Saturday, December 18, 2010

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၂)

အပိုင်း(၁) ကို ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျား .....

မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေ ထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ် ဆိုတဲ့ အထောက်အထား တချို့ကို ယူဆောင်ပြီး၊ပြည်ပကို ထွက်ခွါ လာခဲ့သူကတော့ မြန်မာ့ တပ်မတော်မှာ စစ်အင်ဂျင်နီယာ အရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း ပါ။

တပ်မတော် နည်းပညာတက္ကသိုလ် DSTA ဗိုလ်သင်တန်း အပတ်စဉ်(၁) က ကျောင်းဆင်း ခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှုဘာသာရပ် နဲ့ မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့ ပြောကြားချက် ဒုတိယပိုင်းကို ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်း က စီစဉ်တင်ဆက် ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးတို့က DSTA အပတ်စဉ်(၁)က ဆင်းတာဆိုတော့ ရုရှနိုင်ငံကို ဒီလို တပ်ကစစ် အင်ဂျင်နီယာတွေကို နျူကလီးယားဘာသာရပ်တွေ ဒုံးကျည်ဘာသာရပ်တွေ တက်ဖို့လွှတ်တာဟာ ဘယ်တုန်း လောက်က စခဲ့ပြီးတော့ ဗိုလ်မှူးက ဘယ်အသုတ်လောက်မှာ သွားရတာပါလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်က ပထမဆုံးအသုတ်နဲ့ သွားရတာပါ။ ၂၀၀၁ခုနှစ် မေလကနေ စပြီး တော့ တက် ရပါတယ်။ ကျနော်တို့ ရုရှမှာ စာသင်လာခဲ့ရတဲ့ပုံစံက projectလုပ်တယ်ဆိုတာက ကိုယ်နဲ့သက် ဆိုင်တဲ့ ဘာသာရပ်မှာ၊ ဥပမာ rocket engine design လုပ်တယ်ဆိုရင် ကျနော်လုပ်တဲ့ project ဟာ ရုရှ rocket company တွေက design တွေမို့လို့ သူက မြန်မာပြည်ပြန်ရောက်တဲ့အချိန်မှာ ဆက်လက်စမ်းသပ် ပြီးတော့ အသုံးချလို့ ရနိုင်တဲ့ project အပြည့်အစုံ ဖြစ်ပါတယ်။ အဲဒါတွေကို ကျနော်တို့ ကျောင်းပြီးလို့ ပြန် လာတဲ့အချိန်မှာ ‘သသန’ ရောက်တဲ့အချိန်မှာ ကျနော်တို့ ကိုယ့် project ကိုယ်အကုန်အင်္ဂလိပ်လို ပြန်လုပ်ပြီး တော့ သိပ္ပံနှင့်သုတေသနဌာန ဌာနချုပ်မှူးဆီမှာ ကျနော်တို့တင်ပြရတာပါ။ အဲဒါတွေက ကျနော်တို့ လက်တွေ့ လုပ်မယ်ဆိုရင် စမ်းသပ်သုတေသနလုပ်နိုင်တဲ့ project တွေဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ ဌာနချုပ်မှူးဆိုတာက ‘သသန’ ဌာနချုပ်မှူးပေါ့နော်။ ဘယ်သူပါလဲ မသိ ဘူးခင်ဗျ။ ဗိုလ်မှူးတို့ အချိန်တုန်းက။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဗိုလ်ချုပ်စိန်ဝင်း ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အခုတော့ သူက ‘လေကြောင်းရန် ကာကွယ်ရေးအရာရှိချုပ်’ ဖြစ်သွားပါပြီ။ ဗိုလ်မှူးတို့ က ပထမဆုံးအသုတ် လွှတ်တာဆိုတော့ လူကြီးတွေက ပထမဦးဆုံးအသုတ်သွားမယ့် သင်တန်းသားတွေကို မှာကြားတာမျိုး ရှိပါသလား ခင်ဗျ။ ဗိုလ်မှူးတို့ကို ဘယ်လိုများ မှာကြားလိုက်ပါသလဲ။ ဒီလိုမျိုးပညာတွေ တတ် ပြီး ပြန်လာရင် ဘာလုပ်ဖို့လို့ ပြောပါသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့ မသွားခင် (၂)ရက် အလိုမှာ ဗိုလ်ချုပ်မှူးကြီးမောင်အေး “နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်”ကို ရောက်လာပြီးတော့ ကျနော်တို့ တပ်မတော်အရာရှိတွေချည့်ပဲ စုပြီးတော့ မိန့်ခွန်း ပြောပါတယ်။ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းလည်း ပါပါတယ်။ ကျနော်တို့ကို ပြောတဲ့အထဲမှာ တော့ ဒီနေ့ခေတ် မြန်မာ့တပ်မတော်အနေနဲ့ ခေတ်မှီလက်နက်တွေ ပိုင်ဆိုင်ဖို့ လိုအပ်ကြောင်း၊ ဒါကြောင့်မိုလို့ nuclear ၊ rocket နဲ့ဆိုင်တဲ့ ပညာရပ်တွေ သွားသင်ဖို့ ကျနော်တို့ကို ရုရှကို လွှတ်မယ် ဆိုတဲ့အကြောင်း ကျနော်တို့ကို ပြောပါတယ်။ ပထမ စစချင်းမှာ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းက ကျနော်တို့ကို နျူကလီးယား ပညာရပ်တစ်မျိုးအတွက် တရုတ်ပြည်ကို သွားပြီးတော့ ညှိနှိုင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တရုတ်က ငြင်းလိုက်တယ်။ အိန္ဒိယကို သွားတယ်၊ အိန္ဒိယက လက်ခံတယ်။ ဒါပေမယ့် ရုရှသွားတဲ့အခါ ရုရှကလည်း လက်ခံတဲ့အတွက်ကြောင့်မို့ ကျနော်တို့ကို ရုရှကို ပို့လိုက်တယ်ပေါ့။ သပိတ်ကျင်းစီမံကိန်း ဆိုတာတွေက အားလုံးလုပ်ပြီးသွားတဲ့ အချိန်လောက်ကျမှ ကျနော်တို့ကို အသိပေးတဲ့ပုံစံ တွေ့ရပါတယ်။ သပိတ်ကျင်းကို ၂၀၀၆ နှစ်လယ်ပိုင်းလောက်ကျမှ ကျနော်တို့ရုရှပြန် အရာရှိတွေကို စုစည်းပြီး သိပ္ပံနှင့်နည်းပညာတပ် အမှတ်(၁)ဆိုပြီး ဖွဲ့စည်းပြီးတော့ လွှတ်လိုက်တာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ရုရှနိုင်ငံကကော နျူကလီးယားပညာရပ် ဒုံးကျည်ပညာရပ်တွေကို တကယ်ပဲ သူတို့ဆီက ပညာရှင်တွေကို သင်ကြားမွေးထုတ်ပေးသလို ဗိုလ်မှူးတို့ကိုကော စံချိန်အပြည့်စံချိန်မှီသင်ကြား ပေးပါသလား ခင်ဗျ။ သွားတက်ရတဲ့ ကျောင်းတွေကကော ကမ္ဘာ့အဆင့်နဲ့အညီ သတ်မှတ်ထားတဲ့ ဥပမာ အင်ဂျင်နီယာပိုင်း ဆိုရင် အမေရိကားမှာ MIT (Massachusetts Institute of Technology) တို့ အိန္ဒိယက IIT (Indian Institutes of Technology) တို့လိုမျိုး ထိပ်တန်း အင်ဂျင်နီယာ ဘာသာရပ်သင် တက္ကသိုလ်ကြီးတွေနဲ့ ယှဉ်ရင် ဘယ်လို အနေအထား ရှိပါသလဲခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ သွားတက်လာခဲ့တဲ့ Bauman University (Bauman Moscow State Technical University) က မြန်မာပြည်အနေနဲ့ ပြောမယ်ဆိုရင်တော့ စက်မှုတက္ကသိုလ်ကြီးပဲပေါ့။ သူ က University ဖြစ်ပြီးတော့ ကျနော်တို့ မြန်မာပြည်မှာ ဆောက်ခဲ့တဲ့ RIT - Rangoon Institute of Technology ဆိုတာကတော့ Institute အဆင့်ပဲ ရှိတာကိုး။ University အောက်မှာမှ Institute တွေရှိတာ ကိုး။ သဘောက မြန်မာပြည်မှာရှိတဲ့ RIT ဆိုတာ ကျနော်တို့ Bauman University ကြီးရဲ့ အခွဲတစ်ခု လိုမျိုး ပေါ့၊ အဲဒီလို ရှိပါတယ်။ ရုရှားမှာလည်း main ပင်မ တက္ကသိုလ် ရှိတယ်။ သူ့ကို အမ်ဂယ်(လ်)တဲအူး (ရုရှဘာ သာနှင့် М.Г.Т.У - Московский Государственный Технический Университет имени Н.Э. Ба­умана – အင်္ဂလိပ်ဘာသာ MSTU- Moscow State Technical University) လို့ခေါ်တယ်။ ဆိုလိုတာက မော်စကိုစက်မှုတက္ကသိုလ်ပေါ့ ခင်ဗျာ။ ကျနော် တက်ခဲ့တာ က အဲဒီ မော်စကိုစက်မှုတက္ကသိုလ်မှာပါ။ သူတို့ သင်တဲ့ပုံစံကတော့ ရုရှကျောင်းသားတွေကိုသင်တာနဲ့ အနည်းအကျဉ်း ကွာခြားမှုရှိပါတယ်။ ဥပမာ ကျနော်တို့ rocket engine design ဌာနမှာဆိုရင် ကျနော်တို့ကို liquid fuel (လောင်စာအ ရည်) နဲ့အသုံးချတဲ့ rocket engine design ကိုပဲ သင်ပေးတယ်။ solid fuel (လောင်စာခဲ)သုံးတဲ့ rocket engine design ကို သင်မပေး ပါဘူး။ နောက်ပြီးတော့ project လုပ်တဲ့ အခါမှာလည်း ကျနော်တို့ကို First Stage Rocket Engine Design ကို project မလုပ်ခိုင်းဘဲ Second Stage Rocket Engine Design ကိုပဲ လုပ်ခိုင်းတာ ရှိပါတယ်။

(မှတ်ချက်။ ။ liquid fuel (လောင်စာအရည်) - ဒုံးကျည်တွေမှာ လောင်စာအရည်အဖြစ် စသုံးဖို့ ၁၉၀၃ ခုနှစ်မှာ ရုရှ သိပ္ပံပညာရှင် Konstantin Tsiolkovsky လမ်းညွှန်မှုပေးခဲ့ပြီး အမေရိကန်ပါမောက္ခ Robert H. Goddard က ၁၉၂၆ မှာ စတင်ဆောင်ရွက်ခဲ့ပါသည်။ solid fuel (လောင်စာခဲ) – (၁၃)ရာစုကနေ (၂၀)ရာစု မတိုင်ခင် (သို့မဟုတ်) လောင်စာရည်သုံး ဒုံးကျည်တွေက efficiency နှင့် control ပိုမိုကောင်းမွန်ကြောင်း မဖော်ထုတ်နိုင်ခင်အထိ၊ ဒုံးကျည်တွေမှာ လောင်စာခဲအဖြစ် ယမ်းမှုန့်များကို သုံးခဲ့ပါသည်။ Multistage Rocket ဆိုသည်မှာ အဆင့် နှစ်ဆင့်ထက်ပိုပြီး ပါဝင်တဲ့ ဒုံးကျည်အမျိုးအစားတွေပါ။ ပုံမှန်အားဖြင့် First Stage ဆိုတာ အောက်ဆုံးက အကြီးဆုံး အပိုင်းဖြစ်ပြီးတော့ Second Stage ဆိုတာကတော့ တွဲဆက်ပါနေ တဲ့ အပေါ်ကအပိုင်းကို ဆိုလိုပါသည်။)

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဘယ်လိုပဲ ပြောပြော၊ ဒီတက္ကသိုလ်ကြီး ကမ္ဘာ့ထိပ်တန်း အင်ဂျင်နီယာတက္ကသိုလ် တွေထဲမှာ စာရင်းဝင်တဲ့ တက္ကသိုလ်ကြီးတစ်ခုမှာ ဗိုလ်မှူးတို့ သွားရောက်ပညာသင်ကြားခဲ့တဲ့ သဘောပဲ ပေါ့။ နောက်ပြီးတော့ နျူကလီးယားပညာရပ်ကို သွားသင်တယ်ဆိုတာ ဘာမှတော့ ပြဿနာမရှိဘူး။ ငြိမ်းချမ်း တဲ့ကိစ္စမှာသုံးဖို့ အရပ်ဘက်သုံး ဘာညာဆိုလို့ရှိရင် သူတို့တည်ဆောက်မယ့် nuclear reactor တွေကိုလည်း သူတို့က IAEA ရဲ့အစစ်မခံနိုင် လို့ ဗိုလ်မှူးတို့လို တပ်မတော်အရာရှိတွေကို ပြန်လာရင်လည်း တောထဲမှာပဲ ကြိတ်ပြီး စက်ရုံတွေဆောက်ပြီး လုပ်တယ် ဆိုတဲ့ သဘောမျိုးပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ အသုတ်တွေမှာ အရပ်ဖက် အင်ဂျင်နီယာတွေလည်း ပါပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက GTI (Government Institute of Technology)ကျောင်းအုပ်တွေ ဆရာတွေ ပေါ့။ ဆရာတွေ ပါပါ တယ်။ ထူးခြားတာ တစ်ခုကတော့ ကျနော်တွေ့ခဲ့တာက ကျောက်ဆည်က ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးမှူး တစ်ယောက် ပါတယ်။ သူက မြန်မာစာ အဓိကနဲ့ ပြီးထားတဲ့လူ။ သူ့ကို MEPhI (Moscow Engineering Physics Institute) ဆိုတဲ့ Nuclear Physics ကျောင်းကို စာသင်ဖို့ လွှတ်ခဲ့တာ ကျနော် တွေ့တယ်ဗျ။

ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ကျောက်ဆည်မြို့ ကျောက်ဆည်နယ်ထဲက မြန်မာစာအဓိကနဲ့ ကျောင်း ပြီးထား တဲ့ပုဂ္ဂိုလ်ကို ရုရှမှာ နျူကလီးယားဘာသာရပ်သင်ဖို့ စေလွှတ်တယ်ဆိုတော့၊ သက်ဆိုင်ရာပုဂ္ဂိုလ်ကြီး တွေရဲ့ ကိုယ့်ဒေသခံလူမို့လို့ ဆိုတဲ့ သဘောလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီလို ယူဆလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်ထဲမှာ အခု အသင်း အဖွဲ့ မဖွဲ့ရ ဆိုပေမယ့် ‘ကျောက်ဆည်အသင်း’ ဆိုပြီးတော့ ဦးသန်းရွှေကို နာယကခန့်ပြီးတော့ လုပ်နေခဲ့တာ တွေကလည်း ရှိတယ်။ အမျိုးမျိုး အဖုံဖုံပဲ။ ကျနော်တို့ တပ်မတော်အစဉ်အလာတွေလည်း တော်တော်တော့ ပျက်နေပြီခင်ဗျ။

ဦးရော်နီညိမ်း။ ။ နောက်ပြီးတော့ ဒီလိုပညာရှင်တွေ ပေါ့နော်။ ဗိုလ်မှူးတို့လို အင်ဂျင်နီယာ အရာရှိ တွေကို သီးသန့် DSTA လို ကျောင်းတွေ ထောင်ပြီးတော့မှ မွေးထုတ်လာခဲ့တာလည်း နှစ်တွေကြာလာခဲ့ပြီ၊ တခါ ဗိုလ်မှူးတို့ဆိုရင်လည်း RIT လိုဟာမျိုးကို သွားပြီးတော့ Master တက်ခဲ့ရသေးတယ်။ နောက်တခါ နိုင်ငံခြားကို လည်းသွားပြီးတော့ အခုလို မျိုးဘွဲ့လွန်တွေ ထပ်ပြီး တက်ရတယ်။ အဲဒီတော့ (၁၅) နှစ်လောက် ကြာလာခဲ့တဲ့ အချိန်မှာ အခုချိန်ထိ မအောင်မြင်တဲ့ ကိစ္စ၊ အောင်မြင်ဖို့ အလှမ်းဝေးနေတဲ့ ကိစ္စလို့ နိုင်ငံတကာက ပညာရှင် တွေက သုံးသပ်နေရတဲ့ အဖြစ်ကို ဗိုလ်မှူး ဘယ်လို ထင်ပါသလဲခင်ဗျ။ ဒီ စစ်အစိုးရ ကြိတ်ပြီး လုပ်နေတဲ့ နျူကလီးယားစီမံကိန်း မအောင်မမြင် ဖြစ်နေရတဲ့ အပေါ်ကို၊ ဗိုလ်မှူး ဘယ်လို ခံစားမိပါသလဲ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ စီမံခန့်ခွဲမှု အပေါ်မှာပဲ မူတည်ပါတယ်။ ပြီးတော့ လူမှန် နေရာမှန် မရောက်တာ၊ အဲဒီ ပြဿနာက အဓိက ပါပဲ။ ကျနော်တို့ nuclear ၊ rocket စီမံကိန်းတွေမှာ ဆိုလျှင်လည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တာဝန်ယူပြီးတော့ စီစဉ်ပေမယ့် ရုရှကို ရောက်သွားတဲ့ အချိန်ကျတော့ ကိုယ်သင်ရမယ့်subjectနဲ့ ကိုယ့်ရဲ့ အခြေခံ knowledge နဲ့ မကိုက်တာတွေ အများကြီးရှိပါတယ်။ ကွန်ပျူတာ ဘာသာရပ်နဲ့ ကျောင်းပြီးလာတဲ့ DSA က ညီတွေဆိုရင် Nuclear Physics သွားတက်ရတဲ့အခါ ကိုးလို့ကန့် လန့်နဲ့ ဒုက္ခရောက်ကုန်ကြတာ ရှိတယ်။ တချို့ကျ တော့ ဒီ entrance စာမေးပွဲမှာတင် ပြန်ခဲ့ရတာတွေ ရှိတယ်၊ အဲဒီလိုပေါ့ ကျနော်တို့ စကတည်းကိုက လူ့ အရင်းအမြစ်ကို တည်ဆောက်တဲ့အချိန်မှာ ကတည်းကိုက လွဲ ချော်နေတာလေးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ နောက်ပြီးတော့ နည်းပညာပိုင်း ဆိုင်ရာမှာလည်း ဒီနိုင်ငံကြီးတွေကတောင်မှ မအောင် မြင်နိုင်လို့ စွန့်လွှတ်ထားတဲ့ နည်းပညာမျိုးကိုပဲ အသုံးပြုတယ်၊ အဲဒါကလည်း ဒီကိစ္စ မအောင်မြင်ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေတယ်လို့ ကျနော်တို့ ပြောသံကြားဖူး ပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါကတော့ Carbon Monoxide Laser Beam ကိုသုံးပြီးတော့ isotopes တွေကိုခြား ပြီးတော့ uranium သန့်စင်တာ ပေါ့။ အဲဒီနည်းလမ်းကို အမေရိကားကတောင်မှ အကုန်အကျများ လို့ ဆိုပြီးတော့ စွန့်လွှတ်ခဲ့တာ ကြာပါပြီ။ အဲဒါကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက လုပ်တယ်။ အဲဒီမှာ သူတို့ က presentation တစ်ခု လုပ်တယ်၊ ဗိုလ်ချုပ်ကြီး မောင်အေးကို ခေါ်ပြီးတော့။ အဲဒီမှာ သံပြားကို ဖောက်သွား တယ်ပေါ့၊ သူတို့ရဲ့ laser beam က။ ဒါပေမယ့် အဲဒီအဆင့်ထက် ပိုပြီးတော့ သူတို့ ဆက်မလုပ်နိုင်ပါဘူး။ အဖျားရှူး သွားတာပါပဲ။

(မှတ်ချက်။ ။ Carbon Monoxide (CO) Laser = Carbon Dioxide (CO2) Laserထက် အရည်အသွေး efficiency ပိုကောင်းသည်။ Carbon Dioxide (CO2) Laser = ၁၉၆၄ မှာ တီထွင်ခဲ့သော အစောဆုံး Gas Lasers တွေထဲက တစ်ခု ဖြစ်ပါငည်။ Carbon Monoxide (CO) Laser ကို ၁၉၆၉ မှာ တီထွင်ခဲ့ပြီး isotopes separation ကို ၁၉၇၀ နှစ်ကုန် ပိုင်းမှာ ပြုလုပ်နိုင်ခဲ့ပါသည်။)

ဦးရော်နီညိမ်း။ ။ ဆိုတော့ တခြားနိုင်ငံ မြောက်ကိုရီးယားနဲ့ကော လုပ်တာရှိပါသေးလား ခင်ဗျ။ ‘သသန’ က။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြောက်ကိုရီးယားနဲ့ လုပ်တဲ့ ဟာတွေက သမရိုးကျ လက်နက် အစီအစဉ်တွေပဲ ရှိပါတယ်။ ဒီ နျူကလီးယားနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ မြောက်ကိုရီးယားတွေကို ကျနော် မတွေ့ခဲ့ရပါဘူး။

ဦးရော်နီညိမ်း။ ။ ဥမင်လှိုင်ခေါင်းတွေ ကိစ္စကတော့ ဒီ ‘သသန’ နဲ့ မဆိုင်ဘူးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဥမင်လှိုင်ခေါင်း ကိစ္စကို ကကယာ(ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး) လုပ်တာပါ။ သူတို့မှာ ဌာနတစ်ခု ရှိပါတယ်။ အဲဒီကနေပြီးတော့ မြန်မာအရာရှိ တွေကို မြောက်ကိုရီးယား အင်ဂျင်နီယာ ဥမင်လှိုင်ခေါင်း ဘာသာရပ်တွေ လာသင်ပေးပါတယ်။ နောက်ပြီးတော့ FCCS (Far Control Computer System) ဆိုတဲ့ သင်တန်းကိုလည်း မြောက်ကိုရီးယားတွေက လာသင်ပေးပါတယ်။

