Friday, February 12, 2010

ပြည်ထောင်စု ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း




source by : http://www.minthukha002.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, February 11, 2010

“ဗိုလ်ချုပ်ပြောတဲ့ ညီညွတ်ရေး”

“ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဖို့လိုတယ်။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့ အကြောင်းကို သရုပ်ဖော်ပြ ထားတယ်။ တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ ကျနော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ။ ရည်ရွယ်ချက်ဆိုတာ ရှိရမယ်။ ညီညွတ်ရေးဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ။ ရာထူးယူဖို့ ညီညွတ်ရမှာလား။ ဒါမှမဟုတ်ရင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား။ ဘာအတွက် ညီညွတ်ရမှာလဲ။

အဲဒီတော့ကာ ကျနော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူတမျိုးလုံးရဲ့ လွတ်လပ်ရေး။ လူတမျိုးလုံးရဲ့အကျိုး။ အဲဒီလိုတူညီတဲ့ ရည်ရွယ်ချက်။ တူညီတဲ့အကျိုး။ တူညီတဲ့အလုပ်။ ဒါတွေကို ရအောင် အဲဒီလို တူညီတဲ့အကျိုး။ တိုင်းသူပြည်သားတွေရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ပါးစပ်က ပြောရုံနဲ့မပြီးဘူး။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်။ အကျိုးမှာလည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်”

၁၉၄၆ ခုနှစ် ဖဆပလ ပြည်လုံးကျွတ် ညီလာခံ၌ ညီညွတ်ရေးအဆို တင်သွင်းရာတွင် ပြောကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ကောက်နုတ်ချက်


source by : http://www.khitpyaingnews.org

အပြည့်အစုံ ဖတ်ရန် ...

ကေအန်ယူ တပ်မဟာ (၃) ဒေသမှ ကျေးရွာများကို နအဖတပ်များ မီးရှို့ဖျက်ဆီး

ရဲရင့်/ ၁၁ ဖေဖော်ဝါရီ ၂ဝ၁ဝ

မြန်မာစစ်တပ်မှ နယ်မြေစိုးမိုးရေးအတွက် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများမှ အိမ်ခြေ (၇၀) ကျော်ကို မီးရှို့ဖျက်ဆီးလိုက်သည့်အတွက် ရွာသားများ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအန်ယူက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက “တပ်မဟာ (၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ထဲမှာ ဒီလ (၇) ရက်နဲ့ (၉) ရက်က အဲဒီမှာ တာဝန်ကျတဲ့ နအဖတပ်တွေ ဟီဒိုထာရွာက အိမ် (၄၆) လုံးနဲ့ ကတီးမူးရွာက အိမ် (၂၈) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါဖြစ်ရပ်အပြင် ယခုလ (၂) ရက်နေ့က ဖာပွန်ခရိုင် ဗူးသော်မြို့နယ်ရှိ မြန်မာစစ်တပ် စခန်းထိုင်ရာ ကျောက်ညှပ်စခန်းတွင် သံလွင်မြစ်ကြောအတိုင်း သွားလာနေသည့် လှေများကိုလည်း ခြိမ်းခြောက် ရပ်တန့်ခိုင်း၍ ဓားပြဆန်ဆန် ငွေများသိမ်းယူခဲ့ပြီး ရပ်တန့်မပေးသည့် လှေများကို သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ လှေမောင်းသူတဦး ဒဏ်ရာရရှိခဲ့ပြီး ရွာသားတဦးဖြစ်သည့် စောလော်လေထူး သေဆုံးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ရွာများ မီးရှို့ခံရသဖြင့် စာသင်ကျောင်း (၂) ကျောင်းနှင့် ဆေးခန်း (၁) ခု မီးထဲပါသွားပြီး ကလေးငယ်များ အပါအ၀င် ရွာသား (၅၀၀) ကျော်သည် တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှ ကျောင်းဆရာတဦးက ပြောသည်။

