

သို့သော် ဒီမိုကရေစီအရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွာ;မှာဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့ မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။
ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရောပါလားမသိဘူး။

ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulations လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့။


ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ပြောကြားချက် – The Voice ဂျာနယ်

အခုလို လွတ်မြောက်လာတာ ဝမ်းသာတယ်၊ သူလွတ်သလိုပဲ သူ့တပည့်သားမြေးတွေလည်း လွတ်မြောက် လာစေချင်တယ်။ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်မှာစိုးတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားမှာကို ကြိုဆိုပါတယ်။ စတုတ္ထမဏ္ဏိုင် ဖွံ့ဖြိုးပါစေလို့ ဆန္ဒပြုပါတယ်။

မိသားစုနဲ့ ၇ နှစ်လောက် ခွဲနေရတဲ့အတွက် အတူတူ ပြန်နေမယ်။
အခုကတော့ ဘုရားတရား အလုပ်နဲ့ သစ်ပင်စိုက်တာပဲ လုပ်နေတယ်။

COPY @ http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

ဒေါင်းအလံ ဒေါင်းအရိပ်အောက် ဒေါင်းမာန် ဒေါင်းစိတ် မပျောက်

ဒေါင်းအလံ ဒေါင်းအရိပ်အောက် ဒေါင်းမာန် ဒေါင်းစိတ် မပျောက်ပဲ ဒေါင်းအိုးဝေသံ ဆက်တွန်ကျူးကြပါ (မင်းကိုနိုင်)

ဒီဗွီဘီရေဒီယိုသတင်း၊ ဇန်န၀ါရီ ၁၃၊ ၂၀၁၂

သရက်ထောင်မှ ယနေ့နေ့ခင်းတွင် လွတ်မြောက်လာသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကြိုဆိုနေသော ပြည်သူလူထုကို အထက်ပါအတိုင်း နှုတ်ခွန်းဆက်လိုက်သည်ဟု ဆိုသည်။



MIN KO NAING IN THEAT SPEECH by dvbradio

source by : dvbradio

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 12, 2012

လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသား/အကျဉ်းသူများ ပါဝင်မည်ဟု မျှော်လင့်

အင်းစိန်အကျဉ်းထောင်ရှေ့ကမှာ စောင့်မျှော်နေကြသည့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ

မနက်ဖြန် ဇန်န၀ါရီ ၁၃ ရက်ကစလို့ အကျဉ်းသား ၆၅၁ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးမယ်လို့ မြန်မာ့ရုပ်မြင်သံကြားမှာ ဒီကနေ့ ဇန်န၀ါရီ ၁၂ ရက် ညနေပိုင်းက ကြေညာသွားပါတယ်။

အခုတခေါက် ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အရင်ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်လို ထောင်ဒဏ် လျော့ပေါ့တာမျိုးမဟုတ်လို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအများစု ပါလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။

ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဇန်န၀ါရီ ၁၂ ရက် ကြာသာပတေးနေ့ ညနေ ၆နာရီ မှာ မြန်မာရရုပ်မြင်သံကြားကနေ အကျဉ်းသား ၆၅၁ ယောက်ကို မနက်ဖန် ဇန်န၀ါရီ ၁၃ ရက်နေ့ကနေ လွှတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

.လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်ရဲ့မေတ္တာနဲ့ စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ တဘက်တလမ်းမှ အထောက်အပံ့ ဖြစ်စေတဲ့ နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲ နိုင်စေရေး အတွက် လည်းကောင်း ရည်ရွယ်ပြီး အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်အသီးသီး ကျခံလျှက်ရှိသော အကျဉ်းသား အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ.

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့ရဲ့ စာရင်းအရ အကျဉ်းထောင်တွေ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော် ရှိနေတယ်လို့ NLD ပါတီရဲ့ သဘာပတိ အဖွဲ့ဝင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

“ကျနော်တို့ကတော့ ဘာမှ မသိဘူးဗျာ။ နိုင်ငံရေး အကျဉ်းသားတွေ ပါမလား၊ မပါမလား ဆိုတာ ရင်တမမနဲ့ စောင့်ကြည့်နေပါတယ်။

ကျနော်တို့ အဖွဲ့ချုပ်ရဲ့ သတ်မှတ်ချက်ကတော့ နိုင်ငံရေး အကျဉ်းသားပေါင်း ၅၀၀ ကျော် ကျန်နေပါသေးတယ်လို့ ပြောချင်ပါတယ်”

ဒါကတော့ NLD ပါတီက သဘာပတိအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်ပါရှင်။ ဒါဟာ မြန်မာအရပ်သားအစိုးရ တက်လာပြီး စတ္တုထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာလည်းဖြစ်ပါတယ်။

အခုတခေါက်ထူးခြားချက်ကတော့ အရင် ၃ ကြိမ်ပေးခဲ့ဖူးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေလို ကန့်သတ်ချက်တွေ လျှော့ပေါ့ချက်လို သတ်မှတ်ချက်တွေ မပါတော့ အများတောင်းဆိုနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများစုပါလာနိုင်၊ မျှော်လင့် နိုင်တယ်လို့ ရန်ကုန်တိုင်းမ်ဂျာနယ်အယ်ဒီတာ ဦးကိုကို(စက်မှု)က သုံးသပ်ပါတယ်။

ဒီလိုထူးခြားမှုတွေ ဆက်စပ်မယ် ဆိုရင်လည်း ဒီကနေ့ဟာ ကရင်အမျိုးသားအစည်းအရုံး KNUနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တို့ ပဏာမအဆင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့အပြီး ညနေပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

“အရင်ဟာတွေကတော့ ရက်လျှော့ပေါ့ပေးလိုက်တာ၊ ဘယ်နှစ်နှစ်၊ ဘယ်လိုလျှော့လိုက်တာ စသည်ဖြင့် ပါပါတယ်။ အခုကတော့ အဲလိုမဟုတ်ဘဲနဲ့ တကယ့်ကို totally ပါပဲ။ Absolute Amnesty လို့တောင် ပြောလို့ရပါတယ်။

တကယ့် လွတ်ငြိမ်းချမ်းသာခွင့်အစစ်၊ ကျနော်တို့အားလုံးမျှော်လင့်တောင့်တနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ ပေါ့လေ၊ နိုင်ငံရေးအကျဉ်းသားလို့ပဲခေါ်ခေါ် အဲဒီလူတွေ အများစုပါလာနိုင်မယ့် လွတ်ငြိမ်းချမ်းသာခွင့်လို့တော့ ကျနော်ကတော့ ထင်နေပါတယ်။ ယုံလည်းယုံကြည်ပါတယ်”