အဲဒါကတော့ လက်ရုံးတပ်(တိုက်ခိုက်ရေးတပ်များအတွက် အထောက်အကူပေးရသောတပ်) တွေက အရာရှိတွေကို ခေါ်ပြီးတော့ သင်ပေးတာပါ။ နောက် ရေဒါသင်တန်း တစ်ခုကလည်း ရှိပါသေးတယ်၊ အဲဒါလည်း မြောက်ကိုရီးယားတွေပဲ လာသင်ပေးတာ ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးက မြိုင်မြို့နယ် စက်ရုံက ဆိုတော့ နောက်ထပ် ‘သနလ’ ရှိသေးလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်စက်ရုံက သနလ(၂) ဖြစ်ပါတယ်။ သနလ(၁) က ပြင်ဦးလွင် စက်ရုံပါ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးက ပြောထားတာကတော့ သနလ (၁)၊(၂)၊(၃)၊(၄)၊(၅) အထိဆက်ပြီးတော့ ဖွဲ့စည်း သွားဖို့ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် (၂)မှာပဲ သူတို့ ဆုံးသွားတယ်။ သနလ(၃) ရဲ့နေရာကိုတော့ အလောင်းတော်ကဿပဥယျဉ်နားက 'ပုထိုးလုံ'ဆိုတဲ့ ရွာနားလေးမှာလုပ်ဖို့ လျာထားတယ်လို့တော့ကြားလိုက် ပါတယ်။ ဒါပေမယ့် စီမံကိန်းက ပျက်သွားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးလုပ်ခဲ့တဲ့ ဒီ သနလ(၁) က ကာကွယ်ရေးဝန်ကြီးဌာန အောက်က မဟုတ်ဘူးပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ် ခင်ဗျ၊ ဒီနေရာမှာ အင်မတန် ရှုပ်ထွေးပါတယ်။ ကျနော် သေသေ ချာချာ ရှင်းပြမှ ရမှာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ပြောပါဦး။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီစက်ရုံတွေကို စပြီးတော့ foundလုပ်တာ (တည်ထောင်တာ)က စပြီးတော့ အခြေချတာက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကလုပ်တာပါ။ ပြီးသွားတဲ့အချိန်မှာ အဲဒီစက်ရုံတွေမှာ ၀င်ပြီး တော့ နေရာယူမယ့်လူတွေကျတော့ ကျနော်တို့ ဖြစ်ပါတယ်။ ကျနော်တို့ကို ရုရှက ပြန်လာတဲ့အချိန်မှာ အဲဒီ စက်ရုံတွေထဲကို ထည့်လိုက်ပါတယ်။ ပြင်ဦးလွင်စက်ရုံကို သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံ အမှတ်(၁)ဆိုပြီး တပ်ဖွဲ့စည်းလိုက်ပြီးတော့ ကျနော်တို့ကို အဲဒီကို လွှတ်လိုက်တယ်။ နောက်ပြီးတော့ မြိုင်စက်ရုံကိုကျတော့ သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေးအလုပ်ရုံ အမှတ်(၂)ဆိုပြီး တပ်တစ်တပ် ဖွဲ့ပြီး တပ်မှူးတစ်ယောက်နဲ့ကျနော်တို့ကို လွှတ်လိုက်ပြန်ပါတယ်။ နောက်ပြီး သပိတ်ကျင်းစီမံကိန်းက ဆောက် ပြီးသွားပြီ။ အဲဒီမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက သိပ္ပံပညာရှင်တွေကလည်း အဲဒီကို ရောက်နေပြီပေါ့။

ဦးရော်နီညိမ်း။ ။ Nuclear Physics ပညာရှင်တွေ ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့။ အဲဒီအချိန်မှာမှ ကျနော်တို့ဆီက ရုရှကပြန်လာတဲ့ နျူကလီးယားဘာ သာရပ် နဲ့ ကျောင်းပြီးလာတဲ့ အရာရှိတွေကို၊ တခါ တပ်မှူးတစ်ယောက်နဲ့ တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့ အဲဒီအထဲ ကို ထည့်လိုက်ပါ တယ်။ အဲဒီမှာ….

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်မှူးက နောက်ဆုံး သနလ(၁) ကနေ ပြည်ပကို ထွက်ခွါလာတာလား၊ သနလ(၂) ကနေ ကို ထွက်ခွါလာတာလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော် သနလ (၁) ကနေ ထွက်လာတာပါ။

ဦးရော်နီညိမ်း။ ။ ပြင်ဦးလွင်က နေပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ ဒါပေမယ့် အများကသိနေတာက ဗိုလ်မှူးကို မြိုင်ကလို့ပဲ သိနေတာ။ မြိုင်လည်း သွား ပြီး တာဝန်ထမ်းဆောင်ဖူးတယ် ပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် မြိုင်ကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၀ဇန်န၀ါရီ အထိ ကျနော် မြိုင်မှာ ရှိနေခဲ့ပါတယ်။ (၃)နှစ်လောက် ပေါ့။ အဲဒီအချိန်မှာ ၂၀၁၀ ဇန်န၀ါရီမှာ ကျနော် ပြင်ဦးလွင်ကို ပြန်ပြောင်းရပါတယ်။ သနလ(၁) ကို ပြန်ပြောင်းပြီး အဲဒီမှာ (၁)လလောက် နေပြီးမှ ကျနော် ထွက်လာတာပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါဆို ဗိုလ်မှူး ဒီဓါတ်ပုံတွေနဲ့ ဂျာမဏီက စက်ကြီးတွေနဲ့ ပုံတွေကတော့ မြိုင် က ပုံတွေ ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်က ပုံတွေလည်း ပါပါတယ်။ ပြင်ဦးလွင်က ပုံတွေလည်း ပါပါတယ်။ ရုရှက နေ၂၀၀၅ နိုဝင်ဘာမှာ ကျနော် ရောက်ပါတယ်။ ပြန်လာခဲ့ပြီးတဲ့အချိန်မှာ ကျနော်တပ်(၃)တပ်လုံးမှာ နေပြီး သွားခဲ့တဲ့ သဘောရှိပါတယ်။

ဦးရော်နီညိမ်း။ ။ မြန်မာစစ်အစိုးရရဲ့ နျူကလီးယားလက်နက်စီမံကိန်း အကြောင်း ဖော်ထုတ်တင်ပြပေး နေတဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့ ပြောစကား အပိုင်း(၃)ကိုတော့ ရှေ့သီတင်းပတ် ဗီအိုအေမြန်မာပိုင်းအစီ အစဉ် စနေ၊ တနင်္ဂနွေ နံနက်တွေမှာ ဆက်လက် တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ရန်ကုန်မှာ တပ်မတော်သားတွေကို ပြည်သူဘက် ရပ်ပေးဖို့ စာတွေကြဲချ

ရန်ကုန်မြို့ မြောက်ဥက္ကလာပ ၆ ကွေ့ မှတ်တိုင်မှာ လိုင်းကားတစီးပေါ်က တပ်မတော်ကို စည်းရုံးတဲ့ စာတွေ ကြဲချ သွားတယ်လို့ သိရှိရပါတယ်။

စာထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကတော့

“စစ်သည်တော်အပေါင်းတို့ တိုင်းရင်းသားပြည်သူများအပေါ် အနိုင်ကျင့် ကျူးကျော်သော ထိုးစစ်များကို စွန့်ခွာ ခဲ့ပါ။

စစ်အာဏာရှင် စစ်ကျွန်မှ ပြည်သူ့စစ်သည်တော်အဖြစ် ဘက်ပြောင်း ခိုလှုံကြပါ”
စတဲ့ စာသားများ ပါဝင် ပါတယ်။

စာတွေကို တွေ့တဲ့ အနီးအနားက လူတွေက ကောက်ဖတ်ကြပါတယ်။ နောက်ပိုင်း ရဲတပ်ဖွဲ့ဝင် တွေပါ ကောက်ဖတ် နေကြတယ်လို့ တွေ့ရှိသူတဦးက ပြောပြပါတယ်။

စာကိုဖတ်တဲ့ လူတချို့ကတော့ ဒီလိုစာတွေဖြန့်တာ ကောင်းတယ်၊ ဒါမှ သူတို့တွေ အမြင်မှန် ရလာကြမယ် စတဲ့ မှတ်ချက်တွေကိုလည်း ပြောနေကြတယ်လို့ သိရှိရပါတယ်။

နအဖဟာ ၂၀၁၀ ရွေးကောက်ပွဲ ပြီးနောက်ပိုင်း နယ်ခြားစောင့် လုပ်ခိုင်းလို့မရတဲ့ အပစ်ရပ် အဖွဲ့တွေရဲ့ နယ်မြေတွေကို ထိုးစစ်တွေဆင်ဖို့ စစ်ပြင်ဆင်မှုတွေ ရှိနေပါတယ်။ လက်ရှိမှာလည်း ၂၀၁၀ ရွေကောက်ပွဲ နေ့ကတည်းက စလိုက်တဲ့ ဒီအေဘီအေ အဖွဲ့နဲ့ နအဖ တိုက်ပွဲတွေဟာ ဒီနေ့အထိ တိုက်ပွဲတွေ တဖြည်းဖြည်းနဲ့ ပြန့်နှံ့ ကျယ်ပြန့် လာနေပါတယ်။

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

Charles Tilly’s Framework နှင့် လူထုတိုက်ပွဲ

လူထုတိုက်ပွဲ (သို့မဟုတ်) လူထုတော်လှန်ရေး တွေကို လေ့လာ သုံးသပ်တဲ့အခါမှာ အချက် သုံးချက်ကို အာရုံစိုက် လေ့လာလေ့ ရှိကြပါတယ်။

ပထမ အချက်က လူထုတိုက်ပွဲ ပေါ်ထွက်လာရတဲ့ အခြေခံ အကြောင်းရင်းတွေဖြစ်တဲ့ ပြဿနာအရင်းခံ၊ အတိုက်အခံ အင်အား၊ ပြဿနာအရင်းခံအပေါ်မှာ အတိုက်အခံများရဲ့ ရှုမြင်သုံးသပ်မှု၊ တိုက်ပွဲ ဆင်နွှဲပုံ နည်းလမ်း စတာတွေ ဖြစ်ပါတယ်။

ဒုတိယ အချက်က တော်လှန်ရေးသန္ဓေတည်လာတဲ့ လူ့အဖွဲ့အစည်း အတွင်းက ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်ပါတယ်။

တတိယ အချက်ကတော့ လူတဦးတယောက် (သို့မဟုတ်) လူအုပ်စုတွေဟာ အာဏာပိုင်တွေကို တော်လှန်ဖို့ ဘယ်လို စုဝေးပေါင်းစည်းလာပြီး အဖွဲ့အစည်းတွေ၊ လှုပ်ရှားမှုတွေကနေ လူထုတိုက်ပွဲကြီး ပေါ်ထွက်လာလဲ ဆိုတာပဲ ဖြစ်ပါတယ်။ အခုဒီဆောင်းပါးမှာ ဒီလို လူအုပ်စုတွေ စုစည်းလာမှုကနေ လူထုတိုက်ပွဲကြီးတွေ ဖြစ်လာတာနဲ့ ပတ်သက်ပြီး Charles Tilly’s Framework ကို အသုံးပြု တင်ပြပါမယ်။

Charles Tilly’s Framework မှာ အပိုင်း (၅) ပိုင်း ပါဝင်ပါတယ်။

(၁) အကျိုးစီးပွား (interests)

လူအများ စုပေါင်းပြီး အာဏာပိုင်တွေကို တော်လှန်ကြတဲ့အခါမှာ တော်လှန်ရေးအင် အားစုတွေရဲ့ အကျိုးစီးပွားက ဘာတွေလဲဆိုတာကို သေချာဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုဖော်ထုတ်နိုင်မှသာ ဘုံအကျိုးစီးပွားကို ရှာဖွေပြီး ဘုံရည်မှန်းချက်၊ လုပ်ငန်း စဉ်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုရှာဖွေဖော်ထုတ်တဲ့အခါမှာ ရေတိုအကျိုးစီး ပွားနဲ့ ရေရှည်အကျိုးစီးပွား နှစ်မျိုးစလုံးကို လေ့လာဖို့ လိုပါတယ်။ တချိန်တည်းမှာပဲ အုပ် စုလိုက်အကျိုးစီးပွားနဲ့ ခေါင်းဆောင်တွေရဲ့ တဦးချင်း အကျိုးစီးပွားတွေကို လေ့လာဖော် ထုတ်ပြီး အုပ်စုလိုက် အားပြိုင်မှုတွေ ဖြစ်ပွားရတဲ့ အခြေခံ အကြောင်းရင်းများနဲ့ ကိုယ် ကျိုးရှာမှုများကို လေ့လာဖို့ လိုပါတယ်။ သို့မှသာ ကွဲပြားခြားနားတဲ့ တဦးချင်း အကျိုးစီးပွား၊ အုပ်စုလိုက် အကျိုးစီးပွား၊ တော်လှန်ရေး အကျိုးစီးပွား၊ တိုင်းပြည်ရဲ့ အကျိုးစီးပွား တွေအကြားမှာ ဘုံအကျိုးစီးပွားကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘုံအကျိုးစီးပွားကို ရှာဖွေတွေ့ရှိလာတဲ့ အုပ်စုတွေ၊ လူပုဂ္ဂိုလ်တွေအကြားမှာ စုစည်းမှု ရှိလာတဲ့အခါ တော်လှန်ရေး အဖွဲ့အစည်းတွေ ပေါ်ထွက်လာပါတယ်။

(၂) တော်လှန်ရေးအဖွဲ့အစည်း (Revolutionary Organization)

တော်လှန်ရေးအဖွဲ့အစည်းတွေကို လေ့လာသုံးသပ်တဲ့အခါမှာ အဖွဲ့အစည်းရဲ့ ရေချိန် (degree of organization) ကို ကနဦးသုံးသပ်ဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းဟာ စုစည်းညီညွတ်မှု မရှိပဲ တစစီပြိုကွဲနေတဲ့ အဖွဲ့အစည်းလား၊ စနစ်တကျ ညီညွတ်စွာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလား ဆိုတာပေါ် မူတည်ပြီး တော်လှန်ရေးအပေါ်မှာ အကျိုး သက်ရောက်နိုင်မှုနဲ့ ထိရောက်နိုင်မှုတွေက ကွဲပြားခြားနားပါတယ်။ အဖွဲ့အစည်းတွေ ဖွဲ့စည်းကြရာမှာ common identity ပေါ် မူတည်ပြီး အဖွဲ့အစည်း (ဥပမာ- ကျောင်းသားအ ဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့အစည်း၊ နိုင်ငံရေးဝါဒပေါ် အခြေခံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း) ဖွဲ့စည်း လေ့ရှိကြပါတယ်။

ဒါကြောင့် အဖွဲ့အစည်းတွေရဲ့ ရေချိန်ကို လေ့လာတဲ့အခါမှာ catness လို့ခေါ်တဲ့ degree of common identity ကို လေ့လာဖို့ လိုပါတယ်။ ဒါတွင်မကပဲ အဖွဲ့အစည်းအတွင်းက လူပုဂ္ဂိုလ်တွေအချင်းချင်းရဲ့ ချိတ်ဆက်မှုနဲ့ ဆက်နွယ်မှု သဏ္ဍာန်တွေကိုလဲ လေ့လာဖို့ လိုပါသေးတယ်။ အဖွဲ့ဝင်တွေအကြားမှာ ရဲဘော်ရဲဘက်စိတ် တည်ဆောက်ထားနိုင်ရင် တော်လှန်ရေးအတွက် ပိုပြီးအကျိုးသက်ရောက်မှု များပါတယ်။ ဒါကိုတော့ netness (degree of internal networking) ကို ပညာရှင်များက သတ်မှတ်ခေါ်ဆိုပါတယ်။ catness နဲ့ netness ပေါ်မှာ မူတည်ပြီး အဖွဲ့အစည်းရဲ့ လှုပ်ရှားမှုတွေ ပေါ်ထွက်လာ ပါတယ်။ ရေချိန်မြင့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားမှု အားကောင်းပြီး၊ ရေချိန်နိမ့်တဲ့ အဖွဲ့အစည်းတွေက လှုပ်ရှားမှု အားလျော့ နေတတ်ပါတယ်။

(၃) လှုပ်ရှားမှု (Mobilization)

အုပ်စုဖွဲ့လှုပ်ရှားမှုမှာ ပုံစံသုံးမျိုးရှိပါတယ်။ ပထမတမျိုးက ခုခံကာကွယ်ရေး လှုပ်ရှားမှု (defensive mobilization) ဖြစ်ပါတယ်။ ပြင်ပက တိုက်ခိုက်မှု (သို့မဟုတ်) အာဏာရှင်တွေရဲ့ မတရား ဖိနှိပ်စော်ကားလာမှု (threats) တွေကို ခုခံကာကွယ်ဖို့ လူအများစုစည်း လာပြီး၊ ခေါင်းဆောင်တွေ ပေါ်ထွက် လာတာဖြစ်ပါတယ်။ ဒီလိုအုပ်စုဖွဲ့လှုပ်ရှားမှုကို bottom-up approach လို့ သတ်မှတ်ကြပါတယ်။ လှုပ်ရှားမှုက ကနဦးစတင်ပြီးမှ ခေါင်းဆောင်က လှုပ်ရှားမှုကနေ ပေါ်ထွက်လာတာမျိုးပါ။

ဒုတိယတမျိုးက တိုက်ခိုက်ရေးလှုပ်ရှားမှု (offensive mobilization) ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် အခွင့်အလမ်းတွေကို ခေါင်းဆောင်တွေက ရှာဖွေပြီး တော်လှန် ရေးဆင်နွှဲတာ ဖြစ်ပါတယ်။ ပမာဆိုရရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတုန်းက အင်္ဂလိပ်အခက်၊ ဗမာ့အချက်လို့ ကြွေးကြော်ပြီး နယ်ချဲ့ဆန့်ကျင်ရေးကို အရှိန်မြှင့်ခဲ့ကြ ပါတယ်။ ဒါဟာ တိုက်ခိုက်ရေးလှုပ်ရှားမှု ဥပမာတခုပဲ ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို top-down approach လို့ သတ်မှတ်ကြပါတယ်။ ခေါင်းဆောင်တွေက ဦးဆောင်ပြီး လှုပ်ရှားမှုကို ခေါ်ဆောင်ရတာ ဖြစ်ပါတယ်။

တတိယတမျိုးကတော့ ကြိုတင်ပြင်ဆင်ရေး လှုပ်ရှားမှု (preparatory mobilization) ဖြစ်ပါတယ်။ ဒါကတော့ အာဏာပိုင်တို့ရဲ့ အခြေအနေကို စောင့်ကြည့်အကဲခတ်ပြီး ရ လာမယ့် တော်လှန်ရေး အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်အသုံးပြုနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားရတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ မြေအောက်ယူဂျီ ကွန်ယက်တည်ဆောက်ရေး လှုပ်ရှားမှု၊ တပ်ပေါင်းစု ဖော်ဆောင်ရေး လှုပ်ရှားမှုတွေဟာ ကြိုတင်ပြင်ဆင်ရေး လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။

(၄) တော်လှန်ရေးအခွင့်အလမ်း (opportunity)

တော်လှန်ရေးအခွင့်အလမ်း ပေါ်ထွက်မှုဟာ တော်လှန်ရေးအင်အားစုများနဲ့ နိုင်ငံတော် အကြားက ဆက်နွယ်မှုတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ အုပ်စုတွေအကြားမှာ ဘုံ အကျိုးစီးပွားတွေ ရှာဖွေတွေ့ရှိလာပြီး တော်လှန်ရေးအဖွဲ့အစည်းတွေ ပေါ်ထွက်လာတဲ့အခါ၊ တော်လှန်ရေး လှုပ်ရှားမှုတွေ စတင်လာတဲ့အခါ နိုင်ငံတော်မှာ ရွေးချယ်စရာ နည်းလမ်း လေးခု ရှိပါတယ်။ ဖိနှိပ်မှု၊ အတိုင်းအတာ တခုအထိ လိုက်လျောဆက်ဆံမှု၊ ညှိနှိုင်း ဆွေးနွေးမှုနဲ့ နှိမ်နင်းမှုတွေ ဖြစ်ပါတယ်။

အစိုးရ အများစုကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေ ပေါ်ထွက်လာမှုတွေကို စောင့် ကြည့်လေ့လာမှု လိုက်လျောဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေလုပ်လေ့ရှိပြီး၊ လှုပ်ရှားမှုဖြစ်လာတဲ့ အခါကျမှ နှိမ်နင်းမှုတွေ လုပ်လေ့ရှိပါတယ်။ ဒီလို နိုင်ငံတော်ရဲ့ တုန့်ပြန်မှုတွေပေါ်မှာ မူတည်ပြီး တော်လှန်ရေးအခွင့်ကောင်းတွေ ပေါ်ထွက် လာတတ်တာကြောင့် အခွင့်ကောင်းတွေကို အချိန်အခါနဲ့အညီ မိမိရရ ဆုပ်ကိုင် အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။

တော်လှန်ရေး အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားဖို့ လိုအပ်ချက်တခု ကတော့ အခွင့်အလမ်းကို အသုံးပြုခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေနဲ့ ဆုံးရှုံးမှုတွေကို ချိန်ဆနိုင်မှုပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုခေါင်းဆောင်တွေဟာ မိုက်ရူးရဲ ထင်ရာစိုင်း လုပ်နေသူတွေ မဖြစ်ရပါဘူး။ အချိန်အခါ၊ အခြေအနေကို ရှုမြင်သုံးသပ်ပြီး လူထု ရေချိန်၊ တော်လှန်ရေး ရေချိန်၊ အဖွဲ့အစည်း ရေချိန် ကို ဆန်းစစ်နိုင်သူများ ဖြစ်ရပါမယ်။

(၅) လူထုတော်လှန်ရေး (သို့မဟုတ်) လူထုတိုက်ပွဲ

လူထုတိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး လူအများစုဝေးကြ၊ တရားဟောကြတာကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ လူထုတိုက်ပွဲမှာ ရည်မှန်းချက် ပန်းတိုင် ရှိရပါမယ်။ လူအများ စုဝေးပြီး တိုက်ပွဲတခုကို ဖော်ဆောင်တာမှာ တိုက်ပွဲရဲ့ ဗဟိုချက်မ ရှိရပါမယ်။ ဒီတိုက်ပွဲ ဟာ ဘာကို ဦးတည် တိုက်တာလဲ၊ တိုက်ပွဲရဲ့ အောင်မြင်မှုရလဒ်က ဘာလဲဆိုတာ သိဖို့ လိုပါတယ်။ အစိုးရ ပြုတ်ကျရေးလား၊ အစိုးရကို အင်အားပြပြီး ဆွေးနွေးညှိနှိုင်းလာအောင် ပြုလုပ်ရေးလား၊ အစိုးရကို ဖြုတ်ချပြီး အစိုးရသစ်တခုနဲ့ အစားထိုးရေးလားဆို တာ ရှင်းလင်းဖို့ လိုပါတယ်။ ဒီလို တိကျတဲ့ ရည်မှန်းချက် ပန်းတိုင် မရှိရင် တိုက်ပွဲမရှိတာက ပိုကောင်းပါတယ်။

နိဂုံး

လူထုတိုက်ပွဲဆင်နွှဲဖို့အတွက် တော်လှန်ရေးအင်အားစုတွေ စုစည်းလာမှု၊ တော်လှန်ရေး အဖွဲ့အစည်းများ ပေါ်ထွက်လာမှု၊ လှုပ်ရှားမှုများ စတင်လာမှုတွေကို လေ့လာသုံးသပ် ကြရာမှာ သုတေသန ပညာရှင် အများအပြားက Charles Tilly’s Framework ကို အ သုံးပြုလေ့ရှိကြပါတယ်။ လူထုတိုက်ပွဲမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်မှုတွေ မှာလဲ Charles Tilly’s Framework ကို အသုံးပြုပြီး လိုအပ်မယ့် လုပ်ငန်းစဉ်တွေ၊ တော်လှန်ရေး အခွင့်အလမ်းတွေကို ဖော်ထုတ်ဖြည့်ဆည်း နိုင်တဲ့အတွက် ကမ္ဘာတ၀ှမ်းက တော်လှန်ရေးများမှာ အသုံးပြုနေကြပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး

ရည်ညွှန်းကိုးကား

Cohan, A. S. (1975) Theories of Revolutions: An Introduction, New York, John Wiley and Sons

Olson, M. (1965) The Logic of Collective action, Cambridge, Harvard University Press

Tilly, C. (1978) From mobilization to Revolution, New York, McGraw Hill

အပြည့်အစုံ ဖတ်ရန် ...