၎င်းက “နအဖတပ်တွေ ကျောက်ကြီးမြို့နယ်ထဲမှာ ဒီနှစ်ဆန်းထဲကနေ စပြီး နယ်မြေစိုးမိုးရေး ထိုးစစ်တွေ လုပ်နေတုန်းပဲ။ တပ်စခန်းဆောက်တာတွေ၊ လမ်းပြင်တာတွေ၊ ကြက်ဆူပင် စိုက်တာတွေ ရွာသားတွေကို အတင်းအကျပ်ခိုင်းတယ်။ နွားလှည်းရှိတဲ့ အိမ်ဆိုရင် သူတို့ ကတုတ်ကျင်းဘန်ကာတွေမှာ သဲအိပ်ထားဖို့အတွက် ချောင်းထဲမှာ သဲသွားသယ်ပေးရတယ်” ဟု ပြောသည်။

ယခင်လ (၁၇) နှင့် (၁၉) ရက်နေ့တို့တွင် ကျောက်ကြီးမြို့နယ်အခြေစိုက် မြန်မာစစ်တပ် ခမရ (၃၆၇) တပ်ရင်းက ခဲဒဲကျေးရွာ အုပ်စုအတွင်း လှည့်လည်လှုပ်ရှားနေစဉ် ၎င်းတို့အား အတွေ့မခံဘဲ ပုန်းအောင်းနေရာမှ ပစ္စည်းပြန်လာယူသည့် ခဲဒဲရွာသား စောမြကော်ထူးနှင့် တူဝေါ်စိုးရွာသား စောအဲ့ထူးတို့ကို ရွာထဲတွင် အကြောင်းမဲ့ ပစ်သတ်သည်ဟုလည်း ဒေသတွင်းအခြေစိုက် (Free Burma Ranger –FBR) အဖွဲ့ဝင်တဦးက ပြောသည်။

ယခုနှစ်ဆန်းမှစ၍ ညောင်လေးပင် ခရိုင်အတွင်း စစ်ကွပ်ကဲရေးဌာနချုပ် (၁၀) လက်အောက်ခံ တပ်ရင်းများ ဖြစ်သော ခမရ (၃၆၇) က ကျောက်ကြီးမြို့နယ်နှင့် ခမရ (၃၆၅)၊ (၃၆၉)၊ (၃၇၀) တပ်ရင်းတို့က မုံးမြို့နယ် တွင်လည်းကောင်း စစ်ရေးလှုပ်ရှားပြုများ ပြုလုပ်နေသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ(၃) မှ တပ်မှူးတဦးက ပြောသည်။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, February 10, 2010

အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NEJ/ ၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံတွင် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါဝင်ယှဉ်ပြိုင်ရန်၊ မယှဉ်ပြိုင်ရန် ဆိုသည်ကို ဆုံးဖြတ်ရန် အချိန်စောလွန်းသေးကြောင်း နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ထုတ်ဖော် ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။


၎င်းက “ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးဆိုတာ ဒီအချိန်မှာ ဆုံးဖြတ်လို့ မရသေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေဟာ အများကြီး သိဖို့လိုသေးတယ်။ ဒါတွေ သိပြီးမှသာ စဉ်းစားဆုံးဖြတ် နိုင်မယ်လို့ ပြောပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်လ်ဒီ အနေဖြင့် ရွေးကောက်ပွဲဝင် မ၀င် ဆိုသည်ကို မဆုံးဖြတ် သေးကြောင်း ပြောကြားချက်သည် မှန်ကန်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

၎င်းက “ရှင်းနေတာပဲဗျာ။ ရွေးကောက်ပွဲကိစ္စဆိုတာ အစိုးရက စပြောရမယ့် တာဝန်၊ ကျနော်တို့က ဘာမှပြောစရာမလိုဘူး။ ခပ်ရိုင်းရိုင်း ပြောလိုက်မယ်ဗျာ။ ကျနော်တို့က အမြီးနှံ့နေစရာ အချိန်မဟုတ်ဘူးဗျ။ သွားရည်ယိုနေစရာ အချိန်လည်းမဟုတ်ဘူး။ စောသေးတယ်။ ဒေါ်စု ပြောတာမှန်တယ်။ အစိုးရက သူတို့ ပြောရမယ့် တာဝန်ဗျာ။ ၂၀၁၀ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ သူတို့ ပြောထားတယ်။ ပြောထားတဲ့ကြားထဲက အခုထိ စကားတခွန်းမှ မဟဘဲနဲ့နေရင် ကျနော်တို့ဘက်က ရွေးကောက်ပွဲကို ပြောဖို့ စောသေးတယ်ဆိုတဲ့ ဒေါ်စုရဲ့စကားဟာ မှန်တယ်လို့ထင်ပါတယ်” ဟု ပြောသည်။