ဒီလိုသုံးသပ်ချက်တွေအပြင် ရုတ်တရက် ထုတ်ပြန်လိုက်တဲ့ ဒီကြေညာချက်ကြောင့် သတင်းထောက်တွေကလည်း နံမည်ကြီး နိုင်ငံရေးအကျဉ်းသားတွေရှိတဲ့ နယ်ထောင်တချို့ကို မနက်ဖြန်မှာ သွားစောင့်ကြမယ်လို့လည်း ပြောပါတယ်။

အခုလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက် ထွက်အပြီး နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တွေဆီ ထောင်အာဏာပိုင်တွေ ဆက်သွယ်တာမျိုး မရှိပေမယ့် မိသားစုဝင်တွေကတော့ လွတ်လာကြမလားလို့ မျှော်လင့်နေကြတယ်လို့ သရက်ထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ အမ ဒေါ်ကြည်ကြည်ညွန့်က ပြောပါတယ်။

“ကျမတို့မိသားစုဝင်တွေအနေနေ့တော့ ဘာမှ ထူးထူးခြားခြားသိရတာ မရှိပါဘူး။ ကိုယ်တဦးတည်းမဟုတ်ပါဘူး။ တခြားမိသားစုဝင်တွေရော အားလုံး အတူတူပါပဲ။ ဘယ်သူတွေ ပါတယ်၊ ဘယ်သူတွေ မပါဘူးဆိုတာ အတိအကျ မသိသေးဘူးပေါ့နော်။ နောက်ပြီးတော့ ၁၃ ရက်နေ့မှ စလွှတ်မယ်လို့လည်း ပြောထားလို့ပေါ့လေ။

ဘာပဲဖြစ်ဖြစ် အားလုံးကတော့ ကိုယ့်လူ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ လွတ်လာတဲ့သူတွေအားလုံးအပေါ်မှာ မုဒိတာပွားပြီးတော့ ဝမ်းသာပေးကြရမှာပါပဲ”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့အမ ဒေါ်ကြည်ကြည်ညွန့်ပါ။ ဒီိလို ၈၈ မျိုးဆက် ကျောင်းသား မိသားစုတွေအပြင် တိုင်းရင်းသား ခေါင်းဆောင်တွေလည်း လွတ်လာကြမလားလို့ စောင့်နေကြကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

ထူးခြားတဲ့ ဒီကြေညာချက်ကြောင့် ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ တခြားသူတွေရှိတဲ့ နယ်ထောင်တွေဆီ ဆက်သွယ်မေးမြန်းနေတယ်လို့ ပြောပါတယ်။

“အခုချိန်ထိတော့ ထူးထူးခြားခြား ကျနော့်တို့ကို ဆက်သွယ်လာတာ မရှိသေးပါဘူး။ မျှော်လင့်သလားဆိုတော့ မျှော်လင့်တာပေါ့ဗျာ၊ အားလုံးကိုပဲ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးကို လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

နိုင်ငံရေးကိစ္စတွေမှာ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့မှ လွှတ်တယ်ဆိုတဲ့ အသုံးအနှုန်းလေးတွေပါလာတာ တွေ့ရတဲ့ အတွက်ကြောင့်မိုလို့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး မဟုတ်တောင်မှ တော်တော်များများတော့ ပါလာလိမ့်မယ်လို့ ဒီအတိုင်းပဲ သုံးသပ်ပါတယ်”

SNLD ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်ပါ။ မြန်မာအစိုးရတက်လာပြီးတဲ့နောက် ၂၀၁၁ မေလ ၁၆ ရက်နေ့က လွတ်ငြိမ်း ချမ်းသာခွင့်တကြိမ် ၂၀၁၁ ထဲမှာပဲ အောက်တိုဘာ ၁၁ ရက်နေ့မှာ ဒုတိယအကြိမ် ထုတ်ပြန်ခဲ့သလို ၂၀၁၂ နှစ်ဆန်း ဇန်န၀ါရီ ၂ ရက်နေ့မှာ တတိယအကြိမ် ထုတ်ပြန်အပြီး အခု ၁၀ ရက်အကြာမှာ စတ္တုထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ပေမယ့် သာမာန်ရာဇ၀တ်မှုနဲ့ ကျနေသူတွေသူသာ အများစု လွတ်လာပြီး နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်တာမို့ ဝေဖန်မှုတွေလည်း အတော်လေးရှိခဲ့ပါတယ်။


အသံဖိုင် နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ကေအဲန်ယူနဲ့  ငြိမ်းချမ်းရေး(ရုပ်/သံ)




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နောက်ထပ် အကျဉ်းသား/အကျဉ်းသူ ၆၅၁ဦး လွှတ်ဖို့ မြန်မာအစိုးရ ကြေညာ (ရုပ်/သံ)

"အကျဉ်းသား/အကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း"



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တဘက်တလမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း ရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ ပြာသိုလဆုတ် ၅ ရက် ခရစ်နှစ် ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့ မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း သိရပါသည်။

မှတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုသည်မှာ ကျန်ရှိ ပြစ်ဒဏ်များကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

KNU နှင့် အစိုးရ ကိုယ်စားလှယ်များ အပစ်ရပ် လက်မှတ်ထိုးတော့မည်

မဇ္ဈိမသတင်းဌာန| ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ကိုယ်စားလှယ်များ လေးကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှုမှ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ် ရေးထိုးရန် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် စီစဉ်နေပြီ ဖြစ်သည်။

“မနက်က ၉ နာရီကနေ ၁၀ နာရီခွဲထိ တကြိမ်တွေ့ပြီးတော့ ခဏနားတယ်။ သူတို့ဖာသာ ပြန်အကြံယူကြတယ်။ ၁၁ နာရီကျော်မှာ အစည်းအဝေး ပြန်ဝင်တယ်။ အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်ချုပ်ဖို့ စာရိုက်နေတယ်” ဟု ဆွေးနွေးပွဲအတွက် သတင်းရယူနေသော မဇ္ဈိမသတင်းထောက်တဦးကို ပြောသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တွင် ၁၉ ဦး ပါဝင်ပြီး အစိုးရ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့များတွင် လူဝင်မှုဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့လည်း ပါဝင်သည်။




ဆက်စပ် ညှိနှိုင်းရေး ကိုယ်စားလှယ်များအဖြစ် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ဒေါက်တာ ကျော်ရင်လှိုင် တို့ ပါဝင်သည်။

“KNU ဘက်က တောင်းဆိုချက်အားလုံးကို မူအားဖြင့် သဘောတူတယ်လို့ အစိုးရဘက်မှ ပါလာတဲ့ ဝန်ကြီး အကုန်လုံးက ပြောတယ်။ နှစ်ဘက်သဘောတူညီချက်က အပစ်အခတ် ရပ်ဆဲမယ်။ ဆက်ဆံရေးရုံးတွေ ဖွင့်ခွင့်ပေးမယ်။ လက်နက်မပါဘဲ ဟိုဘက်ဒီဘက် သွားလာခွင့်ပေးမယ်။ ကျန်တာကို ဗဟိုအဆင့် ဆက်လက် ဆွေးနွေး မယ်ဆိုတဲ့ အချက် ၄ ချက်ကို ချုပ်မယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့ တွေ့ဆုံမှုထဲတွင် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းများနှင့် ကရင်ပြည်နယ်များမှ သက်ဆိုင်ရာ စစ်ဦးစီးမှူးများနှင့် နယ်စပ်လုံခြုံရေးရာ ဝန်ကြီးများလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