Friday, December 17, 2010

မြို့တိုင်းမှာ ပြောက်ကျားစစ် ဆင်နွှဲသွားမည်ဟု ဒီကေဘီအေ ပြော

နအဖက အလုံးအရင်းနဲ့ ထိုးစစ် ဆင်လာရင် မြို့တိုင်းမှာ ပြောက်ကျားစစ်နဲ့ ဆင်နွှဲ တိုက်ခိုက် သွားမယ်လို့ ဒီကေဘီအေ ဗျူဟာမှူးက ပြောပါတယ်။

ဒီကေဘီအေ ဖလူးစခန်းကို ရောက်ရှိနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုမောင်တူး က တိုက်ရိုက် ပေးပို့ ထားတာဖြစ်ပါတယ်။

ဖလူးစခန်းဟာ နအဖကို ခုခံတိုက်ခိုက်နေတဲ့ စခန်းဖြစ်ပြီး ဒီကေဘီအေ ကလိုထူးဖော် ဗျူဟာမှူး ဗိုလ်မှူးကျော်သက် ကို ကိုမောင်တူး က မေးမြန်းထားပါတယ်။

ဗိုလ်မှူးကျော်သက်။ ။ နအဖက မညှာဘူးဆိုရင် ကျနော်တို့ မြို့တွင်းတိုက်ပွဲလုပ်မှာ။ ကျနော်တို့ လူက ချထားပြီးသား။ ကျနော်တို့ ရှေ့ဆက်တော့ လုပ်ရမှာပဲ။

မောင်တူး။ ။ ဟုတ်ကဲ့ မြို့တွင်းတိုက်ပွဲဆိုလို့ရှိရင် ကရင်ပြည်နယ် အတွင်းမှာတင်ပဲလား၊ အခြားမြို့နယ်တွေ ပါ မလား။

ဗိုလ်မှူးကျော်သက်။ ။ အကုန်လုံးပါတယ်။ မြန်မာတနိုင်ငံလုံးပဲ၊ ရှင်းရှင်းပြော ရရင်။

မောင်တူး။ ။ ကျနော် ရောက်ရှိနေတဲ့ အနေအထားမှာတော့ ဒီကေဘီတပ်တွေက အသင့်အနေအထားနဲ့ ရှိနေတယ်။ သူတို့ရဲ့ စစ်လက်နက်၊ ရိက္ခာတွေ ဖြည့်တင်းမှုတွေနဲ့ သူတို့ ကြံ့ခိုင်မှုတွေ၊ အင်အားဖြည့်တင်းမှုတွေ လုပ်နေတာကိုလည်း ကျနော် တွေ့ခဲ့ရပါတယ် ခင်ဗျ။

ဗိုလ်မှူးကျော်သက်။ ။ သူတို့ ငြိမ်နေတဲ့အချိန်မှာ သူတို့အားဖြည့်၊ ကျနော်တို့လည်း အားဖြည့်တာပဲ။ ကျနော်တို့လည်း အင်အားပြန်ယူတာပဲ။ လက်နက်ခဲယမ်း ကျနော်တို့ အကုန်လုံး ပြန်ဖြည့် တယ်ပေါ့။ ကျနော်တို့က ခုခံဖို့ တိုက်ဖို့ ကျနော်တို့ ပြင်ဆင် ထားပြီးသား။

ဒါ့အပြင် ကချင်၊ မွန်၊ ဝ စတဲ့ တိုင်းရင်းသားဒေသတွေမှာလဲ မကျေနပ်မှုတွေ များပြားနေတဲ့အတွက် တိုက်ပွဲတွေ ဖြစ်လာနိုင်ပြီး တိုင်းရင်းသား အားလုံးပေါင်းတိုက်ရင် အောင်မြင်မှု ရနိုင်မယ်လို့လည်း ဗိုလ်မှူးကျော်သက် က ပြောပါတယ်။

အခုလက်ရှိ ဖလူးစခန်းမှာ တိုက်ပွဲ မရှိပေမယ့် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်နဲ့ ဖာပွန်မြို့နယ် တွေမှာတော့ အနည်းဆုံး တိုက်ပွဲ ၄ ပွဲ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

မောင်တူး

source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

နောက်ဆုံး ကချင် ခံကတုပ်

၂ဝ၁ဝ အောက်တိုဘာကစပြီး မြန်မာစစ်တပ်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး ပြည်တွင်းစစ် ပြန်စလာခဲ့ပါတယ်။။ ထိုအထဲမှာ မြန်မာပြည် မြောက်ပိုင်းမှာ ၁၆ နှစ်ကြာ ငြိမ်းချမ်းရေးရခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ မြန်မာစစ်တပ် စစ်ပြန်ဖြစ်မယ့် အလားအလာတွေ၊ ပြင်ဆင်မှုတွေ ရှိနေပါတယ်။ ဒီအခြေအနေကို မဇ္ဈိမတီဗွီက သတင်း ပေးပို့ထားပါတယ်။



မဇ္ဈိမသတင်းဌာန


source by : http://www.youtube.com/user/mizzimanewsTV

အပြည့်အစုံ ဖတ်ရန် ...

Thursday, December 16, 2010

သေဆုံးသူ လူငယ် အသုဘ ကျောက်ဖြူတွင် ပြုလုပ်

မသဂြိုလ်မှီ ရိုက်ကူးထားသော မောင်ဝင်းပုံ

ကျောက်ဖြူ အခြေစိုက် ခမရ ၅၄၂ တပ်ရင်းမှ စစ်သား တစ်ဦး၏ ပစ်ခတ် သတ်ဖြတ်ခံရသူ မောင်ဝင်း၏ အသုဘကို ယမန်နေ့ နေ့လည်ပိုင်းက ကျောက်ဖြူတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ အသုဘသို့ လူအများအပြား လိုက်ပါ ပို့ဆောင်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။


“ ရဲက ဆေးစစ်ဆေးချက်တွေ ရပြီးတဲ့နောက်မှာ မောင်ဝင်း အလောင်းကို သူ့ မိဘတွေဆီ ပြန်လည် အပ်နှံခဲ့ပါတယ်။ မိဖတွေရော သူဆွေမျိုးတွေရော အကုန်လုံး ကျောက်ဖြူကို လိုက်လာကြပြီး ကျောက်ဖြူ ပိုက်ဆိပ် သချိင်္ုင်းမှာ မနေ့က နေ့လည် ၂ နာရီခွဲမှာ သဂြိင်္ုလ်ခဲ့ပါတယ်။” ဟု ပြောသည်။

ယခုအခါ မောင်ဝင်း အသတ်ခံရမူနှင့် ပတ်သက်ပြီး ရဲစခန်းတွင် အမူဖွင့်ထားသည်ဟု ရဲက အတည်ပြု ပြောကြားသည်။

မောင်ဝင်း၏ မိသားစုကို တပ်ရင်း ၅၄၂ မှ တပ်ရင်းမှူးမှ နစ်နာကြေး ကျပ်တစ်သိန်း ပေးကြောင်း သူ၏ ဆွေမျိုး တစ်ဦးကလည်း ပြောသည်။

“ မိသားစုတွေက ဆင်းရဲတော့ တပ်ရင်းမှူးပေးတဲ့ ပိုက်ဆံကို မယူချင်ပေမယ့် လက်ခံခဲ့ရပါတယ်။ တပ်ရင်းမှူးက သဂြိုလ် စရိတ် အနေနဲ့ ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။ ကုသိုလ် ကောင်းမူ လုပ်တဲ့အခါလည်း ကူညီပေးအုံးမယ်ဆိုပြီး ပြောပါသေးတယ်” ဟု ပြောသည်။

မောင်ဝင်းကို ဒီဇင်္ဘာလ ၁၄ ရက်နေ့က မင်းကြောင်း (ချောင်း) တံတားတွင် တာဝန် ကျနေသော စစ်တပ်က စက်လှေကို ကမ်းကပ်ခိုင်းပြီး ကမ်းကပ်နေစဉ် အတွင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လေဘေးဒဏ်ကြောင့် လူထုများ အနေဖြင့် အထူး ဒုက္ခ ရောက်နေကြချိန်တွင် ယခုကဲ့သို့ စစ်တပ်မှ နိုင်ထက်စီးနှင်း ပြုလုပ်ပြီး အပြစ်မဲ့ လူငယ် တစ်ဦးကို သတ်ပစ်ခဲ့သဖြင့် ဒေသခံ လူထု အတွင်း အထူးခံပြင်း ဒေါသထွက် နေကြသည်ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

source by : http://www.narinjara.com

အပြည့်အစုံ ဖတ်ရန် ...

ကျောက်ဖြူတွင် လူငယ် တစ်ဦးကို စစ်တပ်က ပစ်သတ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ အသက် ၂၁ နှစ် အရွယ် လူငယ် တစ်ဦးကို စစ်တပ်မှ ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူ လူငယ်မှာ ကျောက်ဖြူမြိ့နယ် မင်းတပ်ချောင်းကျေးရွာမှ ဦးလှခင် ၏သား မောင်ဝင်း (၂၁)နှစ် ဖြစ်သည်။

မောင်ဝင်းကို ယမန်နေ့ (ဒီဇင်္ဘာလ ၁၄ ရက်နေ့) နေ့လည်ပိုင်းက ရန်ကုန်-ကျောက်ဖြူ ကားလမ်း ပေါ်တွင် တည်ရှိသော မင်းချောင်း တံတားတွင် တာဝန်ကျနေသော စစ်တပ်က ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ သူတို့က စက်လှေ တစီးနဲ့ ဘုတ်စပ်မယ့် သစ်တွေကို တင်ပီး အလာမှာ စစ်တပ်က စက်လှေကို ကမ်းကပ်ခိုင်းတယ်လို့ သိရပါတယ်။ စက်လှေက ကမ်းအကပ်မှာ ကြိုးကို ကမ်းပေါ် ပစ်တင်တော့ ကြိုးက စစ်ဗိုလ်ကို သွားထိတဲ့ အတွက် မကျေနပ်ရာကနေ ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။”

မောင်ဝင်း အလောင်းကို မနေ့က ကျောက်ဖြူသို့ ယူဆောင်လာခဲ့ပြီး ဆေးစစ်ဆေးချက်များ ယူခဲ့သည်ဟု ကျောက်ဖြူ ရဲအရာရှိက ပြောသည်။

“ မောင်ဝင်း အလောင်းကို ဆေးစစ်ချက် ယူပြီး တဲ့နောက် သူမိဘတွေရှိတဲ့ မင်းတပ်ချောင်းကို ဒီကနေ့ ယူသွားခဲ့ပါတယ်။ ဘာကြောင့် စစ်တပ်က ပစ်သတ်ခဲ့တယ်ဆိုတာတော့ မသိရသေးဘူး။ အထက်က စစ်ဆေး နေတုန်းဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဗမာ စစ်တပ်မှ ရခိုင်လူထု အပေါ် မကြာခဏ နိုင်ထက် စီးနှင်းမူများ ပြုလုပ်နေပြီး ဒီဇင်္ဘာလ ၂ ရက်နေ့ ကလည်း ပေါက်တောမြို့နယ် ငရဗချိုင် ကျေးရွာမှ ရယက ဥက္ကဌ ဦးစိန်လှကျော်ကို လေဘေး ကယ်ဆယ်ရေး ဆောင်ရွက်ရန် ရောက်နေသော ခမရ ၅၃၈ မှ ဒုဗိုလ် ကျော်ကျော်အောင်မှ မတရားသဖြင့် အပြင်း အထန် ရိုက်နှက် ခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်ကလည်း မြန်မာ့ ပဏာမ လက်ရွေးစင် ဘော်လုံး ဂိုးသမားဟောင်း ဦးစံကျော်နှင့် မင်းပြားမြို့မှ ရဟန်းတော် ပညာသာမိ (နပင်း ဘုန်းကြီး) တို့ကို စစ်တွေ နေအိမ်မှ ခေါ်ယူ သွားပြီး တစုံတရာ ရုံးတင် စစ်ဆေးမူ မရှိဘဲ စစ်တပ်က အဆုံးစီရင် သတ်ဖြတ်ပစ်ခဲ့သည်။

ဂိုးသမား စံကျော်သေဆုံးပြီးနောက် သူ၏ မိသားစု တခုလုံးမှာ ဘ၀ပျက်သွားခဲ့ကြောင်း သိရသည်။

မစောစော
source by : http://www.narinjara.com

အပြည့်အစုံ ဖတ်ရန် ...

လက်ရှိဖြစ်ပေါ်နေသော ဒီကေဘီအေနှင့် နအဖ စစ်ပွဲအပေါ် အကျဉ်းချုပ် သုံးသပ်ချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော်ခင်ကျော် မှ လက်ရှိဖြစ်ပေါ်နေသော ဒီကေဘီအေနှင့် နအဖ စစ်ပွဲအပေါ် အကျဉ်းချုပ် သုံးသပ်ချက်ကို တင်ပြ ပေးလိုက်ပါတယ်ခင်ဗျား...။

နယ်ကြားစောင့်တပ်ကို လက်မခံလိုသော ဒီကေဘီအေအဖွဲ့မှ နအဖ၏ ရွေးကောက်ပွဲရက်ကို တိုက်ပွဲစရက်၊ မြဝတီနှင့် ဘုရားသုံးဆူကို စစ်ရေးပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ခြင်းကြောင့် နိုင်ငံရေးအရင်းခံ စစ်ပွဲအသွင်ကို ပေါ်လွင် ထင်ရှားသွားခဲ့စေတယ်။

ဒီကေဘီအေအဖွဲဟာ နိုင်ငံရေးစကား သိပ်မပြောခဲ့၊ ရန်သူရဲ့ အရေးကြီး စစ်ဆင်ရေးတွေမှာလည်း အဓိကအခန်းမှ ပါခဲ့တာကြောင့် အပစ်ရပ်အဖွဲ့တွေထဲမှာ ယုံကြည်စိတ်ချရဆုံးလို့ နအဖက သတ်မှတ် ထားခဲ့ပါတယ်။ ဒါ့ကြောင့် အခုလို ဗိုလ်မှူးကြီး စောလှဘွယ် ဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့က ထပြီး တိုက်တော့ နအဖ အစိုးရထုတ်တဲ့ သတင်းစာမှာ ကေအင်ယူ သောင်းကျန်သူတွေ တိုက်တာပါလို့တောင် လိမ်ပြောခဲ့ရတယ်။

မြဝတီနဲ့ ဘုရားသုံးဆူ စစ်ပြေပြင်မှာ ရန်သူဟာ တပ်ရင်း(၁၀ရင်း၊ အင်အား (၁၀၀၀)လောက် အသုံးပြုခဲ့ပါတယ်။ စစ်ဆင်ရေးကာလ တလအတွင်း ဝေါ်လေ၊ ဖလူး၊ စုကလိ၊ ကျိုင်းတုံ၊ ဘုရားသုံးဆူ စစ်နယ်ပြေတွေမှာ တိုက်ပွဲကြီးငယ် စုစုပေါင်း ၃၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲစဉ်တလျှောက် ဒီကေဘီအေနဲ့ မဟာမိတ်တပ်တွေဘက်က ၃ ဦးသာ ဒါဏ်ရာ အနည်းငယ်ရခဲ့ပြီး၊ နအဖ ဘက်မှ အရာရှိဗိုလ်မှူး တဦးနှင့် ဗိုလ်ကြီးတဦးအပါဝင် ၃၀ ခန့် တိုက်ပွဲတွင်း ကျဆုံးခဲ့ပြီး ဗိုလ်မှူး(၂)ဦးအပါဝင် (၁၀၆)ခန့် ဒါဏ်ရာရခဲ့ပါတယ်။ ဒါမြေပြင်မှာ အတည်ပြုနိုင်ခဲ့တဲ့ သတင်းပါ။ (ဒီကေဘီအေဟာ မြို့ပေါ်နဲ့ ခုထိ အဆက်စပ် ရှိနေတာကြောင့် သတင်းအတိကျ အတည်ပြုနိုင်ခဲ့တာပါ။)

ဒီကေဘီအေနဲ့ မဟာမိတ်တွေဘက်က ၁ ယောက်ဒါဏ်ရတိုင်း နအဖ ဘက်က ၁၀ ဦးသေပြီး ၃၅ ဦး ဒါဏ်ရာရတဲ့ သဘောပါ။

ဘာ့ကြောင့် ဒီလောက်ထိ ရန်သူအထိနာခဲ့ရသလဲ...

*ပထမအချက်ကတော့ ရန်သူရဲ့ စစ်ရည် စစ်သွေး တိုက်ခိုက်မှုစွမ်းရည် အလွန်ကျဆင်းလို့ပါ။ စစ်အာဏာရှင် စနစ်ရဲ့အောက်မှာ စစ်တပ်နဲ့ စစ်အရာရှိများ၊ စစ်သည်တော်များ ကိုယ်တိုင် အကြမ်းဖက်ခံနေရလို့ပါ။ မတရားတဲ့စစ်ကို အတင်းအကြပ် တိုက်ခိုက်စေတာ၊ ဥပဒေမဲ့ အစီအမံများကို ပြုလာအောင် စေ့ဆော်တာ။ လက်တွေ့အခြေအနေနဲ့ မကိုက်ညီ၊ မနိုင်ဝန် ရည်မှန်းချက်များကို ဖိအားပေးအမိန့်ပေး စေခိုင်းတာတွေဟာ တပ်မှူး တပ်ဗိုလ် အားလုံးကို စိတ်ဓါတ်ကျစေတဲ့ အကြမ်းဖက်မှုတွေ ဘဲဖြစ်ပါတယ်။

*ဒုတိယအချက်တော့ ၁၅နှစ်တာ လက်တွဲလာပြီး အခုမှ ဖြုတ်ချခံလိုက်ရတဲ့ ရန်သူဟာ တလျှောက်လုံး ဒီဒေသတွေမှာ စစ်ရေးအရ ဒီကေဘီအေကိုဘဲ အဓိကအားကိုးခဲ့တာ နယ်မြေရော လူထုအပေါ်ပါ ကျွမ်းကျင်မှု ရန်သူထက်သာတာ၊ လက်ရှိ နယ်ကြားစောင့်တပ်တွေနဲ့ အစားထိုးသုံးဖို့ ဆိုတာလည်း အပြန်အလှန် ယုံကြည်မှု မပေးနိုင်တာတွေဟာ ရန်သူကိုပိုပြီး အကြပ်ရိုက်စေခဲ့ပါတယ်။

*တတိယအချက်ကတော့ အရံအင်အား မလုံလောက်မှုပါဘဲ။ လက်ရှိအခြေနေမှာ ရန်သူ့ကြည်းတပ်မှာ ခြေလျှင်၊ ချေမြန် တပ်ရင်းပေါင်း ၄၉၀ အင်အား (၉၀၀၀၀)ခန့် ရှိပါတယ်။ လေ့လာချက်အရ ကရင်ပြည်နယ်မှာ တပ်ရင်း (၁၂၅)ရင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှာ တပ်ရင်းပေါင်း (၆၀)၊ ကယားပြည်နယ်မှာ (၄၀)ခန့်၊ ရှမ်းပြည်နယ်မှာ (၈၀)ခန့်၊ ကချင်ပြည်နယ်မှာ (၄၅)ရင်းခန့်၊ ချင်းပြည်နယ်မှာ (၂၀)ခန့်၊ ရခိုင်ပြည်နယ်မှာ (၂၀)ခန့် နဲ့ ကျန်တပ်တွေကိုတော့ အရေးအခင်းတွေ ဖြစ်လာနိုင်တယ်လို့ သတ်မှတ်ထားတဲ့ မြို့ကြီး မြို့ငယ်ပေါင်း (၁၀၀)ကျော်မှာ တပ်ချထားပါတယ်။