“နောက်တချက်က ဒေါ်စုက ဒီလိုပြောတာဟာ တိုင်းသူပြည်သားတွေကိုလည်း ပြောတာလို့ ထင်တယ်။ နောက်တခုက ကျနော်တို့ အန်အယ်လ်ဒီတွေ ဒါမှမဟုတ် တခြားသော နိုင်ငံရေးအဖွဲ့အစည်းများကို ပြောတယ်လို့ ထင်တယ်။ ဒီလိုပြောမှသာလျှင် ပါတီအဖွဲ့အစည်းများအကြား ပြည်သူများအကြားမှာ ရှုပ်ထွေးတဲ့ အမြင်တွေ၊ ဆန္ဒစောတဲ့ အမြင်တွေ၊ နောက် မစားရ ၀ခမန်း ဘယ်အချိန်မှ စားရမယ်မှန်း မသိဘဲနဲ့ လျှောက်ပြောနေသူတွေရဲ့ အဆိုအပြောတွေကို နားမယောင်ဖို့ အခြေအနေတွေကို ပေါ်စေမယ်လို့ ကျနော်ထင်တယ်ဗျ” ဟု ဦးဝင်းတင်က ဆက်လက်ပြောဆိုသည်။

စစ်အစိုးရက ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု တရားဝင် ထုတ်ဖော် ပြောဆိုထားသော်လည်း ယခုအချိန်အထိ ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျကို ကြေညာခြင်း မရှိသည့်အပြင် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေများကို ထုတ်ပြန်ခြင်းမရှိသေးပေ။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကမူ စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် သက်ဆိုင်သူများအားလုံး ပါဝင်ပြီး တရားမျှတ လွတ်လပ်သည့် ရွေးကောက်အဖြစ် အသိအမှတ်ပြုခံရရေးနှင့် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရေး တို့ကို တောင်းဆိုထားသည်။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

ကိုညီညီအောင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ

Wednesday, 10 February 2010 14:10 ကိုထွေး

စစ်အစိုးရက မင်္ဂလာဒုံ လေဆိပ်တွင် ဖမ်းဆီးခဲ့သည့် အမေရိကန် နိုင်ငံသား ခံယူထားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်ကို အင်းစိန် ထောင်တွင်း တရားရုံး၌ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက် ကြောင်း အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ကိုညီညီအောင်

ကိုညီညီညီအောင်ကို နိုင်ငံသား စိစစ်ရေး ကတ်ပြားအတု ကိုင်ဆောင်မှု ပုဒ်မ (၄၆၈)၊ နိုင်ငံခြားငွေ တရားမဝင် လက်ဝယ် ထားရှိသည့် ပုဒ်မ (၂၄/၁)၊ မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆ (၃) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “ပုဒ်မ (၄၆၈) အတွက် ၃ နှစ် ချပါတယ်၊ ပုဒ်မ(၂၄/၁) က ၁ နှစ်၊ နောက် ပုဒ်မ၊ အားလုံးပေါင်း ၅ နှစ်ပါ၊ ဒါပေမယ့် ဒါတွေကို တပေါင်းတည်း ကျခံဖို့ အမိန့်မှာပါတဲ့ အတွက် ၃ နှစ်ကျခံ ရမှာပါ၊ တွေ့ရှိတဲ့ သုံးသပ်ချက်ပေါ်မှာ ကျနော်တို့ အယူခံ တက်ဦးမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပုဒ်မ(၄၆၈)အတွက် ၇ နှစ်၊ ပုဒ်မ (၂၄/၁)အတွက် ၃ နှစ်နှင့် ပုဒ်မ ၆(၃)က အတွက် ၂ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုညီညီအောင်၏ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက“ချုပ်ရက် ၅လ နုတ်လိုက်ရင်တော့ ၂ နှစ်နဲ့ ၇ လ ကျန်တာပေါ့၊ အန်တီတို့က ဘာမှလုပ်လို့ မရဘူး၊ ဒါကြောင့်လည်း အယူခံတင်မှာပါ၊ နောက်အပတ်ဆို စလုပ်တော့မယ် အယူခံတင်ဖို့ပေါ့၊ ဒီနေ့လည်း တွေ့ခွင့်မရဘူး၊ သူ့ကို ပါဆယ်ယူဖို့ ရှေ့နေတွေက တဆင့်ပြောခိုင်းထားတယ်၊ အခု ပါဆယ်သွားပေးမလို့”ဟု ပြောသည်။