ယနေ့ ညနေပိုင်းတွင် KNU ကိုယ်စားလှယ်များကို မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ ညစာစာပွဲ ပြုလုပ်ပေးမည်ဟု သိရသည်။

မနက်ဖြန်တွင်လည်း ပဲခူးတိုင်း ပဲခူးဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီးနောက် ထိုမှ မန္တလေးတိုင်း နေပြည်တော်သို့ အလည် အပတ်ခရီးစဉ်အဖြစ် ခေါ်ဆောင်သွားရန် စီစဉ်ထားသည်ဟု ဝန်ကြီးဦးအောင်မင်း က ပြောဆိုသည်ဟု ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။

KNU ခေါင်းဆောင် မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တင်ပြမည့် အစီအစဉ် ရှိသည်ဟု ဦးလှမောင်ရွှေက ပြောသည်ဟု သိရသည်။

ယနေ့ ဆွေးနွေးပွဲအပြီး နှစ်ဘက် ကိုယ်စားလှယ် ၄ ဦးဆီက သတင်းစာရှင်းလင်းပွဲ လုပ်မည်ဟု သိရသည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ဒေါက်တာစိုင်းမောက်ခမ်း နယ်တွင် NLD ၉၀ အနိုင်ရ အမတ် အရွေးခံမည်

ချင်းမိုင် (မဇ္ဈိမ)မျိုးသန့်| က်ရှိအစိုးရ၏ အမြင့်ဆုံးရာထူးတခုကို ရယူထားသည့် ဒုသမ္မတ တဦးဖြစ်သူ ဒေါက်တာ စိုင်းမောင်ခမ်း ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော မဲဆန္ဒနယ်တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ် ဦးစိုင်းမြင့်မောင် က ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂ ဦးကို ပထမ အသုတ်အဖြစ် ကြာသပတေးနေ့က ထုတ်ပြန်ခြင်း ဖြစ်သည်။ ထိုစာရင်းတွင် ပါဝင်သည့် အသက် ၆၅ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ဦးစိုင်းမြင့်မောင်မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင်း လားရှိုးမြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်သည်။

"ရှမ်းတိုင်းရင်းသား ဒေသခံလည်း ဖြစ်ပါတယ်။ ရှမ်းပြည် NLD စတည်ထောင်ကတည်းက ပါဝင်ခဲ့တဲ့သူပါ။ နှစ် ၂ဝ ကျော်လုံးလုံး လုပ်ခဲ့တယ်။ ပါတီကိစ္စတွေမှာ အများကြီး လုပ်ပေးနိုင်ခဲ့တဲ့ လူတွေရှင့်။ ရှမ်းပြည်နယ် တခုလုံးရဲ့ ဒုဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။" ဟု NLD ပါတီ တည်ထောင်သူများတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက မဇ္ဈိမကိုပြောသည်။

ဦးစိုင်းမြင့်မောင် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်သည် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၃ ဖြစ်ပြီး၊ လားရှိုး၊ တန်ယန်း၊ မိုင်းရယ်၊ သိန္နိ၊ ကွမ်လုံ မြို့နယ်တို့ အကျုံးဝင်သည်။

ရှမ်းပြည်နယ်၏ အခြား လစ်လပ်နယ်မြေတခုဖြစ်သည့် ကလော မဲဆန္ဒနယ်တွင် အသက် ၆၄ နှစ်ရှိ ဒေါက်တာဒေါ်သန်းငွေ ဝင်ရောက်ယှဉ်ပြိုင်မည်ဟုလည်း သိရသည်။

ဒေါက်တာ ဒေါ်သန်းငွေသည် တောင်ကြီးမြို့နယ် NLD ဥက္ကဋ္ဌလည်းဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်သည် လက်ရှိအစိုးရအဖွဲ့တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး တာဝန်ယူထားသည့် ဦးတင်နိုင်သိန်း အနိုင်ရခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်အပါအဝင်၊ ဒုသမ္မတ တဦးဖြစ်သူ သီဟ သူရ ဦးတင်အောင်မြင့်ဦးနှင့် လက်ရှိ အစိုးရ၏ ဝန်ကြီး အများစု အနိုင်ရခဲ့သော မန္တလေးတိုင်းအတွင်း လစ်လပ် မဲဆန္ဒနယ်များတွင် NLD မှ ဝင်ရောက်ယှဉ်ပြိုင်မည့် သူနှစ်ဦးသာ ထွက်ပေါ်နေသေးသည်ကိုလည်း ကြာသပတေးနေ့ စာရင်းအရသိရသည်။ မန္တလေးတိုင်းအတွင်း လစ်လပ် နယ်မြေ ၁ဝ ခုရှိနေရာ NLD မှ ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် ၈ နေရာ ကျန်နေသေးသည်။

NLD ၏ ပြန်ကြားရေး တာဝန်ခံလည်းဖြစ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ဦးအုန်းကြိုင် ဝင်ရောက် ယှဉ်ပြိုင်မည့် မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်သည် လက်ရှိအစိုးရအဖွဲ့တွင် ပညာရေးဝန်ကြီး တာဝန်ယူထားသည့် ဒေါက်တာမြအေး၏ မဲဆန္ဒနယ် ဖြစ်သည်။

လက်ရှိ အလုပ်သမား၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည် အနိုင်ရ ခဲ့သော ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်တွင် NLD ၏ ဗဟိုလူမှု အထောက်အကူပြု အဖွဲ့မှ ဒေါ်ဖြူဖြူသင်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

NLD တည်ထောင်သူတဦးဖြစ်သူ ဒေါက်တာ ဒေါ်မေဝင်းမြင့်မှာ ရန်ကုန်တိုင်း မရမ်းကုန်း မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဒေါက်တာပွင့်ဆန်း အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း တဦး ဖြစ်ပြီး NLD ၏ ပါတီလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးနေသည့် ဦးဖြိုးမင်းသိန်းမှာ လှည်းကူးမြို့နယ်မှ ဝင်ရောက်အရွေးခံမည်ဖြစ်သည်။ အဆိုပါ မဲဆန္ဒနယ်သည် အမှတ် ၂ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး အနိုင်ရခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည်။

သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက် အနိုင်ရခဲ့သော ဒဂုံဆိပ်ကမ်းမြို့နယ်တွင် NLD ၏ ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင် ဝင်ရောက် အရွေးခံမည်ဖြစ်သည်။ သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင် အနိုင်ရခဲ့သည့် သုံးခွ မဲဆန္ဒနယ်တွင် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ် သုံးခွမြို့နယ်၏ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ကွယ်လွန်သူ ဦးလွင်၏ သမီး ဒေါ်စုစုလွင် ဝင်ရောက်အရွေးခံမည် ဖြစ်သည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ ကော့မှူးမြို့နယ်မှ ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး အဆိုပါ မဲဆန္ဒနယ်သည် ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးစိုးတင့် အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။

NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ရှေ့နေတဦးဖြစ်သည့် ဒေါ်ခင်ဋ္ဌေးကြွယ်မှာ မော်လမြိုင် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ အဆိုပါ နေရာသည် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့် အနိုင်ရခဲ့သည့် နေရာဖြစ်သည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်နယ်မြေ ၄၈ နေရာရှိရာ NLD ၏ ကိုယ်စားလှယ်လောင်း ၂၂ ဦးရွေးချယ်မှု တွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီတိုင်းအတွင်းရှိ လစ်လပ်နယ်မြေ ၂၂ နေရာ အတွက် အပြီးသတ် ရွေးချယ်ပြီး ဖြစ်သည်။

NLD သည် တနင်္သာရီတိုင်း အတွင်းရှိ လစ်လပ် မဲဆန္ဒနယ် နှစ်ခု၊ မကွေးတိုင်းအတွင်းရှိ လစ်လပ်မဲဆန္ဒနယ်ခြောက်ခု၊ စစ်ကိုင်းတိုင်း အတွင်းရှိ လစ်လပ်နယ်မြေ ငါးခု၊ ကချင်ပြည်နယ် အတွင်းရှိ လစ်လပ်နယ်မြေ သုံးခု စုစုပေါင်း လစ်လပ်နယ်မြေ ၁၆ ခုအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် ကျန်ရှိနေသေးသည်။

ကြားဖြတ် ရွေးကောက်ပွဲကို ဧပြီ ၁ ရက်နေ့တွင် ကျင်းပ မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ ထားသည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်ပြိုင်မည့်​ ကိုယ်စား​လှယ်​လောင်း​များ​စာရင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ​ကြေညာ


source by :http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

ဗဟန်းမြို့နယ် NLD ရုံး ဆိုင်းဘုတ်ဖွင့်ပွဲ နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း(ရုပ်/သံ)

ဇန်နဝါရီလ နံနက် ၁၀း၃၀ နာရီအချိန်က ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းရှိ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။





source by : http://www.burmavjmedia.net

အပြည့်အစုံ ဖတ်ရန် ...

ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုဆန္ဒဖော်ထုတ်ဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဓာတ်ပုံ Thin Thiri

ပြည်သူ့အသံနဲ့ ဆန္ဒကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့နဲ့ ပြည်သူလူထု လိုချင်တဲ့ အစိုးရတရပ် ပေါ်ပေါက်လာဖို့အတွက် အားလုံးပူးပေါင်း ပါဝင်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်က ဗဟန်းမြို့နယ်ထဲ NLD ရုံးခန်းဖွင့်ပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောခဲ့တဲ့မိန့်ခွန်းထဲ အခုလိုပြောခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ဧပြီလ ၁ ရက်နေ့မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွင်း လစ်လပ်နေရာအားလုံးမှာ ယှဉ်ပြိုင်မယ့် NLD ပါတီဟာ ဒီကနေ့ ဇန်န၀ါရီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့ မနက်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲက ဦးချစ်မောင်လမ်းမှာ NLD ရုံးခန်းတခု ဖွင့်လှစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာ့နိုင်ငံရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်တာ လုပ်သင့် လုပ်ထိုက်တာတွေကို အစိုးရကြားအောင် ပြည်သူလူထုက ပြောရမယ့် အချိန်ဖြစ်တယ်လို့ ဒီရုံးခန်းဖွင့်ပွဲမှာ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထူကို ပြောခဲ့ပါတယ်။

အထူးသဖြင့် ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုရဲ့ ဆန္ဒနဲ့အသံ အစစ်အမှန်ဖော်ထုတ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းခဲ့ပါတယ်။

“နိုင်ငံတနိုင်ငံမှာ ဒီမိုကရေစီလမ်းကို သွားနိုင်ဖို့အတွက် ရွေးကောက်ပွဲလုပ်တယ်ဆိုတာ အဓိက ကတော့ ပြည်သူတွေရဲ့အသံကို ကျယ်ကျယ်နဲ့ရှင်းရှင်း ကြားနိုင်အောင်လို့ လုပ်တဲ့ကိစ္စပါ။ ကျမတို့နိုင်ငံမှာဆိုလို့ရှိရင် သန်း ၆၀ ရှိတယ်ပေါ့- သန်း ၆၀ စလုံးကတော့ ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့အနေအထားမှာ မရှိပါဘူး။ ဒါပေမယ့်လည်း ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့လူတွေက မိမိတို့ရဲ့လုပ်ပိုင်ခွင့်ကို သုံးစေချင်ပါတယ်။ မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့အစိုးရတခုဖြစ်အောင်လို့ လုပ်ရပါလိမ့်မယ်။ မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့ကိစ္စတွေကို ပြောင်းလဲဖို့ ကြိုးစားရပါလိမ့်မယ်။

မဲပေးလိုက်တယ်ဆိုတာဟာ ကိုယ့်ရဲ့ကိုယ်စားလှယ်ကို ကိုယ်လုပ်ချင်တဲ့ကိစ္စတွေလုပ်ပေး- ဆိုပြီး တာဝန်အပ်နှင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။ မဲရတဲ့သူဟာ နေရာရတာမဟုတ်ဘူး၊ အာဏာရတာ မဟုတ်ဘူး၊ တာဝန်တခု ရသွားတာလို့ စိတ်ထဲမှာထားရမှာ ဖြစ်ပါတယ် ”

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကာလတွင်း NLD ပါတီဟာ လူထုရဲ့ထောက်ခံမှုနဲ့ ရပ်တည်ခဲ့တာမို့ အခုရော နောင်ပါ လူထုက အားပေး ကူညီမှုတွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။

NLD ဟာ လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေ အတွက်သာ အလုပ်လုပ်ဖို့ မဟုတ်ဘဲ နိုင်ငံတဝန်းက ပြည်သူ အားလုံးအတွက် အလုပ်လုပ်ဖို့ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသလို မြန်မာ့နိုင်ငံရေးမှာ အားလုံးပါဝင်ကြဖို့ ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