ကနေ့ကာလ အရေးခင်းတွေကလည်း အချိန်မရွေး ပေါ်လာနိုင်တာရယ်၊ အပစ်ရပ် ဒေသတွေမှာလည်း စစ်ပြေပြင်လို တပ်တွေ အမြဲစောင့်ကြည့်နေရပြီး ထုတ်နှုတ်ရန် ခက်တာကြောင့် စစ်ကူပေးဖို့ ဆိုတာလည်း အကန့်အသတ်တွေ ကြီးနေပါတယ်။ စစ်မျက်နှာ တနိုင်ငံလုံး ဖွင့်ထားရသလို ဖြစ်နေပါတယ်။

*စတုတ္ထအချက်ကတော့ လက်ရှိ စစ်ခေါင်းဆောင်တွေရဲ့ လတ်တလော အရေးကြီး လုပ်ငန်းစဉ်ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ ၄င်းတို့ အလိုကျ စစ်အစိုးရသစ်တရပ် ပေါ်ထွန်းလာရေး ဖြစ်တာကြောင့် စစ်ဘက် အရပ်ဘက် စစ်ဗိုလ်များ နေရာခွဲဝေရေးမှာ သဘောထား မတူတာတွေ ရှိနေတာကြောင့် စစ်ဆင် ရေးဟာ ဒုတိယဦးစားပေး အဆင့်သာ ဖြစ်နေပါတယ်။

လူထုအတွင်း နိုင်ငံရေးအရလည်း နိုးထလာတာကြောင့် စစ်အုပ်စုအတွက် အရေးတကြီး အလုပ်တခု ထပ်တိုး လာသလို ဖြစ်နေတယ်။ အဆိုးဆုံးကတော့ စစ်တပ်နဲ့ ပြည်သူဟာ စိတ်ဝမ်းကွဲပြီး စစ်တပ်ဟာ ရေနဲနေတဲ့ငါး ဖြစ်နေတယ်။ ဒါတွေဟာ ကနေ့တပ်မတော်အတွက် အဆိုးဆုံးအခြေအနေကို ရောက်စေတဲ့ အကြောင်းတရား တွေပါပဲ။ ခုဆင်နွှဲနေတဲ့ ဒီကေဘီအေနဲ့ မဟာမိတ်အဖွဲ့တွေရဲ့ တိုက်ပွဲဟာ သေးငယ်ချင် သေးငယ်နေမယ့် ထင်ရှားမြင်သာတဲ့ အပြောင်းအလဲတော့ ဖြစ်ချင်မှဖြစ်မယ်။ အနိမ့်ဆုံးတော့ ရပ်နေရာကနေ အရွေ့ကလေးတခုတော့ ဖြစ်လာတယ်။ သွေးချင်းတွေ ပိုမိုစည်းလုံး လာတယ်။ မြဝတီမြို့ကို ၁၆ နာရီကြာ၊ ဘုရားသုံးဆူမြို့ကို ၂၈ နာရီကြာ ထိမ်းနိုင်ခဲ့ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲကို အများသိအောင် ပြနိုင်ခဲ့တယ်။ ဒီမိုကရေစီရေး တိုက်ပွဲအတွက် အားဖြစ်စေခဲ့ပါတယ်။

ဒါ ခုရနေတဲ့ စစ်ရေးအမြတ်ပါပဲ။ တကယ်တော့ ဒီကေဘီအေဆိုတာ စစ်အစိုးရနဲ့ ပေါင်းခဲ့တဲ့ အပစ်ရပ်အဖွဲ့ထဲမှာ အသေးဆုံးအဖွဲ့ တခုသာ ဖြစ်ပါတယ်။

source by : http://soneseayar.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းမှ ဗိုလ်ကြီး စောဒိုစိုး(စောဃော်သကူး) အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦးနဲ့အတူ ဒီကေဘီအေထံ လာရောက်ပူးပေါင်း

BGF ၁၀၂၂ တပ်ရင်းမှ ဗိုလ်ကြီး စောဒိုစိုး(စောဃော်သကူး) အပါအဝင် တပ်ဖွဲ့ဝင် ၉ ဦးနဲ့အတူ ဒီကေဘီအေ ဗိုလ်ကျော် သက် ထံသို့ လက်နက် အပြည့်အစုံနဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က လာ ရောက်ပူးပေါင်းခဲ့ပါတယ်။

အရှေ့တောင်တိုင်းလက်အောက်ခံ မြဝတီအခြေစိုက် BGF ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မုတ်သုန် ဦးစီးတဲ့ တပ်ဖွဲ့က ဖားချောင်းစခန်းမှာ တာဝန်ယူထား တဲ့ ဗိုလ်ကြီး စောဒိုစိုး ဦးဆောင်ကာ ဒီဇင်ဘာ ၁၄ ရက်နေ့က ဒီကေဘီအေနဲ့ ပူးပေါင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။

လာရောက်ဆုံဆည်းတဲ့ ဖလူးကြီး ဖလူးလေးရွာကြားက ဗိုလ်ကလန ဘုရားကုန်း

ဒီကေဘီအေ အဖွဲ့ကို ကူးပြောင်းလာတဲ့ BGF မှ ရဲဘော်များကတော့

၁၊ စောဒိုးစိုး (စောဃော်သကူး) (ဗိုလ်ကြီး)

၂၊ စောကဒူး (တပ်ကြပ်)

၃၊ စောဒိုးခို့သ (ရဲဘော်)

၎၊ စောစိုးလေး(ရဲဘော်)

၅၊ စောယော့ကူး (ရဲဘော်)

၆၊ စောထူးလင်း (ရဲဘော်)

၇၊ စောဇော်ထိုက် (ရဲဘော်)

၈၊ စောနိုင်ဦး (ရဲဘော်)

၉၊ စောကြူ (ရဲဘော်)

၁၀၊ စောကြာကူး (ရဲဘော်) တို့ ဖြစ်ပါတယ်။

သူတို့နဲ့အတူ အာပီဂျီ၇ တလက်၊ အသီး ငါးလုံး၊ အမ် ၁၆ နှစ်လက်၊ အေကေ သုံးလက်၊ ကာဘိုင် သုံးလက် ၊ ၄၀ မမ တလက်၊ ခြောက်လုံးပြူး တလက်၊ စကားပြောစက်တလုံး၊ ရှေ့ထွက်မိုင်း ငါးလုံး၊ လက်ပစ်ဗုံး ဆယ်လုံး စတဲ့ လက်နက်ငယ် လက်နက်ကြီးများနဲ့ ဒီကေဘီအေထံ လာရောက် ပူးပေါင်းကြခြင်း ဖြစ်ပါတယ်။

ဗိုလ်ကြီး စောဒိုစိုး(စောဃော်သကူး)

ဒီကေဘီအေထံ လာရောက်ပူးပေါင်းတဲ့ ဗိုလ်ကြီး စောဒိုစိုး ပြောပြတာက

“ကျနော်တို့ နယ်ခြားစောင့်တပ်က စထွက်ခွာတာ နိုဝင်ဘာ ၈ ရက် ကတည်းက ပါ။ ရန် သူ နအဖ တပ်တွေကို ရှောင်ကွင်း လာနေရတဲ့အတွက် ခုမှ ရောက်လာတာပါ။ ကျနော် တို့ BGF ဖွဲ့ကြတော့ ကျနော်တို့ ရဲဘော်ဟောင်းတွေ ခေါင်းဆောင်ဟောင်းတွေကို တပ် ထဲက အနားပေးပြီး ဖယ်ထုတ် နေတယ်။ ခုဆို ကျနော်တို့ တပ်တွေထဲမှာ သူတို့ လူတွေနဲ့ တကယ့်အရေးကြီးတဲ့ နေရာတွေကို ပေးထားတယ်။ ကျနော်တို့ ဒီကေဘီအေ အဟောင်းတွေက BGF တပ်ထဲမှာ အရာ မရောက်ဖြစ် ကုန်ပြီလေ။

တဖြည်းဖြည်း ကျနော်တို့တွေဟာ ညှပ်တဲ့လက်မ မရှိတဲ့ ကဏန်းလိုလို၊ အဆိပ်မရှိတဲ့ မြွေလိုလို ဖြစ်ကုန်တယ်။ ကျနော်တို့ တော်လှန်ရေး စလုပ်တုန်း ကရော၊ ဒီကေဘီအေ စလုပ်တုန်းကရော ကျနော်တို့ ပြည်သူလူထုအတွက် အမျိုးသားထုအတွက် တခုခု အကျိုးရှိတာ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ခဲ့တာ၊ ခု ဘာတခုမှ ဖြစ်မလာဘဲ ကျနော်တို့ကိုပါ လည်ပင်းညှစ်ဖို့ လုပ်လာတယ်။ ဆက်ပြီး နအဖ အောက်မှာ ဆက်နေ နေရင် တဖြည်းဖြည်း ကျနော်တို့ ပြောက် သွားမှာပဲ” လို့ ပြောသွား ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်က တငေါရွာအနီးမှာ နယ်ခြားစောင့်တပ်ရင်း (၁၀၁၅) တပ်ဖွဲ့ကို နအဖ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ရတခ လက်အောက်ခံ ခမရ (၃၃၉) တပ်ရင်းက တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်တပ်မှ ၇ ဦး ကျဆုံးပြီး၂ ဦး ထိခိုက် ဒဏ်ရာ ရခဲ့တယ်လို့ သိရှိရပါတယ်။

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

Wednesday, December 15, 2010

ခွဲစိတ်ခန်းအတွက် နိုင်ငံရေးအကျဉ်းသား မိသားစုအချို့ ၁၀ ဒေါ်လာ ရန်ပုံငွေ လှူဒါန်း

ရုပ်ရှင်မင်းသား ဦးကျော်သူ ဦးဆောင်တဲ့ သုခဆေးခန်းမှာ မျက်စိဝေဒနာသည်တွေ ခွဲစိတ် ကုသပေးနိုင်မဲ့ ခေတ်မီ ခွဲခန်း တည်ဆောက်ရေးအတွက် မန္တလေးနဲ့ မိတ္ထီလာက နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ၅ ဦး စုပြီး ဒီဇင်ဘာ ၁၅ ရက် ဒီကနေ့ ငွေသွားလှူကြပါတယ်။

နာရေးကူညီမှုအသင်း (ရန်ကုန်) က ဖွင့်လှစ်ထားသည့် မြောက်ဒဂုံမြို့နယ် သုခ ကုသိုလ်ဖြစ်ဆေးခန်းတွင် အခမဲ့ဓာတ်မှန်ခန်း ဖွင့်လှစ်ပွဲကို ၂၀၁၀ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်နေပုံ ဖြစပါသည်။(Photo: RFA)

အဲဒီ လှူဒါန်းခဲ့သူတွေကတော့ ဖျာပုံထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရွှေမောင်ရဲ့ ဇနီး ဒေါ်သန်းသန်းဝင်း၊ ၁၉၉၈ ခုနှစ်က စစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစခန်းမှာ ကွယ်လွန်သွား ရတဲ့ မန္တလေးမြို့က NLD အဖွဲ့ဝင် ဦးအောင်မင်းရဲ့ ဇနီး ဒေါ်သွယ်သွယ်စန်း၊ သူ့ရဲ့ သားကြီးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုရန်နောင်စိုးနဲ့ သားငယ် ကိုစိုးလှိုင်ထွန်း၊ မိတ္ထီလာမြို့က NLD အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးတို့ စုစုပေါင်း ၅ ဦးက တယောက်ကို ဆယ်ဒေါ်လာနှုန်းနဲ့ ညီမဲ့ ကျပ်ငွေ တသောင်းစီ စုပြီး သွားလှုကြတာပါ။

ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့က ရန်ကုန်မြို့မှာ သုခကုသိုလ်ဖြစ် ဆေးခန်းတည်ဆောက်ပြီး အနယ်နယ်အရပ်ရပ်က လူနာတွေကို အခမဲ့ ဆေးဝါး ကုသပေးနေရာမှာ မျက်စိဝေဒနာသည်တွေကိုလည်း စေတနာ ဆရာဝန်တွေနဲ့ ကုသပေးနေပါတယ်။

အဲဒီမှာ အခုတော့ ခွဲစိတ်ရမဲ့ လူနာတွေကိုပါ ကုသပေးနိုင်အောင် တဦးကို ဆယ်ဒေါ်လာနှုန်းနဲ့ လူ ၂၅၀၀ ဆီက အလှူငွေရမယ်ဆိုရင် ခေတ်မီ ခွဲစိတ်ခန်းတခုအတွက် ကိရိယာတွေ ဝယ်နိုင်မယ်ဆိုပြီး လှူဒါန်းကူညီကြဖို့ ဦးကျော်သူ ဆော်သြနေတာ ဖြစ်ပါတယ်။

ဆယ်ဒေါ်လာနှုန်း လှူဒါန်းဖို့ မေတ္တာရပ်ခံနေတာနဲ့ ပတ်သက်လို့ ဦးကျော်သူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်း ထားပါတယ်။

ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ နားဆင်ရန်


source by :http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

DKBA နှင့် စစ်အစိုးရတပ်များ တနေ့တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) တပ်နဲ့ နအဖ စစ်အစိုးရတပ်တွေ ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ တနေ့တည်းအတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

တိုင်းရင်းသား ဒေသတခုတွင် တိုက်ကင်းလှည့်နေသော စစ်အစိုးရ တပ်ဖွဲ့ တဖွဲ့ ဖြစ်ပါသည်။ (Photo: AFP)

ကော့ကရိတ်မြို့နယ်အတွင်းက ကနဲလေးနဲ့ ထီးကပလယ် ကျေးရွာတွေ တဝိုက်မှာ စစ်အစိုးရတပ် စကခ ၈၊ စကခ ၁၂ နဲ့စကခ ၁၉ လက်အောက်ခံ တပ်တွေက ဝေါ်လေ ဖလူးနယ်မြေ အပါအဝင် အဲဒီဒေသကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ တပ်အင်အား တိုးချဲ့ချလာတာလို့ သိရပါတယ်။

အခု ရက်ပိုင်းအတွင်း စကခ ၁၉ လက်အောက်ခံ တပ်ရင်း ၂ ရင်း အင်အား ထပ်ပြီး တိုးလာတာကြောင့် DKBA ၊ ABSDF တပ်ဖွဲ့တွေနဲ့ ထပ်ပြီး တိုက်ပွဲတွေ ဖြစ်နေတာလို့ ABSDF တပ်မှူး ကိုခင်ကျော်က RFA ကို ပြောပါတယ်။

တပြိုင်နက်တည်းမှာပဲ အခုရက်ပိုင်းအတွင်း ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ကျေးရွာတွေက ပြည်သူတွေဟာလည်း ထိုင်း-မြန်မာနယ်စပ် အုန်းဖြန်ကျေးရွာ အပါအဝင် နယ်စပ်တွေကို ထပ်ပြီး ထွက်ပြေး ပုန်းအောင်းကြသူတွေ ပိုများလာနေတယ်လို့လည်း သိရပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ABSDF-DKBA မဟာမိတ်တပ်တွေရဲ့ လှုပ်ရှားမှုတွေအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ABSDF တပ်မှူး ကိုခင်ကျော် ကို ဆက်သွယ်မေးမြန်း တင်ပြ ထားပါတယ်။

ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ နားဆင်ရန်


source by :http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင်အား လက်တွေ့ကျကျ ၀န်းရံခြင်း

နိုင်ငံတခု၊ တိုင်းပြည်တခုမှာ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်၊ ရွေးကောက်ခံ အာဏာရှင် စတဲ့ စနစ်ဆိုးတွေ ပေါ်ထွက်လာခဲ့ရင် နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေ ဒုက္ခရောက်ကြရပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေးအခြေအနေ ပျက်ယွင်း ယိမ်းယိုင်မှုတွေကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးသွားလေ့ ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ခေတ်ပျက်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအာဏာ၊ စီးပွားရေး ချုပ်ကိုင် ခြယ်လှယ်နိုင်မှု စတဲ့ အခွင့်အလမ်းတွေကို ရယူလေ့ရှိတဲ့ မသူတော်လူတန်းစားတွေ ထွက်ပေါ် လာလေ့ရှိသလို၊ စနစ်ဆိုးကို တွန်းလှန်တဲ့ တော်လှန်သော လူတန်းစားတရပ်လဲ ပေါ်ထွက်လာ တတ်ပါတယ်။ ဒီတော်လှန်သော လူတန်းစားထဲမှာလဲ ဖောက်ပြန်သော ကိုယ်ကျိုးရှာသမားတွေ ပေါ်လာတတ်သလို၊ ပြည်သူ့ အကျိုးစီးပွားကို အမှန်တကယ် ရှေးရှုတဲ့ တော်လှန်ရေးသမားတွေလဲ ပေါ်ထွက်လာပါတယ်။

ဒီတော်လှန်ရေးသမားတွေထဲမှာလဲ တော်လှန်ရေးလှုပ်ရှားမှုတွေကို ခေါင်းဆောင်ဖို့ အများက ယုံကြည်သတ်မှတ်ထားတဲ့ ခေါင်းဆောင်တွေ၊ ခေါင်းဆောင်စင်မြင့်ပေါ်ကို တွန်းထိုးတိုက်ခိုက်ပြီး တက်ကြတဲ့ ခေါင်းဆောင်တွေ၊ မည်သူမျှ ခေါင်းဆောင်လို့ သတ်မှတ်ထားခြင်းမရှိပဲ မိမိဘာသာ ခေါင်းဆောင်လို့ ထင်နေကြသူတွေပါ ရှိနေပြန်ပါတယ်။ ဒီလိုခေါင်းဆောင်တွေ အများကြီးထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုခေါင်းဆောင် ဖြစ်ပါတယ်။ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့၊ လူထုတိုက်ပွဲထဲမှာ ပေါ်ထွက်လာခဲ့တဲ့ လူထုခေါင်းဆောင်ဖြစ်ပါတယ်။

တော်လှန်ရေးတရပ်ကို အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့အရေးမှာ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာနိုင်မှုက အရေးကြီးသလို၊ ဒီခေါင်းဆောင်ကို လက်တွေ့ကျကျ ၀န်းရံပေးနိုင်မှုကလဲ အရေးပါတဲ့ အချက်တရပ်ဖြစ်ပါတယ်။ ဒီလို ၀န်းရံပေးမှုလို့ ပြောတဲ့အခါ အချို့က ဒီခေါင်းဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေမှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်တာ၊ ဒီခေါင်းဆောင်ရဲ့ အနီးမှာနေတာလို့ ယူဆတတ်ကြပါတယ်။ ယေဘုယျအားဖြင့် မှန်သလိုလို ရှိပေမယ့် လက်တွေ့မှာ ခဲယဉ်းပါတယ်။ မြေပေါ်လှုပ်ရှား တက်ကြွသူတဦးအနေနဲ့ လူထုခေါင်းဆောင် ဦးဆောင်ပါဝင်တဲ့ အဖွဲ့အစည်းတွေမှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ဖို့ လွယ်ပေမယ့် မြေအောက်လှုပ်ရှား တက်ကြွသူတဦးအနေနဲ့ကတော့ မြေအောက်ယူဂျီ စည်းကမ်းကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ မလိုအပ်ပဲ လိုင်းပူး၊ လိုင်းဆက်တာတွေ မလုပ်ရပါဘူး။

ဒီလိုမဟုတ်ရင် မြေအောက်ယူဂျီကလာပ်စည်းတွေကို ဒုက္ခဖြစ်စေရုံမက လူထုခေါင်းဆောင်ကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးသမား၊ နိုင်ငံတကာ ကင်ပိန်းလှုပ်ရှားမှု တွေမှာလဲ ဒီအတိုင်းပါပဲ။ မလိုအပ်တဲ့ လိုင်းပူး၊ လိုင်းဆက်မှုတွေဟာ မြေအောက်ယူဂျီသမား တွေလောက်တော့ မိမိအပေါ်မှာ အန္တရာယ်မများပေမယ့်၊ လူထုခေါင်းဆောင်နဲ့ မြေပေါ် အဖွဲ့အစည်းတွေမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေ ကျရောက်စေနိုင်ပါတယ်။ တာဝန်ယူမှုဟာ တာဝန်သိတတ်မှုနဲ့ ဒွန်တွဲနေပါတယ်။ မိမိရဲ့ တက်ကြွမှု၊ တာဝန်ယူလိုမှုတွေကို အချိန်အခါ၊ အခြေအနေနဲ့ ကိုက်ညီတဲ့ သတိတရား၊ တာဝန်သိတတ်မှုတို့နဲ့ ထိန်းညှိနိုင်ဖို့ လိုအပ်လှပါတယ်။ လူထုခေါင်းဆောင်ကို ၀န်းရံမှုဆိုတာဟာ ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်တာ၊ အနီးကပ်တွေ့ဆုံ ဆက်သွယ်တာတွေကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ ခေါင်းဆောင် ကိုင်စွဲထားတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ဦးတည်ချက်ကို တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်တဲ့ လမ်းစဉ်၊ ဦးတည်ချက်၊ မိမိတို့ ယုံကြည်တဲ့ နိုင်ငံရေးလမ်းစဉ်၊ ဦးတည်ချက်တို့နဲ့ ချိန်ထိုးလေ့လာမှုတွေ ပြုလုပ်ပြီး တူညီတဲ့ ဘုံလုပ်ငန်းစဉ်၊ ကွဲပြားတဲ့ လုပ်ငန်းစဉ်တွေကို ခွဲခြားပြီးမှ လုပ်သင့်တာတွေကို လုပ်ဆောင်ကြခြင်း ဖြစ်ပါတယ်။ အဲဒီမှာမှ လိုအပ်ချက်အရ ချိတ်ဆက်ထိစပ်မှု၊ တာဝန်ခွဲဝေမှု၊ တွေ့ဆုံမှုဆိုတာတွေက ပါဝင်လာတာ ဖြစ်ပါတယ်။