ကိုညီညီအောင်အပေါ် ချမှတ်သော ပြစ်ဒဏ်သည် မှားယွင်းစွာစွပ်စွဲ၍ ချမှတ်ခြင်း ဖြစ်ပြီး အမေရိကန် မြန်မာ ဆက်ဆံရေး၏ ပထမဦးစားပေး အဖြစ် ကိုညီညီအောင် လွတ်မြောက်ရေးကို ဆောင်ရွက်ပေးရန် အမေရိကန် သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ကို အမေရိကန်အခြေစိုက် Freedom Now အဖွဲ့က ကြေညာချက်ထုတ်ပြန်၍ ယနေ့ တောင်းဆို လိုက်သည်။

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်တွင် နေထိုင်သည့် ကိုညီညီအောင်နှင့်စေ့စပ်ထားသူ မ၀ါဝါကျော်က“ဒါဟာ မှားယွင်းတဲ့ စွပ်စွဲချက်ဆိုတာ မြန်မာတွေအားလုံး သိပါတယ်၊ မြန်မာအစိုးရက အမေရိကန် နိုင်ငံသားကို မတရားထောင်ဒဏ် ချမှတ်ထား တာကို အမေရိကန်အစိုးရ အနေနဲ့ လက်မခံဖို့ဘဲ ကျမအနေနဲ့ မျှော်လင့်ရပါတော့မယ်”ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်း နယ်စပ် သို့ရှောင်တိမ်းလာခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)တွင် ခေတ္တ ပါဝင်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် ကိုညီညီအောင်သည် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းသည်။ သူ အဖမ်းခံရပြီး ၃ ပတ်အကြာ ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ ထိုပေါက်ကွဲမှုများအတွက် တာဝန်ရှိသည်ဟုလည်း အစိုးရ သတင်းစာထဲတွင် စွပ်စွဲထားသည်။

ကိုညီညီအောင်သည် ၂၀၀၅ မှ ၂၀၀၉ အတွင်း လူမှုရေးဗီဇာ(Social Visa) ဖြင့် မြန်မာနိုင်ငံသို့ (၈) ကြိမ် ပြန်ခဲ့ကြောင်းလည်း သတင်းစာတွင် ရေးထားသည်။

ကိုညီညီအောင်၏ မိခင်အပါအဝင် မိသားစုဝင် ၅ ဦးသည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၉၅ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ သိရသည်။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, February 9, 2010

လှိုင်သာယာက အလုပ်သမားတွေရဲ့ဆန္ဒပြပွဲ သတင်းဓာတ်ပုံမှတ်တမ်း လက်တလော သတင်း အခြေအနေ










လှိုင်သာယာ စက်မှုဇုံ ( ၃ ) တွင်ရှိသော တိုင်ရီ ဖိနပ်စက်ရုံနှင့် မြဖက်ရှင် အထည်ချုပ်စက်ရုံများမှ အလုပ်သမားများ မှာ လူနေမှု့စားရိတ်ကြီးမြင့်လာသည် တစ်ကြောင်း ရရှိသည့်လစာမှာလဲ အလွန်နည်းပါးသည်တို့ကြောင့် ၎င်းတို့ ၏ လိုအပ်ချက်များကို စုပေါင်းတောင်းဆိုသည့်အနေဖြင့် (8.2.2010) နေ့ နံနက် 7 နာရီစတင်၍အလုပ်သမားအင်အား 2000 ကျော်မှတောင်းဆို ဆန္ဒပြကြရာ အာဏာပိုင်များမှာနေ ၍ (၅ ) ဦးထက်ပိုမိုစုရုံးပါက ထုတ်ပြန်ထားသော ဥပဒေများ နှင့် ဆန့်ကျင် နေသည့် အတွက် အမြန်ဆုံးလူစုခွဲ ကြရန်ငြိမ်းချမ်းစွာအခွင့်အရေးတောင်းဆိုနေသည့် အလုပ်သမားများအား ခြိမ်းခြောက်ပြောဆိုခဲ့ သည်။