“နိုင်ငံရေးပါတီတခုဆိုတာ ပြည်သူတွေရဲ့ထောက်ခံမှုမရှိဘဲနဲ့ ဆက်လက်ပြီးတည်တံ့ခိုင်မြဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ကျမတို့ဟာ ပြည်သူတွေရဲ့ထောက်ခံမှုကို အစဉ်အမြဲပဲ လိုလားတယ်။ အစဉ်အမြဲပဲတောင်းခံနေတာ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့အဓိက အင်အားဟာ ပြည်သူပဲဆိုတာ ကျမတို့က လက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ပြည်သူတွေအနေနဲ့ အားမငယ်ပါနဲ့၊ တချို့တွေကဆိုရင် ပြောတာ ကျမတို့ကြားပါတယ်။ အရင်ကလည်း ဆင်းရဲတာပဲ၊ အခုလည်းဆင်းရဲတာပဲ၊ နောင်လည်းဆင်းရဲမှာပဲပေါ့နော်- ဒါကိုတော့ ကျမက လက်မခံပါဘူး။ အရင်က ဆင်းရဲတာတော့ ဟုတ်ပြီ။ ပြီးခဲ့ပြီ။ အခုလည်း ဆင်းရဲတယ်ဆိုတာဖြစ်နိုင်တယ်။ ဒါတွေကိုပြောင်းဖို့အတွက် ကျမတို့ နိုင်ငံရေးလုပ်နေတာပါ။ အဲဒီလိုလုပ်နေတဲ့အခါမှာ ပြည်သူတွေပါဖို့လိုပါတယ်။ ဒါကြောင့် ကျမတို့ပြည်သူတွေကို တတ်နိုင်သမျှပါဝင်ပြီးတော့ ကိုယ်လိုချင်တဲ့နိုင်ငံတခုဖြစ်အောင်လို့ ကူညီပေးကြပါလို့ ကျမတို့က မေတ္တာရပ်ခံချင်ပါတယ်”

ဒါကတော့ ဗဟန်းမြို့နယ် NLD ရုံးခန်း ဖွင့်ပွဲအတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းထဲက တချို့ကို ကောက်နှုတ် တင်ပြပေးခဲ့တာပါရှင်။

ဒါ့အပြင် NLD ပါတီ သဘာပတိအဖွဲ့ရဲ့နာယက တဦးဖြစ်တဲ့ ဦးတင်ဦးကလည်း NLD ပါတီရဲ့ ရပ်တည်ချက် ကြားဖြတ်ရွေးကောက်ပွဲ နဲ့ NLD ပါတီအောင်နိုင်ရေးအတွက် အားပေးကြဖို့တွေကိုလည်း လူထုကိုပြောခဲ့ပါတယ်၊

2010 ရွေးကောက်ပွဲကို လက်မခံလို့ မှတ်ပုံတင်ဖို့ ငြင်းဆန်ခဲ့တဲ့NLD ပါတီဟာ အခုတော့ တရားဝင်နိုင်ငံရေးပါတီလည်း ဖြစ်ခဲ့ပြီဖြစ်သလို မကြာခင်လပိုင်းတွေအတွင်း ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာလည်း လစ်လပ်နေရာ ၄၈ နေရာအပြည့် ဝင်ပြိုင်မှာဖြစ်ပါတယ်။

အခုဆိုရင် NLD တိုင်းနဲ့ပြည်နယ်တွေက ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း စာရင်းတွေ ဒီကနေ့ ဇန်န၀ါရီလ ၁၁ ရက်နေ့မှာ နောက်ဆုံးတင်ကြပြီ ဖြစ်ပြီး မနက်ဖြန် ၁၂ ရက်နေ့ကစလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စဉ်းစား ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တိုင်းနဲ့ပြည်နယ်တွေက တင်လာကြတဲ့ ကိုယ်စားလှယ်လောင်းတွေအပြင် ကိုယ်စားလှယ်လောင်း မလျှောက်ထားပေမယ့် လက်ရှိ NLD ပါတီဝင်ထဲက ဝင်ပြိုင်သင့်တယ်လို့ ထင်တဲ့သူတွေကိုလည်း ထည့်သွင်းစဉ်းစာဖို့ရှိမယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အတော်များများတော့ ရောက်နေပါပြီ။ ဒီနေ့အထိ ရောက်ရှိတဲ့စာရင်းတွေကို မနက်ဖြန်ကျရင် ကျနော်တို့အစည်းဝေးတင်ပါ့မယ်။ အရေအတွက်တွေက နည်းနည်းများတော့ ဘယ်မဲဆန္ဒနယ်မှာ ဘယ်သူရွေးမယ်ဆိုတာမျိုး သိသလောက်ကို ထုတ်ပေးနိုင်ဖို့ ကြိုးစားပါမယ်။ ဒါပေမယ့် ကျနော်တို့အဖွဲ့ကို လာရောက်ဝင်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ကျနော်တို့ဝင်လာတဲ့အဖွဲ့ဝင်တွေထဲမှာ သင့်လျော်တဲ့သူကို ကျနော်တို့စဉ်းစားမယ်”

NLD ပါတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရန်ကုန်တိုင်းတွင်း လစ်လပ်နေရာထဲက ကော့မှူးမြို့နယ်ကနေ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးတွေမှာ ဇန်န၀ါရီ ၁၆ ရက်နဲ့ ၃၀ ရက်နေ့ နောက်ဆုံးတင်ကြရမှာ ဖြစ်ပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, January 10, 2012

NLD ခေါင်းဆောင်မှု ပုံသဏ္ဍာန် ပြောင်းလဲဖွဲ့စည်း

ချင်းမိုင်(မဇ္စျိမ) ဖနိဒါ | ဒေါ်အောင်ဆန်းစုကြည် အား CEC ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးတင်ဦး အား သဘာပတိ အဖွဲ့၏ နာယက အဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC ပုံမှန်အစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်။

တနင်္လာနေ့က ၂ နာရီခန့်ကြာ ပြုလုပ်သည့် CEC အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ CEC အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးဝင်းမြင့်နှင့် ဒေါ်မေဝင်းမြင့်တို့ ပါဝင်ပြီး သဘာပတိ အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနှင့် ဦးလှဖေတို့ ပါဝင်သည်။

opening-ceremony-of-nld-new-signboard-3

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးနှင့် အန်အယ်လ်ဒီပါတီဝင်များကို ပါတီဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့တွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)


“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီကို မှတ်ပုံတင်တဲ့အခါမှာ ပါတီရဲ့ ဖွဲ့စည်းပုံကို ကျနော်တို့ တင်ရတယ်။ သဘာပတိရှိမယ်။ CEC ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပြန်လည် ဖွဲ့စည်းပါတယ်။ လက်ရှိ အခြေအနေအရ ပါတီရဲ့ အုပ်ချုပ်မှုအတွက် ပထပမဆုံး ပြန်လည် အတည်ပြု ဖွဲ့စည်းတဲ့ သဘောပါ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေမှာ ကျန်းမာရေးအရ အနားယူထားသည်မှာ ကြာပြီဖြစ်ကြောင်း ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ အသက် ၈၀ ကျော်အရွယ်တွေက ကျန်တဲ့ လူတွေကို နေရာဖယ်ပေးလို့ ရအောင်၊ တခြားအခန်းကဏ္ဍတွေ လုပ်နိုင်အောင် ပါတီရဲ့ သဘာသပတိအဖွဲ့ လုပ်မယ်။ လူသစ်တွေတော့ မရွေးရသေးဘူး”ဟု ပြောသည်။