စာရေးသူရဲ့ လေ့လာချက်အရ လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော်အရေး ဦးတည်ချက်တွေမှာ အတွေးအခေါ် သုံးရပ်ကို အခြေခံထားပါတယ်။ ပထမတခုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေး ဖြစ်ပါတယ်။ ဒီအတွက် သူမ ကိုင်စွဲထားတဲ့ လမ်းစဉ်က အကြမ်းမဖက်ရေး လမ်းစဉ်ဖြစ်ပါတယ်။ ဒုတိယတခုက အမျိုးသားပြန်လည်သင့်မြတ်ရေး (၀ါ) အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပါတယ်။ ဒီအတွက် သူမကိုင်စွဲတဲ့ လမ်းစဉ်က တွေ့ဆုံဆွေးနွေးအဖြေရှာရေး (၀ါ) ဒိုင်ယာလော့ခ် ဖြစ်ပါတယ်။ တတိယဦးတည်ချက်က ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ တိုင်းပြည်တခု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံက လမ်းစဉ်တွေ၊ လုပ်ငန်းစဉ်တွေ အများအပြား ရှိပါတယ်။ တနိုင်တပိုင် ကိုယ်စိတ်ပါဝင်စားတဲ့၊ စွမ်းဆောင်နိုင်တဲ့ တာဝန်တွေ ထမ်းဆောင်ကြရမှာပါ။ လူထုခေါင်းဆောင် စိတ်ပါဝင်စားတဲ့ နယ်ပယ်ကတော့ ပညာရေး၊ ကျန်းမာရေးနဲ့ လူငယ်ထု စွမ်းအား တိုးတက်မြင့်မားရေး ဖြစ်မယ်လို့ ယူဆရပါတယ်။

ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် လူထုခေါင်းဆောင်ရဲ့ နိုင်ငံတော်အရေး ဦးတည်ချက်တွေဟာ အနာဂတ် မြန်မာနိုင်ငံတော်ရဲ့ လိုအပ်ချက်တွေနဲ့ တသားတည်း ကိုက်ညီနေတာကို တွေ့မြင်နိုင်ပါတယ်။ ဒီလို သန်းငါးဆယ်ကျော် လူဦးရေရှိနေတဲ့ တိုင်းပြည်တခုအတွက် လိုအပ်နေတဲ့ ဦးတည်ချက်တွေကို ခေါင်းဆောင် တယောက်တည်းက အကောင် အထည် မဖော်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားရေးကို လူထု ခေါင်းဆောင်က မလုပ်ပေးနိုင်ပါဘူး။ ဒီမိုကရေစီစနစ် ထွန်းကားလာအောင် လူထုခေါင်းဆောင်နဲ့အတူ လက်တွဲပြီး ပြည်သူတရပ်လုံးက ၀ိုင်းဝန်းတည်ဆောက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လူထုခေါင်းဆောင်က မလုပ်ပေးနိုင်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာဖို့ လူထုခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့အတူ မြန်မာ တမျိုးသားလုံးက ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်လာဖို့ တဦး၊ တယောက်၊ တဖွဲ့တည်းက မလုပ်နိုင်ပါဘူး။ မြန်မာတမျိုးသားလုံးရဲ့ ရင်ထဲမှာ တို့နိုင်ငံ၊ တို့တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်လာစေရမယ်ဆိုတဲ့ စိတ်ဓာတ်ကို အရင်းတည်ပြီးမှ ကျရာကဏ္ဍကနေ ၀ိုင်းဝန်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို တိုင်းပြည်ရဲ့ လက်တွေ့ကျတဲ့ နိုင်ငံတော် အရေး ဦးတည်ချက်တွေကို ကိုင်စွဲထားတဲ့ လူထု ခေါင်းဆောင်ကို ၀န်းရံကြရာမှာလဲ လက်တွေ့ကျကျ ၀န်းရံနိုင်ကြဖို့ အလွန်အရေးကြီးပါတယ်။

ဒီမိုကရေစီစနစ် ထွန်းကားရေး

ဒီမိုကရေစီဆိုတာ စနစ်တခုပါ။ စနစ်တခု ထွန်းကားလာဖို့ တည်ဆောက်ယူရပါတယ်။ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး (Democratization) ကို အကောင်အထည်ဖော်ကြရပါတယ်။ ဒီလို အကောင်အထည်ဖော်ကြရာမှာ ယေဘုယျအားဖြင့် အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမတဆင့်က ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု (Initial Democratization) (သို့မဟုတ်) political liberalization အဆင့်ဖြစ်ပြီး၊ ဒုတိယအဆင့်က ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာလာအောင် တည်ဆောက်ခြင်း (Democratic consolidation) ဖြစ်ပါတယ်။

တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနဲ့ အတူ ကမ္ဘာ့နိုင်ငံအများအပြားမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ စတင်ခဲ့ပေမယ့် မြန်မာနိုင်ငံကတော့ အာဏာရှင်စနစ်ကျင့်သုံးဆဲ နိုင်ငံတနိုင်ငံအနေနဲ့ ကမ္ဘာ့အလယ်မှာ ကျန်ရစ်နေဆဲပါ။ စစ်အုပ်စုတို့က ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖော်ဆောင်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့မှာ အာဏာရှင် ရွေးကောက်ပွဲ (authoritarian election) ကိုသာ ကျင်းပခဲ့တာကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုရဲ့ ပထမအဆင့်ကို ဖော်ဆောင်ခြင်း မဟုတ်ပဲ ရွေးကောက်ခံ အာဏာရှင်စနစ် (electoral authoritarianism) ကို အကောင်အထည်ဖော်ဆောင်မှုသာ ဖြစ်သွားခဲ့ပါတယ်။
ဒါတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေးဆိုတဲ့ နိုင်ငံရေးဦးတည်ချက်ကို စနစ်တကျ ဖော်ဆောင်ဖို့အတွက် ကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပထမအဆင့်အနေနဲ့ ဖြတ်သန်းပြီးမှ ဒုတိယအဆင့်ဖြစ်တဲ့ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာလာအောင် တည်ဆောက်မှု ကို ဆက်လက်လုပ်ဆောင်နိုင်မယ်ဆိုတာ ထင်ရှားလာပါတယ်။ ဒီလိုကနဦး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်ထွန်းလာရေးအတွက် အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရ (opposition-led provisional government)၊ ပါဝါခွဲဝေယူသော ကြားဖြတ်အစိုးရ (power-sharing interim government) နိုင်ငံတကာကြားဖြတ်အစိုးရ (international interim government) နဲ့ အာဏာရှင်ဦးဆောင် အိမ်စောင့်အစိုးရ (incumbent-led caretaker government) စတဲ့ အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးဟာလဲ လိုအပ်ချက်တရပ် ဖြစ်လာပါတယ်။


ဒီလို အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးအတွက် လမ်းစဉ်တွေ၊ တွန်းအား (leverage) တွေ အများအပြား လိုအပ်ပါတယ်။ အညင်သာဆုံး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုလို့ ကမ္ဘာက သတ်မှတ်ခဲ့ရတဲ့ တောင်အာဖရိက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာတောင် normative leverage နဲ့ coercive leverage တွေကို အတိုက်အခံတွေဘက်က သုံးစွဲခဲ့ရပါတယ်။ normative leverage ကနေ ပေါ်ထွက်လာတဲ့ နိုင်ငံတကာဖိအား တမျိုးတည်းနဲ့ မရပါဘူး။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်၊ လူထုတိုက်ပွဲလမ်းစဉ်တို့ ပေါင်းစပ်ပါဝင်တဲ့ mass rolling actions တွေကို အသုံးပြုပြီး coercive leverage ဖြစ်ထွန်းလာအောင် ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြေပေါ်အဖွဲ့အစည်း ခေါင်းဆောင်အဖြစ် ရပ်တည်တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ စားပွဲပေါ်ရောက်နေတဲ့ လူထု ခေါင်းဆောင်တွေအနေနဲ့ ပွင့်ပွင့်လင်းလင်း coercive leverage ကို အသုံးပြုနိုင်ဖို့က ခဲယဉ်းကောင်း ခဲယဉ်းနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ coercive leverage ကို အကောင်အထည်ဖော်ရမယ့် ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ လူထုခေါင်းဆောင်ကို တိုက်ရိုက်ဝန်းရံပေးမှု မဟုတ်တဲ့ သွယ်ဝိုက်ဝန်းရံပေးမှုကို ပြုလုပ်တတ်ဖို့ လိုပါတယ်။


နိုင်ငံတကာကြားဖြတ်အစိုးရကတော့ တရုတ်နဲ့ အနောက်အုပ်စုတွေအကြား တတိယကမ္ဘာစစ် မဖြစ်လာမချင်း ဖြစ်နိုင်ချေ မရှိပါဘူး။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မဟာဗျူဟာအချက်အချာကျနေရာ ဖြစ်နေတဲ့ မြန်မာ့မြေပေါ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ လူသားချင်းစာနာမှုနှင့် ၀င်ရောက်စွက်ဖက်ခြင်း (Humanitarian Intervention) ဖြစ်လာခဲ့ရင်တောင် တရုတ်တပ်၊ အိန္ဒိယတပ်၊ ပြင်သစ်တပ်၊ အမေရိကန်တပ်၊ ယူကေတပ်ပေါင်းစုံ ၀င်လာပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အချက်အချာ ဒေသတွေကို လုကြရင်း ဖွတ်ဖွတ်ညက်ညက် ကြေသွားပါလိမ့်မယ်။ ဒီလိုမဟုတ်ခဲ့ရင်လဲ ကိုးရီးယားလို proxy war ဖြစ်ပြီး၊ မြောက်မြန်မာနဲ့ တောင်မြန်မာ ကွဲထွက်သွားပါလိမ့်မယ်။ ဒါကြောင့် Iraq Dilemma လို့ ခေါ်ဆိုနိုင်တဲ့ မြန်မာနိုင်ငံကို အမေရိကန်တပ်တွေ အီရတ်ကို ၀င်လာသလို ၀င်လာပြီး ဒီမိုကရေစီရအောင် လုပ်ပေးတော့မယောင်ယောင် စိတ်ကူးယဉ်အိပ်မက်တွေကို အမြစ်ကလှန်ပြီး ဖယ်ရှားပစ်ဖို့ မလွဲမသွေ လိုအပ်လှပါတယ်။

အတိုက်အခံ ဦးဆောင်တဲ့ ကြားဖြတ်အစိုးရနဲ့ ပါဝါရှယ်ယာ ကြားဖြတ်အစိုးရတို့ဟာ coercive leverage နဲ့ normative leverage ကို ဟန်ချက်ညီ ပေါင်းစပ်အသုံးမပြုပဲ ပေါ်ထွက်လာနိုင်မှာ မဟုတ်ပါဘူး။ နောက်ဆုံး တောင်အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ အာဏာရှင်ဦးဆောင်သော အိမ်စောင့်အစိုးရ (incumbent-led caretaker government) ကနေတဆင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာတောင် ၁၉၆၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Sharpeville Massacre၊ မင်ဒဲလား ဖွဲ့စည်းခဲ့တဲ့ military wing ဖြစ်တဲ့ Umkhonto we Sizwe (in Zulu means “Spear of the Nation”) ၊ ၁၉၇၆ ခုနှစ် The Soweto uprising၊ ၁၉၈၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Mass Democratic Movement (MDM) စတဲ့ coercive leverage တွေက အခန်းကဏ္ဍတခုကနေ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံဆွေးနွေးနေဆဲကာလမှာတောင် တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ်မှာ de Klerk တို့ဘက်က သဘောထား ပျော့ပျောင်းတဲ့ ရွေးချယ်မှုတွေကို ရွေးလာစေဖို့ တွန်းအားအနေနဲ့ လူထုတိုက်ပွဲတွေ ဆက်တိုက် ပေါ်ထွက်ပြီး coercive leverage ကို အသုံးပြုခဲ့ကြပါတယ်။

ဒါကြောင့် လူထုခေါင်းဆောင်ရဲ့ နိုင်ငံရေးဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးကို မြေပေါ်ပါတီအဖြစ် ရပ်တည်ရေး၊ အကြမ်းမဖက်လှုပ်ရှားမှု၊ မြေအောက်ယူဂျီလှုပ်ရှားမှု၊ လက်နက်ကိုင် တော်လှန်ရေး၊ လူထုတိုက်ပွဲဖော်ဆောင်မှု စတဲ့ မိမိတို့ အားသန်ရာ လမ်းစဉ်များ၊ လုပ်ငန်းစဉ်များ ဖော်ဆောင်ပြီး လက်တွေ့ကျကျ ၀န်းရံကြဖို့ လိုအပ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး

မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု မရှိတာကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍမျိုးစုံမှာ နှောင့်နှေးမှုတွေ ဖြစ်ပွားနေပါတယ်။ ဒီအခြေအနေဆိုးတွေကို နိုင်ငံရေးတည်ငြိမ်မှုဆိုတဲ့ ကယ်တင်ရှင်ကသာ ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု ရှိလာဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ အမျိုးသားညီညွတ်ရေး (National Unity) ပါပဲ။ ဒီ အမျိုးသားညီညွတ်ရေးကိုလဲ အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) ကိုဖော်ဆောင်ပြီးမှ တည်ဆောက်ယူလို့ ရပါတယ်။ အဲဒီအမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလဲ ဒိုင်ယာလော့ခ်နည်းလမ်းကို အသုံးပြုပြီး ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ၊ ဒီမိုကရေစီတော်လှန်ရေး အင်အားစုတွေနဲ့ စစ်တပ် အကြားမှာ တွေ့ဆုံဆွေးနွေးပွဲလေးတွေကအစ ညီလာခံကြီးတွေအထိ အဆင့်ဆင့်ကို ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ် (National Reconciliation Process) ထဲမှာ ကြိုးပမ်းမှု အဆင့်ဆင့်တွေ ကနေတဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အုတ်မြစ်ချနိုင်တဲ့ Highly Inclusive Dialogue ဖြစ်လာအောင် ဦးတည်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလို ဒိုင်ယာလော့ခ်မျိုး ဖြစ်ပေါ်လာဖို့ဆိုတာက အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ (Interim Government) အသွင်တမျိုးမျိုး မပေါ်ထွက်လာပဲနဲ့ ဖြစ်နိုင်ချေ မရှိပါဘူး။ ဒါကြောင့် အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ အသွင်တမျိုးမျိုး ပေါ်ထွက်လာရေးဟာ ဒီမိုကရေစီ ထွန်းကားရေးအတွက်သာမက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်ပါ အရေးကြီးပါတယ်။

လူထုခေါင်းဆောင်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး (၀ါ) အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေကို ၀န်းရံပေးမှုမှာ အသွင်ကူးပြောင်းကာလ ကြားဖြတ်အစိုးရ ပေါ်ထွက်ရေး ကြိုးပမ်းမှုတွေအပြင် အသွင်ကူးပြောင်းကာလ တရားမျှတမှု (transitional justice) ကို ဖော်ဆောင်နိုင်မှုအတွက် ကြိုတင်လေ့လာ ပြင်ဆင်ချက်တွေ၊ အမျိုးသားညီညွတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး ကော်မရှင် (National Unity and Reconciliation Commission) အဆင့်ဆင့် ဖွဲ့စည်းရာမှာ လိုအပ်မယ့် လူ့စွမ်းအား အရင်းအမြစ်အတွက် capacity building လုပ်ဆောင်ချက်တွေ၊ ပဋိပက္ခနှောင်းပိုင်းကာလ အခြေအနေ (post- conflict situations) မှာ ကြုံရနိုင်တဲ့ အခက်အခဲ စတာတွေကို ကြိုတင်လေ့လာချက်တွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ခေါင်းဆောင်တွေအကြားမှာ ပြုလုပ်တဲ့ Highly Inclusive Dialogue ဆိုတာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အုတ်မြစ်တခုပဲ ဖြစ်ပြီး၊ ပဋိပက္ခတွေ ရဲ့ ဂယက်တွေကို ခါးစီးခံခဲ့ကြရတဲ့ ပြည်သူလူထုတရပ်လုံး အကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လက်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီအခြေအနေတွေမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ အခန်းကဏ္ဍ၊ တက်ကြွလှုပ်ရှားသူများရဲ့ အခန်းကဏ္ဍ၊ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ၊ ဥပဒေ၀န်ထမ်းများရဲ့ အခန်းကဏ္ဍ၊ ပညာရှင်များရဲ့ အခန်းကဏ္ဍ စပြီး လုပ်ငန်းဆောင်တာတွေ အများကြီး ရှိတာကြောင့် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေကို လူထုအကြားမှာ ပညာပေးဖြန့်ဖြူးမှုတွေ ကြိုတင်ပြုလုပ်ထားဖို့လဲ လိုအပ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေး

ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ကောင်းမွန်သော ပြောင်းလဲမှုလို့ ပညာရှင် ချိန်ဘာစ် ဆိုသူက အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။ ဒါကြောင့်လူ့အဖွဲ့အစည်းရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မား လာတာ၊ ကျန်းမာရေး တိုးတက် ကောင်းမွန်လာတာ၊ ပညာရေးတိုးတက်မြင့်မားလာတာ၊ လူ့အဖွဲ့အစည်း တခုလုံးအတွက် အကျိုးရှိမယ့် အောင်မြင်မှုတွေ ရရှိလာတာ စတာတွေ အားလုံးကို ဖွံ့ဖြိုး တိုးတက်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်ရေးဆိုတာမှာ ပညာရှင်တွေက အပိုင်းနှစ်ပိုင်း ထပ်ခွဲပြီး ပြောလေ့ရှိပါတယ်။

ပထမအပိုင်းက ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပြီး၊ ဒုတိယပိုင်းက လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှု ဖြစ်ပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာမှု ဆိုတာက နိုင်ငံတော်ရဲ့ ထုတ်လုပ်မှု နည်းပညာကဏ္ဍတွေမှာ သမရိုးကျ နည်းပညာတွေကနေ သိပ္ပံနည်းကျ နည်းပညာတွေကို အသုံးပြုလာခြင်း ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ ဘိုးဘွားအစဉ်အလာအတိုင်း စိုက်ပျိုးမှုတွေကနေ ဈေးကွက်ရှိတဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကို ပြောင်းလဲ စိုက်ပျိုးလာခြင်း၊ လူနဲ့ တိရစ္ဆာန်ကို အသုံးပြု ထုတ်လုပ်မှုတွေကနေ စက်မှုနည်းပညာကို ပြောင်းလဲအသုံးပြုလာခြင်း၊ မြို့ပြလူနေမှု အဆောက်အအုံကို ရွှေ့ပြောင်းလာခြင်း စတာတွေ ဖြစ်ပါတယ်။

လူသားတွေရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေတည်တဲ့ တိုးတက်မှု ဆိုတာကတော့ ဒီလို ထုတ်လုပ်မှုဖြစ်စဉ်ကနေ အစပျိုး စဉ်းစားတာ မဟုတ်ပဲ လူတွေနဲ့ လူတွေရဲ့ လိုအပ်ချက်တွေကို စတင် စဉ်းစားတာဖြစ်ပါတယ်။ လူသားလိုအပ်ချက်ကို အခြေပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရှင်တွေက ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ထုတ်လုပ်မှု တိုးတက်တာ၊ နိုင်ငံတော်ရဲ့ စီးပွားရေးတိုးတက်မှု ရာခိုင်နှုန်း မြင့်မားလာတာတွေလောက်နဲ့ပဲ တိုင်းတာလို့ မရပဲ လူ့ အဖွဲ့အစည်း အတွင်းမှာရှိတဲ့ လူသားအားလုံးကို ကိုယ်စားပြုသင့်ကြောင်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခုမှာ လူအများစုဟာ စားသောက်နေထိုင်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ စွမ်းအားတွေ ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရှိဖို့ လိုအပ်ပါတယ်။ အလုပ်လက်မဲ့ ရာခိုင်နှုန်းတွေ နည်းနိုင်သမျှ နည်းပြီး လူသားတိုင်းမှာ တန်းတူညီမျှမှုရှိရပါမယ်။ နိုင်ငံရဲ့ လွတ်လပ်ရေးဆိုရာမှာလဲ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ကိုယ့်ကြမ္မာ၊ ကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်ရေးဖြစ်ဖို့ လိုအပ်ပါတယ်။ ပညာရေးအဆင့်အတန်းတွေလဲ တိုးတက်မြင့်မားပြီး အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေရဲ့ ဘေးဒဏ်ကနေ ကင်းဝေးတဲ့ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်ရပါမယ်။ ဒီလို ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီး၊ လူသားများရဲ့ လိုအပ်ချက်အပေါ်မှာ အခြေတည်တဲ့ တိုးတက်မှုတွေ ရှိလာဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူငယ်ထုစွမ်းအား တိုးတက်မြင့်မားရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတော်လုံခြုံရေး၊ စာပေ၊ ဂီတအနုပညာ၊ အမျိုးသမီးအရေး စတဲ့ ကဏ္ဍမျိုးစုံမှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေ အများအပြားရှိပါတယ်။ ဒီလုပ်ငန်းစဉ်တွေမှာ တနိုင်တပိုင် ကျွမ်းကျင်ရာ ဆောင်ရွက်ခြင်းအားဖြင့်လဲ လူထုခေါင်းဆောင်ရဲ့ နိုင်ငံရေး ဦးတည်ချက် တွေကို ၀န်းရံပေးရာ ရောက်ပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဦးတည်ချက်တွေလို့ လေ့လာတွေ့ရှိရတဲ့ ဒီမိုကရေစီစနစ်ထွန်းကားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ လက်တွေ့ကျကျ ကိုက်ညီတဲ့ ဦးတည်ချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဦးတည်ချက်တွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက် တူညီသော ဘုံလုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ခြင်း၊ မတူညီသော်လည်း လိုအပ်သော လမ်းစဉ်များဖြင့် အားဖြည့်ခြင်း၊ တိုင်းနိုင်ငံ တည်ဆောက်ရေးဆိုင်ရာ ကြိုတင်လေ့လာ ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ အသိဥာဏ်ဗဟုသုတ ဖြန့်ဝေ ပညာပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ဖြင့် လူထုခေါင်းဆောင်အား ၀န်းရံကြပါစို့ဟု ရေးသား တိုက်တွန်းအပ်ပါတယ်။

ခင်မမမျိုး (၁၄၊ ၁၂၊ ၂၀၁၀)

(မှတ်ချက်။ ။ ချိုလင်းပြာ စာစောင်အတွက် ရေးသားပေးပို့ထားသော စာမူဖြစ်ပါသည်။)

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား အမေရိကန် ကျောင်းသူများမှ mobile phoneဖြင့် တွေ့ဆုံ မေးမြန်းချက်


On Dec 10, 2010 Nobel Peace Prize Laureate Aung San Suu Kyi spoke with a group of high school students at Vashon Island High School in WA State via cell phone. She answered questions from the students during the 20 minute session that occurred before school started for the day.

The event, perhaps the first of its kind, was recorded in its entirety with a handheld "Flip" video camera. The first part of the video is background and reaction from two student leaders of the school's Amnesty Club, the host of the event. The next scene is the question and answer session with Daw Suu lasting almost 20 minutes. This is followed by reaction and commentary from a Burmese woman active in the refugee community. The final minute captures the teacher-adviser's thoughts about what had just happened. To put it mildly everyone was thrilled by the experience and it clearly shows. I was present to provide
technical support (not knowing anything about this issue) but ended up getting thoroughly drawn into the experience, thankfully I kept the camera rolling. I encourage the viewer to watch the entire video, not only to hear Daw Suu but to see the impact the event had on the students.. priceless...truly heartening.

Aung San Suu Kyi was released from house arrest Nov 13, 2010 after more than 15 years of confinement. Now free, she continues her crusade for non-violent political change in Burma by reaching out to students in the United States.


Peter Serko

source by : http://vimeo.com/17772284

အပြည့်အစုံ ဖတ်ရန် ...

Tuesday, December 14, 2010

မြန်မာ့နိုင်ငံရေး အကျဉ်းသား ၁၄၀ ခန့် ကျန်းမာရေး ချို့တဲ့

မြန်မာနိုင်ငံတွင်း အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ကျန်းမာရေး ချို့တဲ့နေတဲ့ အကျဉ်းသားပေါင်း ၁၀၀ ကျော် ရှိနေပြီး သူတို့ဟာ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကောင်းကောင်း မရကြသလို အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေလည်း ဆုံးရှုံး နစ်နာနေကြရတယ်လို့ ထိုင်း၊ မြန်မာ နယ်စပ်အခြေစိုက် AAPPB ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ကြီးက ပြောပါတယ်။

အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၂၀၀ ကျော် ရှိနေသလို လတ်တလောမှာ အကျဉ်းသားပေါင်း ၁၄၀ လောက်ဟာ ကျန်းမာရေး ချို့တဲ့တဲ့ ဒဏ်တွေကို ခံနေရတယ်လို့ AAPPB အဖွဲ့က တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“ကျန်းမာရေး မကောင်းတဲ့သူရယ်လို့ ကျနော်တို့ သိထားတာတော့ ၁၄၀ ကျော်ရှိတယ်။ ဒီအထဲမှာ ကျန်းမာရေး စိုးရိမ်ရတဲ့ အနေအထားကတော့ လေးငါးဆယ်ယောက်တော့ အနိမ့်ဆုံး ရှိမယ်ထင်တယ်။ ဥပမာ ဟိုတလောကမှ ထောင်ပြောင်းလာတဲ့ ကိုနိုင်မင်းဆို သွေးကင်ဆာ ဖြစ်နေတယ်။ သူ့ကို အင်းစိန်ထောင်မှာ ထားမယ်ဆိုရင်တော့ အပြင်ဆေးရုံကိုထွက်ပြီး ကုသလို့ လွယ်တဲ့နေရာပေါ့။ အဲဒီလို နေရာမျိုးကနေ ကလေးထောင်ကို ပြောင်းရတဲ့ အခါကျတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေကလည်း တော်တော်စိုးရိမ်ရပါတယ်။

“အဲဒီလိုပဲ မစန္ဒာဆိုရင်လည်း အင်းစိန်ထောင်ကနေပဲ ရပ်ဝေးထောင်ကို ပြီးခဲ့တဲ့ တပတ်၊ နှစ်ပတ်လောက်ကမှ ပြောင်းသွားတာ ရှိတယ်။ သူဆိုရင်လည်း နှလုံးနဲ့ တခြား ကျန်းမာရေး အခြေအနေတွေ ခံစားနေရတာ ရှိတယ်။ အဲဒီလိုပဲ လေဖြတ်သလို ဖြစ်နေတဲ့ ကိုအောင်သူတို့လိုမျိုး၊ နောက် ဦးသန်းလွင်တို့လို အသက်ကြီးတဲ့ သူမျိုးတွေပေါ့၊ ဒီလိုမျိုးတွေကလည်း ရှိနေပါတယ်။ ရှိနေတော့ ဒီလိုလူမျိုးတွေရဲ့ ကျန်းမာရေး အခြေအနေကတော့ တော်တော်လေးကို စိုးရိမ်ရတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။”

အထူးသဖြင့်တော့ ဖမ်းဆီးစဉ် ကာလတွေ အတွင်းမှာ စစ်ကြောရေးအတွင်း နှိပ်စက်ညှဉ်းပန်း ခံရမှုတွေကလည်း သူတို့အတွက် နောက်ပိုင်းမှာ ဆိုးရွားတဲ့ ကျန်းမာရေး ထိခိုက်မှုတွေကို ဖြစ်စေပါတယ်။ နောက်တခါ မိသားစုနဲ့ ဝေးကွာလှတဲ့ နယ်ထောင်တွေက နိုင်ငံရေး အကျဉ်းသားတွေ ဆိုရင်လည်း မိသားစုတွေက ပုံမှန်မသွားနိုင်တဲ့ အခက်အခဲတွေကြောင့် နောက်ပိုင်းမှာ အာဟာရ ချို့တဲ့မှုက ဖြစ်လာတဲ့ ရောဂါမျိုးတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေအထိ ကြုံနေရတာ ရှိတယ်လို့လည်း ပြောပါတယ်။

“ဖမ်းဆီးခံရတဲ့ သူတိုင်းက နှိပ်စက်ညှဉ်းပန်းမှုကို တော်တော်လေး ပြင်းပြင်းထန်ထန် ခံစားရတာ ရှိတယ်။ ဒီဟာက တော်တော်ဆိုးတဲ့ အချက်ပါ။ ဒီလို နှိပ်စက်ညှဉ်းပန်းခံရတဲ့အတွက် နောက်ပိုင်းမှာ ကျန်းမာရေး အခြေအနေ ဆက်ပြီးတော့ ဆိုးသွားတာတွေ ရှိတယ်။ အဲဒီလိုမျိုး ကျန်းမာရေး အခြေအနေ ဆိုးသွားတဲ့ အခါမှာ အကျဉ်းထောင်ထဲမှာလည်း လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်၊ လုံလောက်တဲ့ ဆေးဝါးတွေ မရှိတဲ့ အခါကြတော့ အကျဉ်းသားတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကို ပိုပြီး ဆိုးဝါးလာတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေကို မိသားစုတွေနဲ့ ဝေးလံတဲ့ နေရာတွေကို ပြောင်းရွှေ့ထားတာ ရှိတယ်။ ဒီလိုပြောင်းရွှေ့တဲ့အတွက် နိုင်ငံရေး အကျဉ်းသားကိုတင် ပြစ်ဒဏ်ပေးတာ မဟုတ်ဘဲနဲ့ သူ့မိသားစုကိုပါ ရောပြီး ပြစ်ဒဏ်ပေးတဲ့ ပုံစံမျိုး ဖြစ်တယ်။ အဲဒီအတွက် မိသားစုရော၊ နိုင်ငံရေး အကျဉ်းသားရော ရုပ်ပိုင်း စိတ်ပိုင်းရော စီးပွားရေး အခြေအနေရော အတော် ချွတ်ခြုံကျသွားတဲ့ အနေအထားမျိုးတွေ ဖြစ်ပါတယ်။ ဒါဟာ တော်တော် ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ အနေအထားပါ။”

AAPPB အဖွဲ့က တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည် ပြောပြခဲ့တာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဆိုရင်လည်း ကျိုင်းတုံထောင်မှာ ဖမ်းဆီးချုပ်နှောင် ခံထားရတာဖြစ်ပြီး အခုဆိုရင် ရာသီဥတု အေးတဲ့ဒဏ်ကြောင့် သူ့ရဲ့ဇက်ကျီးပေါင်းတက်လို့ ကိုက်ခဲတဲ့ ဝေဒနာဟာ အတော်လေး ခံစားနေရတယ်လို့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ပြောပါတယ်။

“ဇက်ကျီးပေါင်းတက်တာကတော့ ပြန်ဖြစ်နေတယ်ပေါ့။ ဇက်ကျီးပေါင်းတက်တာ တောက်လျှောက်ပေါ့လေ။ အဲဒါက မသက်သာဘူး။ အဲဒါ လိမ်းဆေးလိမ်းတယ်၊ ဆေးတွေ သောက်နေတယ်။ အခုပြန်လာပြီး စာလာတာကတော့ ကျိုင်းတုံမှာ တအားအေးနေတော့ ကိုက်တာတွေ ပြန်ဖြစ်နေတယ်၊ လက်တွေ ခြေထောက်တွေ ကိုက်တာ။ အကိုက်အခဲကျတော့ ဆရာဝန်ပြောတဲ့အတိုင်း ဆေးတွေဝယ်ပြီး သောက်ရတာပေါ့။

“ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ အကိုက်အခဲ ပျောက်ဆေးတွေ သိပ်မသောက်ဖို့တော့ သူ့ကို မှာထားတယ်။ အပ်ထားတဲ့ ပိုက်ဆံနဲ့ သူတို့ကို ၀ယ်ခိုင်းလိုက်တာပေါ့။ ဒီကနေ ပို့ရတာ ပါဆယ်က ခက်လို့လေ။ ရေချိုးခါနီးလေးပဲ အရှေ့က ရေကန်လေးရှေ့မှာ ခဏလေးပဲ လမ်းလျှောက်ခွင့်ရတယ်။ အထဲမှာ လမ်းလျှောက်ရတာတွေ ဘာတွေ မရှိဘူး။ အပြင်မှာ အားကစားတွေ ဘာတွေလည်း လုပ်ခွင့် မရှိဘူး။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေကို အမဖြစ်တဲ့ ဒေါ်ကြည်ကြည်ညွန့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့်တော့ လူငယ်အရွယ် တက်တက်ကြွကြွနဲ့ ဘ၀ရဲ့ တိုးတက်လမ်းကို ရှာဖွေရမယ့်အချိန် အကျဉ်းထောင်တွေအတွင်း အချိန်ကုန်နေကြရတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူငယ်တွေဟာ စိတ်ဓာတ် ကျမသွားဘဲနဲ့ ယုံကြည်ချက်နဲ့ ရပ်တည်မှုတွေဟာ ပိုပြီး ခိုင်မာလာတာမျိုး တွေ့ရတယ်လို့ ဘားအံထောင်မှာ အကျဉ်းကျခံထားရတဲ့ ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ မိခင် ဒေါ်အေးအေးသန်းက ပြောပါတယ်။

“ပထမပိုင်း အင်းစိန်မှာ နေတုန်းကတော့ သူ့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဒီလို ဖြုန်းတီးပစ်ရတဲ့ အတွက်ကြောင့် သူ စိတ်မကောင်းဘူးပေါ့။ ဒါပေမဲ့ နောက်ပိုင်း ဘားအံရောက်တဲ့ အခါကြတော့ သူပြောပါတယ်၊ သူတို့ အခု ထောင်ထဲမှာ နေနေရတာ တာဝန်တခု ထမ်းဆောင်နေရတာနဲ့ အတူတူပါပဲတဲ့။ ဘာဖြစ်လို့လဲဆိုရင် သူတို့ကို အပြစ်မရှိဘဲ ထောင်ချထားတဲ့ အတွက်ကြောင့် သူတို့ကို သက်သေထားပြီး ကမ္ဘာကို တင်ပြလို့ ရတယ်တဲ့။ အဲဒီအတွက်ကြောင့် သူတို့ အလုပ်တခု လုပ်နေတာနဲ့ အတူတူပါပဲတဲ့။ အဲဒီလို သူ ခံယူချက် ပြောင်းသွားတယ်။”

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်ရဲ့ မိခင် ဒေါ်အေးအေးသန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ နှစ်စဉ် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ ထည့်သွင်း ပြောဆိုနေတာ ဖြစ်သလို မြန်မာစစ်အစိုးရကိုလည်း ဖိအားပေးနေတာတွေ ရှိပေမဲ့ တိုးတက်တဲ့ လိုက်လျောမှုမျိုးတွေ မရှိခဲ့ဘူးလို့လည်း သုံးသပ်ကြပါတယ်။

တခါ မကြာသေးခင် ရက်ကတော့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ ထောင်ဝင်စာ တွေ့ရာမှာ အခက်အခဲ ကြုံနေရတာတွေကို ဘယ်လိုဥပဒေတွေနဲ့ ကန့်ကွက် တောင်းဆိုနိုင်သလဲ ဆိုတဲ့ ထောင်စည်းမျဉ်း စည်းကမ်းဆိုင်ရာ စာအုပ်တအုပ်ကို ဖြန့်ဝေသွားဖို့ စီစဉ်နေတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

NLD ၏ လှုပ်ရှားမှုအား စောင့်ကြည့်ရန် နအဖ ညွှန်ကြား



source by : http://www.absdf8888.org

အပြည့်အစုံ ဖတ်ရန် ...

ဒီမိုကရေစီအင်အားစုပါတီများနှင့် ကြံ့ခိုင်ရေးတို့ အပြန်အလှန် တရားစွဲနေပြီ

ရွေးကောက်ပွဲဝင် ပါတီတွေနဲ့ ရွေးကောက်ပွဲ ရလဒ် အငြင်းပွားမှုကို တင်ပြလိုပါတယ်။ အများစုအနိုင်ရတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ အနည်းစုအနိုင်ရတဲ့ ဒီမိုကရေစီအင်အားစုပါတီတွေ အပြန်အလှန် တရားစွဲနေတယ် ကြားနေရပါတယ်။

အကြမ်းအားဖြင့် အဲဒီလို အပြန်အလှန်တရားစွဲတယ်လို့ ပြောနိုင်ပေမယ့် အမှုပုံစံချင်းကတော့ မတူပါဘူး။ အခုချိန်ထိ ကျနော်မေးမြန်းခွင့်ရထားတဲ့ အမှု ၃ ခု ရှိပြီးတော့ အဲဒီထဲက ပထမအမှုဆိုရင် ဒေသဆိုင်ရာ ကော်မရှင်နဲ့ မဲရုံး တာဝန်ရှိသူတွေကို မဲသမာမှုနဲ့ အမျိုးသားဒီမိုကရေစီအင်အားစု အန်ဒီအက်ဖ် ကိုယ်စားလှယ်တဦးက တရားစွဲထားတာပါ။

ဒါက မဲရုံတာဝန်ရှိသူရဲ့ မသာမာတဲ့လုပ်ရပ်ကို ၁၄ ရက်အတွင်း ရဲစခန်းမှာ အမှုဖွင့်တာကြောင့် ငွေ ၅ သိန်း ပေးစရာမလိုဘဲ ပုဒ်မ ၅၉ နဲ့ စွဲနိုင်တယ်။ ဒါပေမယ့် ရဲက လွှတ်လပ်စွာမလုပ်ဘဲ နေပြည်တော်နဲ့ကော်မရှင်ကို မေးမေးပြီး လုပ်နေတဲ့အတွက် ရဲတာဝန်နဲ့ တရားစီရင်ရေးစနစ်အပေါ် သံသယဝင်နေတယ်လို့ ခရမ်း၊ သုံးခွ၊ ကိုကိုးကျွန်း ၃ မြို့နယ်ပါဝင်တဲ့ အမှတ် (၇) အမျိုးသားလွှတ်တော်အတွက် ဝင်ပြိုင်သူ အန်ဒီအက်ဖ် ကိုယ်စားလှယ် ဦးသိန်းဇော်ညွန့် ပြောသွားတာပါ။

“သုံးခွ (၉) ရပ်ကွက်ကပေါ့နော်။ မဲရုံအဖွဲ့ဝင်တွေကနေ သူတို့ ဟန်ဆောင်မဲ ပေးတယ်၊ ကိုယ်စားပေးတယ်။ အဲဒီအတွက် မဲရွာသင်းကျေးရွာ အုပ်စုကော်မရှင် အတွင်းရေးမှူး တယောက်ကိုတော့ ကျနော်တို့ ခမောက်မဲကို ရည်ရွယ်ချက်ရှိရှိနဲ့ မဲလျော့နည်းသွားအောင် ဖျက်ဆီးတဲ့အတွက် ဒါ ၅၉ (ခ) ပေါ့၊ ရည်ရွယ်ချက် ရှိရှိနဲ့ ခမောက်မဲကို ဖျက်ဆီးတဲ့အတွက် ကျနော်တို့ တရားစွဲရတယ်၊ ရဲစခန်းမှာ ကျနော်တို့ကို စစ်ဆေးပြီးပြီ။ အခု စွပ်စွဲခံရတဲ့ လူတွေကို စစ်တယ်၊ စစ်ပြီးတော့ သူတို့ကို ကော်မရှင်ကို ပြန်တင်ပြရတယ်။ ဒါက သိပ်တော့ ဥပဒေနဲ့အညီ သဘာဝမကျဘူး။ ဥပဒေအရက သူ့ဟာသူ လုပ်သွားမယ်၊ ကော်မရှင်ကိုတင်ပြစရာ အကြောင်းမရှိဘူး။ သို့သော် သက်ဆိုင်ရာ အာဏာပိုင်က ကော်မရှင်ကို တင်ပြမယ် ဆိုပြီးတော့ ကော်မရှင်ကို တင်ပြပြီးတော့ ဆိုလိုတာက ကော်မရှင်က ဒီဥစ္စာကို ကြည့်နေတာပေါ့လေ၊ အဲဒီပုံစံမျိုးဖြစ်တယ်။”

ဒီအမှုအတွက် သုံးခွမြို့နယ် ရဲနဲ့ တရားရုံးက ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကိုတော့ စောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။

နောက်ထပ် အမှုတခုကတော့ ပြောင်းပြန်တရားစွဲမှုလို့ ပြောရမယ် ထင်ပါတယ်။ ၈၈၃ ဦးနဲ့ အများစုအနိုင်ရပြီး ငွေအင်အား တောင့်တင်းတယ်လို့ အများကသိထားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ကနေ ဒီမိုကရက်တစ်ပါတီ မြန်မာရဲ့ မန္တလေးတိုင်း ချမ်းအေးသာဇံ မြို့နယ်ကိုယ်စားလှယ် ဒေါ်တင်တင်မာကို မဲဝယ်တယ်ဆိုပြီး နေပြည်တော် ကော်မရှင်အထိ တိုင်ကြားမှုပါ။ ဒီအကြောင်းကိုတော့ ပါတီအတွင်းရေးမှူး ဒေါ်သန်းသန်းနုက အခုလို ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင် နေပြည်တော်ကနေ ဆင့်ခေါ်လို့ သူက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ သွားပြီးတော့ ထုချေလွှာ ပေးရမယ်။ စာပါအကြောင်းက ဘာလဲဆိုတော့ ဒေါ်တင်တင်မာနဲ့ ပြိုင်ဘက် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းကနေ ဒေါ်တင်တင်မာ နိုင်တာကို မကျေနပ်ဘူး။ မကျေနပ်တော့ သူက ဘာကို အကြောင်းပြလည်းဆိုတော့ ဒေါ်တင်တင်မာက တယောက်ကို ငွေ ၁၅ဝဝ နဲ့ မဲဝယ်သည်လည်း မဟုတ်ဘူး၊ သူက ပြောတဲ့စကားက သူတို့ထဲမှာ ရေးထားတာက တယောက်ကို ကျပ် ၁,၅ဝဝ ပေးမယ်လို့ ပြောခဲ့တယ်။ ပြောတဲ့ဥစ္စာကလည်း ဒေါ်တင်တင်မာက ပြောတာမဟုတ်ဘူး၊ ဒေါ်တင်တင်မာအတွက် လိုက်ပြီးတော့ စည်းရုံးပေးတဲ့ ပါတီက လူတယောက်က ပြောတယ်ဆိုပြီးတော့ သူတို့က အဲလိုစွပ်စွဲထားတယ်။ ကျမတို့ကလည်း သိပ်တော့ စိတ်မပူပါဘူး။ စိတ်မပူဘူး ဆိုပေမယ့် ကျမတို့ကို နာမည်ဖျက်ချင်တာလည်း ပါချင် ပါမယ်။ ဒါပေမယ့် ကျမတို့ဘက်ကတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့တော့ နာမည်ပျက်စရာ အကြောင်းလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့ကလည်း ငွေရေးကြေးရေးအရ မတတ်နိုင်လို့သာ။ ဝင်ရတဲ့ ကိုယ်စားလှယ်ကိုက ၄၇ ဦးပဲ ရှိတယ်။”

၄၇ ဦးဝင်ပြိုင်ပေမယ့် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဒေသအတွက် ၃ ဦးသာအနိုင်ရပြီး အဲဒီထဲက တဦး ကန့်ကွက်ခံ နေရတယ်လို့ ဒီမိုကရက်တစ်ပါတီ-မြန်မာရဲ့ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောသွားတာပါ။

နောက်ထပ် ကြားသိထားတဲ့အမှုတခုကတော့ မန္တလေးတိုင်း ပြည်သူ့လွှတ်တော် ချမ်းမြသာစည် မြို့နယ်အတွက် တသီး ပုဂ္ဂလဝင်ပြိုင်သူ ဦးစိန်လှက အနိုင်ရသွားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် လက်ရှိ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် ကို ကြိုတင်မဲနဲ့ လိမ်လည်မှုအတွက် တရားစွဲဖို့ ပြင်နေတယ် လို့သိရပါတယ်။ ဒါပေမယ့် ကာယကံရှင်တွေ ကိုယ်တိုင်ကိုတော့ ကျနော် ဆက်သွယ်လို့ မရသေးပါဘူး။

ရွေးကောက်ပွဲပြီးခါစ ကာလမှာကတည်းက မဲသမာမှုအတွက် ကြံ့ခိုင်ရေးနဲ့ ကော်မရှင်ကို တရားစွဲမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကော်မရှင်၊ ကြံ့ခိုင်ရေး၊ အာဏာပိုင် တရားရုံးစသဖြင့် အားလုံးဟာ အတူတူလိုဖြစ်နေတဲ့အတွက် တရားစွဲရင်လည်း ထူးမှာမဟုတ်ဘူး ဆိုပြီးတော့ လက်လျော့သံတွေ ကြားခဲ့ရပါတယ်။

ဒီလိုအခြေနေမျိုးမှာ ဘာကြောင့် တရားစွဲသလဲ။ ဘာတွေ ထူးလာမယ် ထင်သလဲဆိုပြီး သုံးခွက ဦးသိန်းဇော်ညွန့်ကို ကျနော်ထပ် မေးကြည့်ခဲ့ပါတယ်။

“ကျနော်က ဒီလိုအမှုမျိုးတွေက အနှစ်၂ဝ အတွင်း ကြုံတွေ့ဖူးချင်း မရှိဘူး။ ကျနော်တို့ ပါတီအနေနဲ့ ဒီလို တရားစွဲခဲ့ပေမယ့် ဒီလို မဲရုံအဖွဲ့ဝင်တွေက မသမာမှု လုပ်တယ်ဆိုတာ ကျနော်တို့ ပြချင်တယ်၊ ကျနော်တို့ မှတ်တမ်း တင်ချင်တယ်၊ နောက်ရွေးကောက်ပွဲမှာ ဒီလိုမလုပ်ရဲအောင် မလုပ်ဝံ့အောင် ကျနော်တို့ သမိုင်းမှတ် တိုင်ထူချင်တယ်။”


ထက်အောင်ကျော်


source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်မှ လူငယ်ထုအတွက် အမှာစကား(ရုပ်သံ)



source by : http://www.youtube.com/user/yamounnar

အပြည့်အစုံ ဖတ်ရန် ...