NLD ပါတီမှာ ၁၉၈၈ စက်တင်္ဘာလအတွင်း စတင်ဖွဲ့စည်းခဲ့ပြီး ယခုကာလအထိ ပါတီညီလာခံ ကျင်းပနိုင်ခဲ့ခြင်း မရှိသေးပေ။ ယခုခေါင်းဆောင်မှု ပုံစံသစ်အားလည်း CEC အဖွဲ့ဝင် များကသာ ပြောင်းလဲ ပြင်ဆင် လိုက်ခြင်း ဖြစ်သည်။

CEC အဖွဲ့ဝင်များကို ထပ်မံ ရွေးချယ်သွားမည် ဖြစ်ပြီး ပါတီဝင် လျှောက်လွှာများကို တိုင်းနှင့် ပြည်နယ်အလိုက် ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်သည့်နေရာ ၄၈ နေရာလုံးတွင် NLD က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ နေပြည်တော် လေးနေရာတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး တနင်္လာနေ့တွင်ပင် ရန်ကုန်မြို့ ဗဟိုအောင်နိုင်ရေးအဖွဲ့များနှင့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု မန္တလေးတိုင်း အောင်နိုင်ရေး အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် ဒီမိုကရေစီရေးအပေါ် သစ္စာစောင့်သိသူ၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင် အတွေ့အကြုံ ရှိသူ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များကို ဦးစားပေးမည်ဟု ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် သုံးနေရာတွင် NLD ကိုယ်စားလှယ်လောင်းအဖြစ် ဖားကန့်မြို့နယ်တွင် ဦးဒါ့ရှီလဆိုင်း၊ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်တွင် ၁၉၉၀ အနိုင်ရအမတ် ဦးထွန်းကြည်နှင့် ဗန်းမော်မြို့နယ်တွင် ပြည်နယ် စည်းရုံးရေး တာဝန်ခံ ဦးဘမြင့်ကို ရွေးချယ်ထားသည်ဟု သိရသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် စည်းကော်မတီ ဥက္ကဋ္ဌ ဦလှိုင်အေး၊ စစ်ကိုင်းတိုင်း ပုလဲမြိုကနယ်တွင် ဦးအောင်ရှင်၊ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ကိုယ်စားလှယ်လောင်း အဖြစ် ဗဟိုတရားရုံးရှေ့နေ ဦးခင်မောင်လတ်၏ အမည်စာရင်းကို တင်သွင်းထားသည်ဟု သိရသည်။

နာယက အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ဦးစီး၍ “ဒီလှိုင်း” “D-Wave” စာစောင်ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပထမဆုံးစာစောင်အဖြစ် ဖြန့်ဝေသွားရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်းပြည်ပ ဆောင်းပါးရှင်များ၏ ဆောင်းပါးများ၊ ပါတီမူဝါဒနှင့် လှုပ်ရှားမှု သတင်းများ ထည့်သွင်းဖော်ပြသွားရန် စီစဉ်နေသည်ဟု ဦးဝင်းတင်က ပြောသည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အဖြူရောင် တနင်္ဂနွေလှုပ်ရှားမှု (ရုပ်/သံ)



source by : http://www.youtube.com/user/RFABurmeseVideo

အပြည့်အစုံ ဖတ်ရန် ...

ကန့်ကွက်မှုရှိနေတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံ စီမံကိန်း ရပ်ဆိုင်း

ထားဝယ် ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်တယ်လို့ အမှတ် (၂) လျှပ်စစ်စွမ်းအား ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက ရန်ကုန် အလုံမြို့နယ် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရုံးမှာ ဒီနေ့မနက်ပိုင်းက လုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်ကြောင်း တက်ရောက်တဲ့ စာနယ်ဇင်းသမားတွေက ဆိုပါတယ်။

ရေနက်ဆိပ်ကမ်း ဆောက်လုပ်မည့် ထားဝယ်မြို့ (Tavoy) တည်နေရာကို မြန်မာပြည် မြေပုံပေါ်တွင် ခရမ်းရောင် စက်ဝိုင်းဖြင့် ပြထားပါသည်။(Image: RFA)

ဝန်ကြီးက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မယ့် ကိစ္စမျိုးတွေကို ရှောင်ရှား သွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ထားဝယ် ရေနက်စီမံကိန်းမှာ ပါဝင်တဲ့ ကျောက်မီးသွေး ဓာတ်အားသုံး ဓာတ်အားပေး စီမံကိန်းဟာ ကျောက်မီးသွေးကနေ လျှပ်စစ် မီဂါဝပ် ၄၀၀၀ ထုတ်လုပ်မှာပါ။ အခုလို ကျောက်မီးသွေးသုံး ဓာတ်အားပေး စီမံကိန်းကို အစိုးရက ရပ်ဆိုင်းလိုက်တာကို ထားဝယ် ဒေသခံ ပြည်သူတွေနဲ့ ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

ကျောက်မီးသွေး ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံတွေကြောင့် လေနဲ့ ရေ ညစ်ညမ်းပြီး ရေရှည်မှာ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်ရတာကြောင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဆိုရင် ဘယ်လို ပုံစံမျိုးနဲ့မှ လက်ခံမှာ မဟုတ်ဘူးလို့ ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရဲ့ အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးစိုးသိန်းက အာရ်အက်ဖ်အေကို ပြောပါတယ်။

ထိုင်းနိုင်ငံ Italian-Thai ကုမ္ပဏီက ထားဝယ်ရေနက် ဆိပ်ကမ်း အကောင်အထည်ဖေါ်ရေးမှာ အမေရိကန်ဒေါ်လာ သန်းငါးသောင်း နီးပါး အကုန်ခံပြီး တည်ဆောက်မယ့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမျိုးစုံထဲမှာ ကျောက်မီးသွေး ဓာတ်အားသုံး လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေ တည်ဆောက်ဖို့ လျာထားတာပါ။

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ အရင်က အလားတူ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် ထိုင်းဒေသခံတွေက ကန့်ကွက်ခဲ့တဲ့ အတွက် အခုလို ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းမှာ အကောင်အထည်ဖေါ်ဖို့ ကြိုးပမ်းခဲ့တာလို့ ဦးစိုးသိန်းက ပြောပါတယ်။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 8, 2012

Jan Mai Kawng Majan စခန်းသိမ်းတိုက်ပွဲ (အပိုင်း ၁-၂-၃-၄) ကချင် မျိုးချစ်တပ်မတော်သားများ၏ လှုပ်ရှားမှု မှတ်တမ်း

Part 1


Part 2


Part 3


Part 4



source by : http://vimeo.com/ by wpmoses

အပြည့်အစုံ ဖတ်ရန် ...

ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိုင်းဝန်ကြီးချုပ်ကို ပန်ကြား

ထားဝယ်ရေနက်စီမံကိန်းတွင်း ထိုင်းနိုင်ငံဘက်ကနေ တည်ဆောက်မယ့် စက်ရုံတွေဟာ ဒေသခံတွေအတွက် ကျန်းမာရေး ထိခိုက်မှုနဲ့အတူ သဘာဝပတ်ဝင်းကျင် ပျက်ဆီးမှုတွေပါ ဖြစ်စေတာမို့ ကန့်ကွက်ကြောင်း ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ဆီ လိပ်မူပြီး အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့လိုက်ပါတယ်။

ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းကြောင့် ဒေသခံ ကျေးရွာတချို့ ရွေ့ပြောင်း ပေးနေရတာမျိုးတွေလည်းရှိသလို နစ်နာမှု တွေလည်း ကြုံနေကြရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်မှာ အကော်အထည်ဖော်နေတဲ့ ထားဝယ် အထူး စက်မှုဇုန် ရေနက်ဆိပ်စီမံကိန်းမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ သံမဏိစက်ရုံနဲ့ ရေနံချက်စက်ရုံအပြင် ဓာတ်မြေသြဇာ စက်ရုံတွေကို ထိုင်းနိုင်ငံက Italian-Thai Development ကုမ္ပဏီက ဦးဆောင် တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီစက်ရုံတွေဟာ ဒေသခံတွေရဲ့ကျန်းမာရေးကို ထိခိုက်စေမှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်မှုရှိနေတယ် ဆိုတာကို သိဖို့အတွက် အိပ်ဖွင့်ပေးစာ တစ်စောင်ကို ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ဆီကို ဇန်န၀ါရီလ ၇ ရက်နေ့က ပေးပို့ခဲ့တာပါ။

ဒီစီမံကိန်းအတွက် ဇန်န၀ါရီလ ၆ ရက်နေနဲ့ ၇ ရက်နေ့တွေမှာ ထားဝယ်ဒေသတွင်း ပြုလုပ်နေတဲ့ အစည်းအဝေးကို တက်ဖို့ ရောက်နေကြတဲ့ ထိုင်းနိုင်ငံက ဘဏ္ဍာရေးဝန်ကြီး၊ စွမ်းအင်နဲ့ ပို့ဆောင် ဆက်သွယ်ရေးဌာနက ၀န်ကြီးတွေကတဆင့် ထိုင်းဝန်ကြီးချုပ်ဆီကို ပေးဖို့အတွက် သူတို့ရဲ့ သဘောထား တင်ပြချက်စာကို တဆင့်ပေးပို့ခဲ့တာ ဖြစ်သလို ရန်ကုန်က ထိုင်းသံရုံးကိုလည်း ပို့ခဲ့တယ်လို့ ထားဝယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကိုလေးလွင်က ပြောပါတယ်။

“ကျနော်တို့က ထိုင်းဝန်ကြီးချုပ်ကို အိပ်ဖွင့်ပေးစာ ပေးတာကတော့ ကျနော်တို့ဒေသမှာ စိမ်းလန်းစိုပြေ ပြီးတော့ အဓွန့်ရှည်တဲ့ တိုးတက်မှုမျိုးကို ကျနော်တို့ လုပ်ချင်တယ်။ ခုနကပြောတဲ့ ကျောက်မီးသွေးစက်ရုံတွေ၊ သံမဏိစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေ ဆိုတာက chemical တွေဆိုတော့ အဲဒါမျိုးတွေကိုတော့ မကြိုက်ဘူးပေါ့။ အဲဒါတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ်၊ ကျန်းမာရေး ထိခိုက်မယ်။ အဲဒီလိုမျိုးတွေကို မလုပ်ဖို့ ကျနော်တို့က ပြောတာပါ။ ရေနက်ဆိပ်ကမ်းက တာဝန်ခံကို ၀င်ပေးပါတယ်။ အဲဒီ အစည်းအဝေး လုပ်တဲ့နေ့မှာပဲ။ ကျနော်တို့က ကျန်တဲ့ဟာတွေကိုတော့ အီးမေးနဲ့ ပို့ပါတယ်။ သူတို့ အီးမေးလိပ်စာတွေကိုရော ပို့ပါတယ်။ စာကတော့ လက်ထဲပေးတာပါ။”

ဒါ့အပြင် ဒီစီမံကိန်းကြောင့် အိုးအိမ်နေရာ ရွေ့ပြောင်းမှုတွေလည်း ရှိနေပြီး ဒေသခံတွေမှာ နေအိမ်ခြံမြေတွေ အတွက် ထိုက်တန်တဲ့ လျော်ကြေးမရတာ အဆင်မပြေတာတွေလည်း ဖြစ်နေပါတယ်။ အခုဆိုရင်ပဲ ထားဝယ် လောင်းလုံမြို့နယ်ထဲက ညောင်ပင်ဆိပ်ရွာကို မကြာခင်ရက်ပိုင်းတွေတွင်းမှာ ရွာလုံးကျွတ် ရွေ့ပြောင်းဖို့ အာဏာပိုင်တွေက ထပ်ခါတလဲလဲ လာပြောနေပေမဲ့ ရွာသားတွေအတွက် ကြိုတင် နေရာစီစဉ်ပေးတာ မရှိသလို ဆုံးရှုံးကြရတောမယ့် သူတို့ရဲ့ လယ်ယာကိုင်းကျွန်းနဲ့ ခြံတွေအတွက်လည်း လျော်ကြေးကိစ္စ တိတိကျကျ ဘာမှပြောဆိုတာ မရှိဘူးလို့ ညောင်ပင်ဆိပ်ရွာက ဆရာတော်က မိန့်ပါတယ်။ ဒါကြောင့် ရွာသူရွာသားတွေဟာ စိုးရိမ်မှုတွေ ဖြစ်နေကြတယ်လို့ ဆရာတော်က အခုလို မိန့်ပါတယ်။

“အခုဆိုလို့ရှိရင် သူတို့လာပြောတာ တစ်ပတ်လောက် ရှိသွားပြီ။ မကြာမကြာ လာ လာပြောတယ်။ ဆင်းရမယ် ဆင်းရမယ်… ဆိုပြီး သူတို့က အာဏာနဲ့ လာ လာပြောတယ်။ အဲဒါ ရွာသူရွာသားတွေက ကြောက်တယ်။ နားလည်း နားမလည်ဘူးပေါ့။ တောသူတောင်သားတွေ ဆိုတော့။ အဲဒါနဲ့ပဲ ကြောက်နေရတယ် ဒကာမကြီး။ နောက်တော့ နေရာ ပေးမယ်လို့ သူတို့က ပြောတယ်။ သူတို့ ပေးမယ်လို့တော့ ပြောတယ်။ သို့သော်ငြားလည်း မရေမရာစကားပေါ့။ ဥပဇ္ဇင်းတို့ ညောင်ပင်ဆိပ်ရွာမှာက တောသူတောင်သားတွေ လယ်ယာကိုင်းကျွန်းပဲ လုပ်စားတယ်။ အဲဒီမှာ သီဟိုခြံရှိတယ်၊ ရာဘာခြံရှိတယ်။ အဲဒါ သူတို့စီးပွားရေးနဲ့ သူတို့ ဘိုးစဉ်ဘောင်ဆက် အစဉ်ထာဝရ နေလာခဲ့တာ။ အဲဒါကို ဘယ် ပြောင်းချင်မှာလဲ ဒကာမကြီး။”