စစ်ရေးလေ့ကျင့်မှုတွေကြောင့် နျူကလီးယားစစ်ပွဲ ဖြစ်နိုင်

တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေး လေ့ကျင့်မှုတွေဟာ နျူကလီးယား စစ်ပွဲတခု ပေါ်ပေါက် လာစေနိုင်တယ်လို့ မြောက်ကိုရီးယား နိုင်ငံဘက်က သတိပေးချက်တွေ ထွက်လာအပြီး ချက်ချင်းဆိုသလိုပဲ တောင်ကိုရီးယား နိုင်ငံဘက်က ကမ်းခြေတလျှောက် လက်နက်ကြီးတွေနဲ့ စစ်ရေးပြမှုတွေရဲ့ ဒုတိယ သီတင်းပတ် အစီအစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေနဲ့ မြောက်ကိုရီးယား နိုင်ငံဘက်က လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နိုင်တာကြောင့် တောင်ကိုရီးယား ပြည်သူတွေကို ထောင်ပေါင်းများစွာရှိတဲ့ မြေအောက် ဗုံးခိုကျင်းတွေထဲကို သွားရောက် ခိုအောင်းနိုင်ဖို့ အစီအစဉ် အပါအ၀င် အရပ်သားတွေ ပါဝင်တဲ့ စစ်ရေးကာကွယ်မှု အစီအစဉ်တွေကိုလည်း တောင်ကိုရီးယား တပ်ဖွဲ့တွေက စီစဉ်နေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံက အခုလို လက်နက်ကြီး လေ့ကျင့်မှုတွေ ဆက်လုပ်တာဟာ သူတို့အခေါ် ကိုးရီးယားကျွန်းဆွယ်အတွက် နျူကလီးယား စစ်ပွဲတခု ပေါ်ပေါက်လာအောင် အခြေအနေ ဖန်တီးမှုတွေ လုပ်တာ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံဘက်က ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ ဒီစစ်ရေးလေ့ကျင့်မှု တခုကိုမှ ကိုရီးယားနှစ်နိုင်ငံ ရေနယ်နိမိတ်နားကို ကပ်ပြီးလုပ်မှာ မဟုတ်ဘူးလို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

လောလောဆယ်မှာတော့ ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုဟာ ပိုပြီး အန္တရာယ် ကြီးထွား လာနေတယ်လို့ တနင်္လာနေ့က အီရတ်နဲ့ တွေ့ဆုံရာမှာ ထိပ်တန်း အမေရိကန် စစ်ဘက်အရာရှိကြီး တဦးက ပြောလိုက်ပါတယ်။

ပူးတွဲလေ့ကျင့်ရေး ဥက္ကဋ္ဌ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်မ်ဂျုံအီလ် (Kim Jong-il) ရဲ့ သားကို အာဏာလွှဲပြောင်းဖို့ ပြင်ဆင်နေတဲ့ အချက်ကို ထောက်ပြပြီး အခုလို မှတ်ချက်ချခဲ့တယ်လို့ AP သတင်းဌာနက ကိုးကား ဖော်ပြ ထားပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန်မြောက်ပိုင်း အင်အားပြင်း မုန်တိုင်း ဝင်ရောက်

A good Samaritan tries to help free a woman's car from the snow on University Avenue as a winter storm continues in St. Paul, Minn., Saturday, Dec. 11, 2010
ဓာတ်ပုံ ASSOCIATED PRESS

အမေရိကန်ပြည်ထောင်စုမှာ အင်အားပြင်း နှင်းမုန်တိုင်းတခုဟာ နိုင်ငံရဲ့ မြောက်ဘက်ခြမ်း အလယ်ပိုင်းကနေ အင်မတန် အေးခဲတဲ့ အအေးမှတ်နဲ့အတူ လေပြင်းတွေ၊ ဆီးနှင်းတွေနဲ့ အရှေ့ပိုင်းကို ဝင်ရောက် လာနေပါတယ်။

အီလီနွိုက်စ် (Illinois)၊ အိုင်အိုဝါ (Iowa)၊ မီချီဂန် (Michigan)၊ မင်နီဆိုးတား (Minnesota) နဲ့ ၀စ်စ်ကွန်စင် (Wisconsin) စတဲ့ ပြည်နယ် ၅ ခုမှာ နှင်းမုန်တိုင်း သတိပေးချက်တွေကို မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

လေကြောင်းပျံသန်းမှု ရာပေါင်းများစွာကို ဖျက်သိမ်းထားပြီး ပြည်နယ် ၅ ခုထဲက လမ်းတွေ တော်တော်များများ ကိုလည်း တာဝန်ရှိသူတွေက ပိတ်ထားပါတယ်။

ဝစ်စ်ကွန်စင်ပြည်နယ်မှာဆိုရင် ပြည်နယ်တခုလုံးမှာ ခရီးသွား သတိပေးချက်တွေကို ထုတ်ပြန်ထားပါတယ်။ အိုင်အိုဝါ ပြည်နယ်မှာတော့ အိမ်ခြေ ၁,၀၀၀ ကျော်မှာ မီးပျက် နေကြပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Sunday, December 12, 2010

ဘိုဘိုကျော်ငြိမ်း သို့ တုန့်ပြန်ချက်

၂ဝ၁ဝ ဒီဇင်ဘာ ၁၁၊ စနေနေ့ “မဇ္ဈိမ” ထဲမှာ ဘိုဘိုကျော်ငြိမ်းရဲ့ “ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်း တို့ ခေတ်က အောင်ပွဲခံ နိုင်ခဲ့ကြတာလဲ” ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက် ရပါတယ်။ ဘိုဘိုကျော်ငြိမ်း က သောကြာနေ့၊ ဒီဇင်ဘာ (၁ဝ) ရက်နေ့ နေ့စွဲနဲ့ ရေးထားတာပါ။

“ကျနော်တို့ ဗမာလူမျိုးတွေဟာ သူရဲကောင်း ကိုးကွယ်ချင်စိတ် ရှိကြတယ်။ ဒါကြောင့် သူရဲကောင်းမျှော်တဲ့ (မင်း) လောင်းမျှော်တဲ့ အကျင့်ကလေးဟာလဲ တွယ်ကပ်ပါလာ ကြပြန်တယ်။ ဒီ(စိတ်) ဒီအကျင့် စရိုက်တွေကြောင့် လူအများဟာ ကိုယ့်အား ကိုယ့်ကိုးချင်တဲ့ စိတ်တွေ နည်းပါး လာကြပြီး၊ စကြာဝတေးမင်း မြင်းပျံစီးပြီး လာကယ်မယ့် နေ့ကိုပဲ စိတ်ကူးယဉ် နေကြတယ်လို့ ခံစားရပါတယ်။

……………………………….

စစ်အာဏာရှင်စနစ်က လွတ်မြောက်အောင် (ငါ) တို့ ဘာလုပ် ရမယ်၊ ဘာတွေ လိုအပ်တယ်၊ ဘာတွေ ပြင်ဆင်ရမယ်၊ ဘယ်လို ရင်ဆိုင်ရမယ်၊ ဘယ်လို ဗျူဟာနဲ့ အနိုင်တိုက်မယ် ဆိုတာတွေကို စိတ်မဝင် စားကြဘူး။” လို့ အစချီပြီး ရေးထားရင်း၊ ဗိုလ်ချုပ်တို့ ခေတ်က မျိုးချစ်တော်လှန်ရေးသမားတွေ ဘာ့ကြောင့် လွတ်လပ်ရေးကို အနိုင်တိုက်နိုင် ခဲ့ကြသလဲ ဆိုတာကို သုံးသပ်ပြရင်း “ဗိုလ်ချုပ်ရဲ့ ရိုးသားဖြူစင်မှု” တို့ “ကျောင်းသားသမဂ္ဂ”၊ “စုပေါင်းခေါင်းဆောင်မှု” ၊ “မှတ်သားစရာနဲ့ သုံးသပ်မှု” – စတဲ့စတဲ့ ခေါင်းစဉ်ငယ်တွေနဲ့ ရေးသား ဖေါ်ပြသွားရာမှာ၊ ဒီ ဆောင်းပါးထဲမှာ “ဦးကျော်ငြိမ်း” ရဲ့ အခန်းကဏ္ဍတွေကိုလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးရာရှစ်၊ သခင်သန်းထွန်း၊ ဂိုရှယ်-စတဲ့ပုဂ္ဂိုလ်တွေနဲ့ အလျဉ်း သင့်သလို တွဲဆက် ယှဉ်စပ် ပြသွားတာ တွေ့ရပါတယ်။

“ဦးပေါ်ဦး လျှောက်ထုံး” တွေထဲက ဘိုးတော်ဘုရား နန်းတော်တည်ဖို့မှာ “ကျွန်းသစ်”ကို ပါ စေချင်တဲ့ ဦးပေါ်ဦးက၊ ဘိုးတော် ဘုရားရဲ့ “ပိတောက်နဲ့ မကောင်းဘူးလား” “ပျဉ်းကတိုး နဲ့ မကောင်းဘူးလား” ဆိုတဲ့ အမေးတွေကို “ပိတောက်နဲ့လဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါတယ်” “ပျဉ်းကတိုးလဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါတယ်” လို့၊ အမြဲလို လို သူပါစေချင်တဲ့ “ကျွန်း” ကို တွဲတွဲ ပြောသွားလေ့ရှိတဲ့ ဦးပေါ်ဦး လျှောက်ထုံးကို သွားပြီး အမှတ်ရမိချင်စရာပါပဲ။ ဦးကျော်ငြိမ်းဟာလဲ ခေသူမဟုတ်ဆိုတာ၊ မူကိုအလေးထား တတ်၊ မိမိကိုယ်ကို မိမိလေးစားတတ်၊ စာအင်မတန်ဖတ်၊ အသိဥာဏ်အား မြင့်မားသူ တယောက် ဆိုတာကို ပေါ်လွင်အောင် ရေးသားပြသွားတာ လက်ကနဲ လက်ကနဲ တွေ့လိုက် ရပါတယ်။

သူ့ဆောင်းပါးအပေါ် လက်ခံကြိုက်နှစ်သက်တဲ့ လူလဲ ရှိမယ်။ မကြိုက်တဲ့သူ လက်မခံတဲ့ လူလဲ ရှိမယ်။ ဒါ သဘာဝပါပဲ။ လွတ်လပ်စွာ ခံယူနှစ်သက်ပိုင်ခွင့် ရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်အရ ၊ ဘာမှ မပြောလိုပါဘူး။ သူ့သဘော သူဆောင်လိမ့်မယ် လို့ပဲ သဘောထားပါတယ်။

အထူးသဖြင့် ကနေ့လိုအချိန်မျိုးမှာ ဘိုဘိုကျော်ငြိမ်းနဲ့ အပြန်အလှန် ပြောဆိုနေရမှာမျိုး မလုပ်ချင်ပါဘူး။ “အဓိက ပျောက်” “ပစ်ကွင်းပျောက်” ပြီး “အမြှုပ် ထ ပလုံစီရမယ့် ကိစ္စမျိုးတွေ” မလုပ်ချင်ပါဘူး။ ဒါပေမဲ့ …

သူ့ဆောင်းပါးထဲမှာ ကျနော်နဲ့ တိုက်ရိုက် ပတ်သက်နေတဲ့အချက်တွေ ပါဝင်နေလေတော့၊ ပြန်လည် ရှင်းလင်းပြမှု မလုပ်ရင် အဓိပ္ပါယ်တမျိုး ပေါက်စေနိုင်တဲ့အတွက် လိုအပ်သလောက်ပဲ ကျနော်ပြန်လည် ရှင်းလင်းချင်ပါတယ်။ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်တွေကိုပဲ ဖေါ်ပြရှင်းလင်းသွားမှာ ဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့ ကြိုက်နှစ်သက်သလို လက်ခံ သုံးသပ်သွားကြမှာပဲ ဖြစ်ပါတယ်။

ကျနော်နဲ့ ပတ်သက်နေတဲ့ အချက်တွေကတော့၊ ဘိုဘိုကျော်ငြိမ်းက သူ့ဆောင်းပါးထဲမှာ ဟောဒီလို ဖေါ်ပြ ထားပါတယ်…

[ ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဖက်ဖြစ်ခဲ့သော်လဲ ရာဇဝင် အချက်အလက်ကို ရေးရာမှာ အာဃာတမရှိ အမှန်အတိုင်းရေးပြခဲ့တယ်။ (မူ) principle ကို အလေးထားတာက တကြောင်း၊ self-respect ဟုခေါ်သော မိမိကိုယ်ကို မိမိ လေးစားတာကြောင့်လဲ ဖြစ်ပါတယ်။

သို့သော် အသိဥာဏ်စွမ်းအားနဲသော လက်ဝဲတယူသန် အချို့သည် ဦးကျော်ငြိမ်းကို မုန်း တာနဲ့ ရာဇဝင် အချက်တွေကိုပါ ပြင်ချင်ကြတယ်။

ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့၊ တိုင်း (၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်းမှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန် ခွဲဝေခဲ့ကြပါတယ်။ ( သခင်တင်မြ ၏ ဖက်ဆစ် တော်လှန်ရေးဌာနချုပ်နှင့် တိုင်း (၁ဝ) တိုင်း - စာမျက်နှာ ၄၄ )

သို့သော် ဝင်းတင့်ထွန်းရဲ့ “အမှောင်ကြားက ဗမာပြည်” စာအုပ်မှာ “ဦးဗဆွေ ဦးကျော်ငြိမ်း သည် ရန်ကုန်တာဝန်ခံဖြစ်သည်” လို့ သမိုင်းကို လိမ်ညာရေးခဲ့တယ်၊ (စာမျက်နှာ ၃၅)။ ကျနော် မှတ်မိသလောက် ကွန်မြူနစ်တွေ ပြုစုထုတ်ဝေတဲ့ (လွတ်လပ်ရေး ရွှေရတုသဘင်) စာအုပ်မှာလည်း ဤနည်းတူ ရေးသား ခဲ့ကြတယ်။

ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅ မှာပဲ) “စစ်တိုင်းများ၏ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်” လို့ လိုရာဆွဲကောက်ချက်ချ ပြန်တယ်။ ဒီတုန်းက သခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံပါတီ ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီးနောက် ကွန်မြူနစ် ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူ ဖြစ်တယ်။ ဒီလို ရာဇဝင်အချက်အလက်ကို လိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာ တာဝန်မဲ့ရေးသားချက်သာ ဖြစ်တယ်။

ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်း တယောက်ကိုသာ ကွန်မြူနစ်အမျက် ကွန်မြူနစ်အငြိုးနဲ့ ရာဇဝင်အချက်အလက်ကို ပြင်ဆင်တင်ပြခဲ့တာ မဟုတ်။ ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး) အဖွဲ့ကြီးကို ဖွဲ့ကြတော့ အဓိကအင်အားဖြစ်တဲ့၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံ ပါတီနဲ့ ဗမာ့တပ်မတော်ကိုယ်စားလှယ်ခေါင်းဆောင် (၃) ဦးစီ၊ ပေါင်း (၉) ဦးပါပြီး ဗဟိုဦးစီးအဖွဲ့နဲ့ စတင်ဖွဲ့ စည်းခဲ့တာပါ။ ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်မြ၊ ပြည်သူ့အရေးတော်ပုံပါတီမှ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင်ချစ် ၊ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ ၊ ဗိုလ်နေဝင်း တို့ဖြစ်ကြပါတယ်။ (သခင်တင်မြ ရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း (၁ဝ) တိုင်း-စာမျက် နှာ ၄ဝ)၊

ဤအချက်ကို ရာဇဝင် စိတ်ဝင်စားသူတိုင်း သိကြပါသည်။ သိသင့်ပါသည်။ စာအုပ်ပေါင်း မြောက်များစွာ တွင်လည်း ဖေါ်ပြထားပြီးဖြစ်ပါသည်။ အရေးပါသော ရာဇဝင် အချက်တချက်ပင် ဖြစ်သည်။

ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သခင်တင်မြကို ကြည့်မရ၍ သော်လည်းကောင်း၊ သခင်ဗဟိန်း ကို ကြည်ညိုစိတ်ကြောင့် သော်လည်းကောင်း၊ သခင်တင်မြ အစား သခင်ဗဟိန်း ကို ကွန် မြူနစ် ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ (ဝင်းတင့်ထွန်း စာအုပ်စာမျက်နှာ ၃၂ ကိုကြည့်ပါ) ဒီလို ရာဇဝင်ကို ရေးရာမှာ ကိုယ်ဖြစ်ချင်ရာကို တကယ့်အဖြစ်မှန်နဲ့ အစားထိုးလို့ မရသလို၊ လိုရာကို ဖြစ်သလို မရေးကောင်းပါ။]

အထက်ပါ ကွင်းစ ကွင်းပိတ် ထဲက ပါအတိုင်း ရေးသားထားပါတယ်။

အဲဒီတော့ ချုပ်လိုက်ရင် ဘိုဘိုကျော်ငြိမ်းရဲ့ ကျနော့်စာအုပ် “အမှောင်ကြားက ဗမာပြည်” စာအုပ်ကိုဖေါ်ပြပြီး ကျနော့်အပေါ် ရေးသားထားချက်ဟာ အဓိကအားဖြင့် အချက် (၃) ချက် ရှိပါတယ်။

ပထမအချက်က ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်းတွေခွဲဝေပြီး စစ်တိုင်းမှူး နိုင်ငံရေးမှူးတွေ ခွဲဝေတာဝန်ချထား သတ်မှတ်ရာမှာ၊ တိုင်း (၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်းမှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူး ဆိုတာ သခင်တင်မြရဲ့ စာအုပ်ကြီးထဲမှာ ပါပါလျက်နဲ့ “ဦးဗဆွေ၊ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံဖြစ်သည်” လို့ ဖေါ်ပြထားချက်။

ဒုတိယအချက်က – “စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်” လို့ လိုရာ ဆွဲကောက်ချက် ချထားချက်။

တတိယအချက်က – ဖက်ဆစ်တိုက်ဖျက်ရေးအတွက် ဗဟိုဦးစီးအဖွဲ့ (၉) ဦးဖွဲ့ရာမှာ သခင်တင်မြ အစား သခင်ဗဟိန်း ကို ပြောင်းလဲထည့်သွင်း ရေးသားထားချက်။

သခင်တင်မြကို ကြည့်မရ၍ သော်လည်းကောင်း၊သခင်ဗဟိန်း ကို ကြည်ညိုစိတ်ကြောင့် သော်လည်းကောင်း ပြောင်းပစ် ရေးသားတာဟာ လိုရာကို ဖြစ်သလို ရေးသားထားချက်။ တို့ပဲ ဖြစ်ပါတယ်။

ကျနော် ဘာလို့ ဒီလို ရေးသား ထားခဲ့သလဲ။

ဘိုဘိုကျော်ငြိမ်း စွပ်စွဲထားသလို လိုရာဆွဲကောက်ချက်နဲ့ အကိုးအကားမဲ့၊ အထောက်အထားမဲ့ တာဝန်မဲ့ ရေးသားထားတာလား။ တချက်ချင်း ကျနော် ပြန်လည် တုန့်ပြန်သွားပါ့မယ်။ အဲဒီလို မတုန့်ပြန်ခင်မှာ “အမှောင်ကြားက ဗမာပြည်” စာအုပ်နဲ့ ပတ်သက်ပြီး အနည်းငယ်ပြောမှ ဖြစ်မှာကတော့၊ “အမှောင်ကြားက ဗမာပြည်” စာအုပ်ဟာ ဗမာပြည် လွတ်လပ်ရေး ကျေညာနိုင်တဲ့ ၁၉၄၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ ကို အတတ်နိုင်ဆုံး အကျဉ်းရုံးဖေါ်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒါ့ကြောင့် “အမှောင်ကြားက ဗမာပြည်” ဆိုတဲ့ အမည်ကို ပေးထားရုံမက၊ (အနီးခေတ် ဗမာပြည် နိုင်ငံရေး လှုပ်ရှားမှု သမိုင်းအကျဉ်း ၁၉၄၈ – ၂ဝဝဝ ) လို့လဲ ဖေါ်ပြထားခဲ့ပါတယ်။ ဆိုလိုတာက ၁၉၄၈ ကနေ ၂ဝဝဝ ပြည့်နှစ်အထိအတွင်း အနီးခေတ် နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကိုပဲ အကျဉ်းရုံးဖေါ်ပြသွားနိုင်ဖို့ ဇောင်းပေး ရေးသားထားတာ ဖြစ်ပါတယ်။