ထားဝယ် ရေနက်စီမံကိန်းကြောင့် ပြောင်းရွေ့ဖို့ ဖိအားပေးခံနေရတဲ့ ညောင်ပိတ်ဆိပ်ရွာက အခြေအနေကို ညောင်ပင်ဆိပ်ရွာ ဆရာတော် မိန့်ခဲ့တာဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်ကတော့ နစ်နာထားသူတွေကို ဇန်န၀ါရီလထဲမှာ ထိုက်တန်တဲ့ လျော်ကြေးတွေ စပေးမယ်လို့ ပြောနေပေမဲ့ လက်ရှိမှာ သူတို့သတ်မှတ်ထားတဲ့ ကြေးဟာ တန်ရာတန်ကြေး မဖြစ်ဘဲ နစ်နာမှုတွေ ရှိနေတယ်လို့လည်း ဝေဖန်သံတွေ ထွက်နေပါတယ်။

ထားဝယ် စီးပွားရေး အထူးစက်မှုဇုန် စီမံကိန်းတွင်းမှာ အဓိက ဇုန် ၅ ခုပါဝင်ပြီး သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အပြင် အကြီးစား စက်မှုလုပ်ငန်းတွေ ပါဝင်သလို ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ စက်မှုလုပ်ငန်း၊ ရာဘာစက်ရုံနဲ့ ရေနံဓာတုအခြေပြု စက်မှုလုပ်ငန်း၊ ဆေးဝါး ထုတ်လုပ်ရေး၊ ကွန်ပျူတာ ဆက်စပ်ပစ္စည်း ထုတ်လုပ်ရေး အပါအ၀င် အသေးစား စက်မှုလုပ်ငန်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

နားဆင်ရန်

source by :http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု စတင်

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု စတင်
သတင်းနှင့် ဓာတ်ပုံ - Burma VJ Media Network (ဇန်န၀ါရီ ၈ ရက်၊ ၂၀၁၂)

ကျန်ရှိနေသေးတဲ့ မလွတ်မြောက်နိုင်သေးတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် အားလုံးစုပေါင်းပါဝင်တဲ့ လှုပ်ရှားမှုကို ဒီကနေ့ ဇန်န၀ါရီလ ၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာ စတင်လိုက်ပါတယ်။

ကနဦးအနေနဲ့ တာမွေမြို့နယ်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်ပေါင်း ၁၅ စု တို့ရဲ့ အိမ်တွေကို စိတ်ဓာတ်ရေးရာအရ သွားရောက် အားပေးကူညီမှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းကြည်က ပြောပါတယ်။

ဇန်န၀ါရီလ ၃ ရက် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် ထုတ်ပြန်အပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်း မရှိတဲ့အတွက် ကျန်နေသူများ လွတ်မြောက်ရေးအတွက် ယခုလို လှုပ်ရှားမှုတွေကို စတင်ခဲ့တာလို့ သိရပါတယ်။


၈၈ မျိုးဆက်ကျောင်းသားဟောင်းများက စတင်စေ့ဆော်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ ၂၀၀၇ ဗကသကျောင်းသားများ၊ မျိုးဆက်သစ်လူငယ်များအစည်းအရုံး (GW)၊ အလုပ်သမား လယ်သမားကွန်ရက်အဖွဲ့များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားမိသားစုများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ... စတဲ့ အဖွဲ့ပေါင်းစုံ ကွန်ရက်ပေါင်းစုံ အပါအ၀င် စိတ်ပါဝင်စားတဲ့ လူပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပြီး ဒီကနေ့ သွားအားပေးတဲ့ လူဦးရေကတော့ ၃၀ လောက်ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသူ မမီမီလွင်ကတော့ အခုလှုပ်ရှားမှုကို ဧရာဝတီမြစ်ဆုံစီမံကိန်း လှုပ်ရှားမှုကဲ့သို့ပင် အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များ၊ စာပေ အနုပညာရှင်များ၊ လူတန်းစား အားလုံး ပါဝင်တဲ့ တနိုင်ငံလုံးအတိုင်းအတာအထိ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုအဖြစ် လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို အားပေးတဲ့ လှုပ်ရှားမှုအပြင် အခြားဝတ်ပြု ဆုတောင်းပွဲများကို ကိုမင်းကိုနိုင်ပုံ ပါတဲ့ တီရှပ်များ ၀တ်ဆင်ကာ လုပ်ဆောင်သွားဖို့ ရှိကြောင်း ပြောပါတယ်။


အီတလီနိုင်ငံက လာရောက်လေ့လာတဲ့ လွှတ်တော်အမတ် မစ္စတာ ဂျိုးဆက်မလ်ပလီနဲ့လည်း မဟန်နီဦးရဲ့ အိမ်မှာ တွေ့ဆုံစဉ် ကိုမင်းကိုနိုင် ပုံပါတဲ့ တီရှပ်ကို လက်ဆောင်ပေးခဲ့တဲ့အတွက် မစ္စတာဂျိုးဆက်က အထူး ကျေနပ်အားရ ကျေးဇူးတင်ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အီတလီနိုင်ငံမှာ ပိုမို လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ ယခုကဲ့သို အလားတူလှုပ်ရှားမှုတွေကို ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်ပြီး အဖမ်းဆီးမခံရမီ ၂၀၀၇ မှာ လုပ်ခဲ့ပါသေးတယ်။ အဖြူရောင် တနင်္ဂနွေလှုပ်ရှားမှု (White Sunday Campaign)၊ ပြည်သူတို့ရဲ့ ရင်ဖွင့်သံ (Open Heart Campaign) ... စတာတွေဟာ ပြည်သူတွေကြားမှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။

ဒီကနေ့ လှုပ်ရှားမှုကို အာဏာပိုင်တွေဘက်က တစုံတရာ နှောင့်ယှက်ခဲ့တာ မရှိပေမယ့် အချို့ နိုင်ငံရေးအကျဉ်းသား မိသားစုအိမ်တွေကိုတော့ ယူနီဖောင်းဝတ်နဲ့ ရဲများ၊ အခြားအရာရှိများက သွားရောက် မေးမြန်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။



source by : http://drlunswe.blogspot.com

အပြည့်အစုံ ဖတ်ရန် ...