အဲဒီမှာ ၁၉၄၈ ခုနှစ်ကို စပြီး ဖွင့်မယ်ဆိုရင်ကိုပဲ လွတ်လပ်ရေးနဲ့ ဖွားဖက်တော်လိုဖြစ်ခဲ့ရတဲ့ “ပြည်တွင်းစစ်” ကို ဖေါ်ကျူး ရေးသားရပါတော့မယ်။ ပြည်တွင်းစစ်ကို ဘယ်သူ စသလဲ၊ ဘာ့ကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရသလဲ-ဆိုတာတွေကို ဖေါ်ပြရာမှာ၊ အဖြစ်အပျက်တွေဟာ ရှောင်တခင် ဖြစ်ပေါ်လာကြတာမဟုတ်၊ အကြောင်းရင်းခံတွေ ရှိကြတယ်၊ အဲဒီ အကြောင်းရင်းခံတွေကိုလဲ သိမြင်နိုင်ဖို့၊ သမိုင်းနောက်ခံ ကားချပ်တွေနဲ့ ယှဉ်တွဲ ဆက်စပ်ကြည့်ဖို့ လိုတယ်-ဆိုပြီး၊ ၁၉၄၈ ခုနှစ်မတိုင်ခင် (၁ဝ) နှစ်တာလောက် အကြောင်းကို မလွှဲမရှောင်သာ နောက်ခံကားချပ်ကို ဖေါ်ပြခဲ့ရပါတယ်။

၁၉၄၈-၂ဝဝဝ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတခုလုံးကိုတောင် အကျဉ်းအဖြစ်ပဲ ရေးသားခဲ့ရာမှာ၊ အဲဒီရဲ့ အဦးအစဖြစ်တဲ့ နောက်ခံကားချပ် (၁ဝ) နှစ်တာဟာ အကျဉ်းရဲ့အကျဉ်းသဖွယ်ပဲ ချုပ်ပြီး ရေးသားခဲ့ရတာ ဖြစ်ပါတယ်။

အခု ဘိုဘိုကျော်ငြိမ်းရဲ့ ကျနော်နဲ့ ပတ်သက်ပြီး ရေးသားထားချက်များဟာ အဲဒီအကျဉ်းထဲကမှ “ဖက်ဆစ်တော်လှန်ရေး” နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍထဲက အချက် (၃) ချက်ပဲ ဖြစ်ပါတယ်။ အကျဉ်းရဲ့ အကျဉ်းထဲကမှ တခန်းတဏ္ဍပါ အချက် (၃) ချက်ပဲ ဖြစ်ပါတယ်။ ကျနော် အကျဉ်းဆုံး အကျဉ်းရုံး ဖေါ်ပြထားချက်တွေထဲက အတိုချုပ်ပြီး ရေးထားတာဖြစ်ပေမဲ့၊ တချက်ချင်း ကျနော် ပြန်လည် ရှင်းလင်း သွားပါ့မယ်။

ပထမဆုံးအချက်၊ ဖက်ဆစ်တော်လှန်ရေးအတွက် တိုင်း(၆) မှာ ဗိုလ်ရဲထွတ်က စစ်တိုင်းမှူး၊ နိုင်ငံရေးမှူးက ဦးကျော်ငြိမ်း-လို့ သခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ် နှင့် တိုင်း(၁ဝ)တိုင်းမှာ ဖေါ်ပြထားပါလျက်နဲ့ ကျနော်က “ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန် တာဝန်ခံဖြစ်ပါတယ်” လို့ ဘာ့ကြောင့် ရေးသားဖေါ်ပြခဲ့တာလဲ။

ကျနော်က အမှန်ကိုပဲ ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းဟာ စာရင်းထဲသာ ပါခဲ့ပြီး၊ အမှန်က ဖက်ဆစ် တော်လှန်ရေးအတွင်း ဘယ်စစ်တိုင်းကိုမှ သွားရောက်ခဲ့ခြင်းမရှိလို့ပါ ပဲ။ ဘိုဘိုကျော်ငြိမ်းက သခင်တင်မြရဲ့ စာအုပ်ထဲကကို ကိုးကားပြခဲ့ပြီး၊ ကျနော်က သခင်တင်မြစာအုပ်ကို ကိုးကားခဲ့ခြင်း မရှိပါဘူး။ ဖက်ဆစ်တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ် ကျော်ဇောရဲ့ ရေးသား ဖေါ်ပြချက်တွေကို အဓိကထား ကိုးကားခဲ့ခြင်း ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောက …

“ဦးကျော်ငြိမ်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ဘယ်စစ်တိုင်း ဘယ်နေရာကိုမှ တာဝန်မယူခဲ့၊ ပထမတိုင်း (၄) နိုင်ငံရေးမှူး တာဝန်လျာထားရာကိုလဲ မသွား၊ နောက် တိုင်း (၆) နိုင်ငံရေးမှူး တာဝန်ကိုလဲ သွားမယူဘဲ၊ တနေရာ လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေပြီး၊ ရန်ကုန်မှ ဂျပန်တပ်များ ဆုတ်ခွါပြီးတော့မှ ရန်ကုန်တိုင်း ကိုဗဆွေထံ သွားပူးပေါင်းနေခဲ့သည်။” လို့ ဖေါ်ပြခဲ့တာ ရှိပါတယ်။

မှတ်ချက် (၂) ဆိုပြီး ဖေါ်ပြရာမှာ၊ တိုင်း (၆) တာဝန်ကျသော ဦးကျော်ငြိမ်းကို တိုင်း (၆) မပို့တော့ပဲ၊ ရန်ကုန်တွင် ကိုဗဆွေနှင့် တွဲဖက်တာဝန်ပေးသည်။ လို့လဲ ရေးသားထားတာ ရှိပါတယ်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ – စာမျက်နှာ ၈ဝ) ကို ကြည့်ရှု့နိုင်ပါတယ်။ အဲဒီလို အချက်အလက်တွေကြောင့် ကျနော်က “ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန်တာဝန်ခံ ဖြစ်ပါတယ်လို့ ရေးသားတာပါ။

ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ဖေါ်ပြထားချက်၊ မှတ်ချက် (၄) ဆိုတာမှာဆိုလျှင်- ၁၉၅၂ ခုနှစ် က အင်္ဂလန် လန်ဒန်မြို့မှာ လှည့်လည်လေ့လာရေးအဖွဲ့အဖြစ်နဲ့ အတူခရီးသွားရစဉ် ကျနော် (ဗိုလ်ကျော်ဇော) ဦးစီးတဲ့ တိုင်း (၄) ကို ဦးကျော်ငြိမ်း ပထမနိုင်ငံရေးမှူးတာဝန် ကျတာကို ဘာ့ကြောင့်မလာသလဲလို့ မေးကြည့်ရာမှာ ဦးကျော်ငြိမ်းက ခင်ဗျားကြီးကို ကြောက်လို့ မလာတာလို့ ခပ်ပြောင်ပြောင်ပဲ ဖြေခဲ့ဖူးတယ် ဆိုတာတောင် ရေးသားထား ပါတယ်။

“အဓိပ္ပါယ်မှာ ကျနော်တို့က ဂျပန်ကို ဖိတိုက်ရင် ဂျပန်က ကျနော်တို့ကို ပြန်တိုက်မည်။ ထိုဒဏ်ကို သူမခံနိုင်လို့ မလာသည့်သဘော ဖြစ်သည်။ ဦးကျော်ငြိမ်းမှာ အနာမခံလိုသော နိုင်ငံရေး အချောင်သမားကြီးဖြစ်သည်ကို သိနိုင်ပေသည်။” လို့တောင် ရှင်းရှင်း လင်းလင်း ဖေါ်ပြထားတာ ရှိပါတယ်။ အဲဒီ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ-စာမျက်နှာ-၈၁) ထဲမှာပဲ တဆက်တစပ်တည်း ဖတ်ရှု့ ကြည့်နိုင်ပါတယ်။ အမုန်းကိုသာ အဓိကထား ရေးရမယ်ဆိုရင်-အဲဒီလို အချက်အလက်တွေကိုပါ ကျနော် ရှာဖွေ ရေးထည့်လိုက်မှာ ဖြစ်ပါတယ်။ အခု ကျနော် အတိုချုပ်ပဲ ရေးပြခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအချက်၊ “စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများက ကွန်မြူနစ်ပါတီမှ ချည်းဖြစ်သည်” လို့ ရေးသားချက်၊ လိုရာဆွဲ ကောက်ချက်ချထားချက် ဆိုတာနဲ့ပတ်သက်ပြီးလဲ ကျနော် ရှင်းပြနိုင်ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။ ကျနော်ရေးခဲ့တဲ့ အတိုချုပ်ပြီး ရေးခဲ့တာအမှန်က အဲဒီစာမျက်နှာ (၃၅) မှာ …

“စစ်တိုင်းများရဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီက ချည်းဖြစ်ပြီး၊ စစ်ရေးခေါင်းဆောင်တွေဟာ ဗမာ့တပ်မတော်က ချည်းဖြစ်ပါတယ်။ တိုင်းအလိုက် နိုင်ငံရေး ခေါင်းဆောင် တွေဟာ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင် တင်ထွန်း၊ သခင်တင်မြ၊ ကိုစံညွန့် တို့ဖြစ်ကြပြီး စစ်ရေးခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊ ဗိုလ်ကျော်ဇော၊ ဗိုလ်တင် ထွန်း။ ဗိုလ်ရဲထွတ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညို တို့ဖြစ်ပြီး တိုင်း(၂) တိုင်း (၄) ဆက်သွယ်ရေးတာဝန်ခံက ဗိုလ်လက်ျာ ဖြစ်ပါတယ်လို့ ရေးခဲ့တာပါ။

အဲဒီတော့ …

အဲဒီနိုင်ငံရေးမှူးတွေကို ပြန်ကြည့်လိုက်ပါ။ အကုန်လုံးဟာ သခင်ချစ် ကလွဲပြီး အဲဒီတုန်းက ကွန်မြူနစ်ပါတီက ချည်းမဟုတ်လား။ ဘိုဘိုကျော်ငြိမ်းက ကပ်လုံး ထောက်လုံးအဖြစ် ထောက်ပြချင်တဲ့ သခင်ချစ် ကိုယ်တိုင်ပင်လျှင် ပြန်ကြည့်ပါ။ အဲဒီလို တာဝန်ခွဲကြတဲ့ မတ်လဆန်းကအထိပဲ “ပြည်သူ့အရေးတော်ပုံပါတီ” ဆိုင်းဘုတ်နဲ့ဖြစ်နေပြီး၊ မေလဆန်း ကွန်မြူနစ်ပါတီဌာနချုပ် ဗားကရာမှာ ဖွင့်လိုက်ပြီးတဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီဝင်အဖြစ် အတိအလင်းပြောင်းလဲ ဖေါ်ပြလိုက်တယ် မဟုတ်လား။ သေတဲ့အထိလဲ ကွန်မြူနစ် ကြီးအဖြစ် ပြတ်ပြတ်သားသားဖေါ်ပြသွားခဲ့ပြီး တပါတီလုံးရဲ့ အတွင်းရေးမှူးကြီးအဖြစ်နဲ့တောင် ရပ်တည်ဖေါ်ပြသွားခဲ့တယ် မဟုတ်လား။ ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ် ပါတီက ချည်းလို့ ဖေါ်ပြခဲ့မိတာဟာ ဘိုဘိုကျော်ငြိမ်းပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား။ နိုင်ငံရေးမှူးတွေထဲမှာ ဦးကျော်ငြိမ်းက ဘယ်မှမသွား၊ သခင်ချစ် ကလွဲလို့ ကျန်နိုင်ငံရေးမှူးတွေ အားလုံးဟာ ကွန်မြူနစ်တွေ ချည်းဖြစ်နေတော့ (သခင်ချစ် တောင် မကြာမတင်အတွင်း ကွန်မြူနစ်အဖြစ် တိတိလင်းလင်း ခံယူလိုက်တော့)၊ ဒါ အတော်ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးဆိုတာ ဖြစ်နိုင်ပါ့မလား။

တတိယအချက်၊ ဖတပလ ဗဟိုဦးစီးအဖွဲ့ (၉) ဦးမှာ သခင်တင်မြ အစား သခင်ဗဟိန်း ကို ကွန်မြူနစ် ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်တယ်ဆိုတဲ့ အချက်၊ ဝင်းတင့်ထွန်းဟာ သခင်တင်မြ ကို ကြည့်မရ၍ သော်၎င်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့် သော်၎င်း၊ သခင်တင်မြ အစား သခင်ဗဟိန်း ကို အစားထိုး ပြောင်းပစ်ခဲ့တယ် ဆိုတဲ့ကိစ္စ အပေါ်မှာလဲ ကျနော် ရှင်းလင်းပြနိုင်ပါတယ်။ ဘိုဘိုကျော်ငြိမ်းက သူ့အတ္တနော်မတိနဲ့ ကိုက်ညီနေတဲ့ သခင်တင်မြရဲ့ “တိုင်းကြီး (၁ဝ) တိုင်း” ကိုပဲ ကိုင်ပြီး တဖက်သတ် ပြောဆိုနေတာ ဖြစ်တယ်။

ဟုတ်ပါတယ် … ကျနော် သခင်ဗဟိန်းကို ကြည်ညို တယ်ဆိုတာ၊ သခင်တင်မြ ကို ကြည့် မရဘူး မကြိုက်ဘူးဆိုတာ အမှန်ပါပဲ။ ဦးကျော်ငြိမ်းကိုလဲ ကျနော် မကြိုက်တာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီလိုကြောင့် အဲဒီအချက်တွေကို ကိုင်စွဲပြီး ရေးခဲ့တာမဟုတ်ဘူး။ သခင်တင်မြ စာအုပ်ကိုလဲ ကျနော် မကိုးကားခဲ့ပါဘူး။ ကျနော့်ရဲ့ ရေးသားချက်အတွက် ကျနော်ကိုးကားခဲ့တဲ့ “ကျမ်းကိုးစာရင်း”ကိုလဲ စာအုပ်ထဲမှာ ထည့်သွင်း ဖေါ်ပြထားရာမှာ၊ သခင်တင်မြရဲ့ အဲဒီတိုင်းကြီး (၁ဝ) တိုင်း မပါ ပါဘူး။ အဲဒီ အချက်နဲ့ပတ်သက်ပြီး ကျနော်ကိုးကား ခဲ့တာက သခင်ကြီးတွေစုစုပေါင်း ရာဂဏန်းလောက်ပါဝင်ပြီး အဆင့်ဆင့်သော ကော်မီ တီတွေဖွဲ့ပြီး အထပ်ထပ်ရေးသားခဲ့ကြတဲ့ “တို့ဗမာအစည်းအရုံး သမိုင်းပြုစုရေးအဖွဲ့” က ပြုစုထုတ်ဝေခဲ့တဲ့ “တို့ဗမာအစည်းအရုံး သမိုင်း” ပါ အချက်အလက်အရ ရေးခဲ့တာပါ။

အဲဒီ တို့ဗမာအစည်းအရုံးသမိုင်းကြီးဟာ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲရှိပါတယ်။ ၁၉၇၆ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက ဦးကျော်ငြိမ်းလဲ မသေသေးဘူးလို့ ထင်ပါတယ်။ ဦးသိန်းဖေမြင့်လဲ ရှိနေသေးရုံမက အဲဒီသမိုင်း ပြုစုရေးအဖွဲ့ထဲက တနေရာမှာ ပါဝင်နေပါတယ်။ အခု လက်ရှိ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့က သခင်သိန်းဖေ၊ သခင်သိန်းမောင်ကြီး တို့သာမက ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သခင်ကြီးတွေလဲ တော်တော်ပါ ပါတယ်။ အဲဒီ “ဒို့ဗမာအစည်းအရုံးသမိုင်း” ဒုတိယတွဲ စာမျက်နှာ (၅၈ဝ) မှာ “မြေအောက် ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစုကြီး ဖွဲ့စည်းခြင်း” ဆိုတဲ့ အခန်းမှာ ဟောဒီလို ရေးထားပါတယ်။ …

“ပထမဆုံး လျှို့ဝှက်တပ်ပေါင်းစုအဖွဲ့ချုပ်ကြီးတွင် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့ အရေးတော်ပုံ ပါတီတို့မှ ကိုယ်စားလှယ်သုံးဦးစီ ပါဝင်ကြသည်။ ပထမဆုံး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် ခေါင်းဆောင်များမှာ -

၁။ ဗိုလ်ချုပ်အောင်ဆန်း၊ ၂။ ဗိုလ်လက်ျာ၊ ၃။ ဗိုလ်နေဝင်း၊ ၄။ သခင်စိုး၊ ၅။ သခင်ဗဟိန်း၊ ၆။ သခင်သန်းထွန်း၊ ၇။ ကိုကျော်ငြိမ်း၊ ၈။ ကိုဗဆွေ၊ ၉။ သခင်ချစ်- တို့ဖြစ်ကြသည်။” တဲ့။

အဲဒီတုန်းက သခင်တင်မြ တို့လဲ မဆလ မှာလား ဘယ်မှာလဲ မသိ၊ နေရာကောင်းကောင်း ရပြီး အပြင်မှာ ရှိနေသေးတဲ့ အချိန်လို့ ပြောရမှာပါ။ ၁၉၇၆ ခုနှစ် ပထမအကြိမ် သောင်းနဲ့ ချီ ထုတ်ဝေထွက်ပေါ်လာခဲ့ရာမှာ အချက်အလက်မှားနေတယ်လို့လဲ ပြောသံထွက်လာတာ မကြားခဲ့ရဖူး ပါဘူး။ ဒါကြောင့် သခင်တင်မြ တယောက်တည်း ရေးတာထက်၊ သခင်တွေ ရာနဲ့ ချီရေးထားတဲ့ အဲဒီစာအုပ်ပါ အချက်အလက်ကို ကျနော် ကိုးကားရေးသားခဲ့တာ ဖြစ်သလို၊ အဲဒီအချက်နဲ့ပတ်သက်ပြီး နောက်ထပ်ကိုးကား မိခဲ့တဲ့ အထောက်အထား စာအုပ် တအုပ်လဲ ရှိပါသေးတယ်။

တက္ကသိုလ်များ သမိုင်းသုတေသနဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမြဟန် ရဲ့ “ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓါန်” စာအုပ်ပါ။ ၁၉၈၁ က ပထမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပြီး၊ ၁၉၉၉ မှာ တတိယအကြိမ် ထပ်ထုတ်ပါတယ်။ ဒေါက်တာသန်းထွန်း တို့အမှာ ရေးသား ထားကြတဲ့ စာအုပ်ပါ။ အဲဒီ “မြဟန်” ရဲ့ “ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓါန်” ထဲမှာလဲ စာမျက်နှာ(၁ဝ၄) မှာ၊ “ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင်များ” ဆိုတဲ့ ခေါင်းစည်းနဲ့ သီးသန့် ဖေါ်ပြထားရာမှာ ဟောဒီလို ရေးသားထားပါတယ်။

ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင် (၉) ဦး

၁။ သခင်စိုး၊ ၂။ ဗိုလ်ချုပ်အောင်ဆန်း၊ ၃။ သခင်သန်းထွန်း၊ ၄။ ကိုဗဟိန်း၊ ၅။ဗိုလ်လက်ျာ၊ ၆။ ဗိုလ်နေဝင်း၊ ၇။ သခင်ချစ်၊ ၈။ ကိုဗဆွေ၊၉။ ကိုကျော်ငြိမ်း - ဆိုပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် အဲဒီစာအုပ် နှစ်အုပ်ပါ အချက်အလက်ကို အထောက်အထားပြုပြီး၊ ကျနော့်ရဲ့ “အမှောင်ကြားက ဗမာပြည်” စာအုပ်မှာ အဲဒီအချက်အလက်ကို ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်း ထင်သလို သခင်တင်မြကို ကြည့်မရလို့ မလိုတမာ ပြောင်းလဲ ရေးသားခဲ့ခြင်း မဟုတ်ပါ။ အဲဒီစာအုပ် (၂) အုပ်ကိုလဲ ဘိုဘိုကျော်ငြိမ်း ရှာဖွေ တိုက်ဆိုင် ဖတ်ရှု့ကြည့်ဖို့ လိုပါလိမ့်မယ်။

သမိုင်းကို ရေးကြတဲ့အခါမှာ၊ သမိုင်းမှာ ဖြစ်ခဲ့ ပျက်ခဲ့တဲ့ အရာကိစ္စတွေဟာ များသောအားဖြင့် ကျနော်တို့ မမီ မတွေ့လိုက်ရဖူးတဲ့ ကိစ္စတွေက အများစုကြီးဖြစ်တဲ့အတွက်၊ အကိုးအကားပြု ရေးသားကြတဲ့အခါမှာ ကွဲလွဲမှုတွေ ဖြစ်တတ်ပါတယ်။ ကျနော့်စာအုပ်မှာ ကျနော် မှီငြမ်းကိုးကားခဲ့တဲ့ “ကျမ်းကိုး” စာရင်းကိုလဲ ဖေါ်ပြထားပြီး ဖြစ်ပါတယ်။ အမှာစာမှာလဲ “ချွတ်ယွင်းမှု၊ တိမ်းစောင်းမှု၊ လစ်ဟာလိုအပ်မှုများအပေါ် ဝေဖန် အကြံပေးကြမှုမှန်သမျှ လေးစားစွာကြိုဆိုရင်း၊ နောင် ပိုမိုပြည့်စုံအောင် ကြိုးပမ်းဖြည့်ဆည်းသွားပါ့မယ်၊” လို့ ရိုး ရိုးသားသား ပန်ကြားထားခဲ့ပြီး ဖြစ်ပါတယ်။

သမိုင်းဆိုတာ ညာလို့မရ သလို၊ ညှာလို့လဲ မရပါဘူး။

ဒီအချိန်မှာ အဓိကပစ်ကွင်း မှေးမှိန်သွားစေနိုင်မယ့် အငြင်းအခုန်မျိုးတွေ မလုပ်ချင်ပါ။

ဒါလောက်ဆိုရင် လုံလောက်ပြီလို့ ထင်ပါတယ်။

(ဝင်းတင့်ထွန်း)

၁၂- ၁၂- ၂ဝ၁ဝ

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...