ထို့အပြင် လုံထိန်းကားများ ၊ မီးသတ်ကားများ ဖြင့် ၀ိုင်းရံ ပိတ်ဆို့ထားပြီး အလုပ်သမားထုအား အင်အားသုံးဖြိုခွဲရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။ နောက်ဆုံးရရှိသည့်သတင်းအရ ယနေ့ နေ့လည်တွင် ရဲချုပ်ခင်ရီ ကိုယ်တိုင်ထပ်မံရောက်ရှိလာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေ ကြသော စက်ရုံးအလုပ်သမားများကို ထပ်မံခြိမ်းခြောက်လျှက်ရှိသည်ဟုသိရပါသည်။
ထပ်မံရရှိမည့် သတင်းများအား ဆက်လက် တင်ရှိပေးသွားမည် ဖြစ်ပါကြောင်း http://freeforcountry.blogspot.com/2010/02/blog-post.html ခွပ်ဒေါင်းသွေး ဘလော့ဂ် တွင်ဖော်ပြထားပါသည်။

ဆန္ဒပြနေသည့်နေရာ ----

လှိုင်သာယာ စက်မှုဇုံ ၃၊ ၃/၃၆ မင်းကြီးမဟာမင်းခေါင်လမ်း မြဖက်ရှင် အထည်ချုပ်စက်ရုံ (ထိုင်းလူမျိုးပိုင်ရှင်က)

အလုပ်သမားအင်အား ----

အင်အား ၂၀၀၀ ကျော်

တောင်းဆိုချက်တွေက ----

၁။ လစာ တသောင်း ထပ်တိုးပေးဖို့
၂။ အလုပ်ချိန် လျော့ချပေးဖို့ (လက်ရှိအလုပ်ချိန်က နံက် ၇ နာရီခွဲကနေ ည ၁၁ နာရီခွဲအထိ)
၃။ အလုပ်သမားမားစားသောက်နေထိုင်တဲ့နေရာတွေ သန့်ရှင်းစေဖို့

အလုပ်ရှင်ရဲ့တုံ့ပြန်မှု ---

အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုတင်ပြချက်ကို လက်မခံပဲ အာဏာပိုင်တွေကို တိုင်ကြားလိုက်တယ်။

နအဖ တုန့်ပြန်မှု --

အကြမ်းဖက်ဖြိုခွင်းမည့်ပုံမျိုးရှိနေ။ လုံထိမ်း ၁၀၀၀ လောက် နဲ့ဝိုင်းထားတယ်။
အချုပ်ကား ရဲကား မီးသတ်ကားတွေနဲ့ ပိတ်ဆို့ထားတယ်။
န၀ဒေး လမ်းဆုံဘက်မှာလည်း ပိတ်ဆို့ထားတယ်။
ဆန္ဒပြအလုပ်သမားတွေ အပြင်မထွက်နိုင်အောင်၊ အပြင်က ပြည်သူလူထုတွေ လာရောက် မပူးပေါင်းနိုင်အောင် ဖြတ်တောက် ပိတ်ဆို့မှုတွေ လုပ်နေတယ်။
သတင်းဆက်သွယ်မှုတွေ နှေးကွေးအောင် ဖြတ်တောက်မှုတွေ လုပ်နေတယ်။
အင်တာနက်အမြန်နှုံးတွေ လျော့ချထားတယ်။

ဘေးပတ်ဝန်းကျင်အခြေအနေ --

အနီးအနားက အခြားစက်ရုံများမှာရှိတဲ့ အလုပ်သမားတွေ ဆန္ဒပြပွဲကို ပူးပေါင်းလာကြပြီ။ yes အထည်ချုပ်စက်ရုံ၊ သကြားလုံးနှင့် အခြားလူသုံးကုန်များ စက်ရုံ၊ “အိုဘယ်” အထည်ချုပ်စက်ရုံ၊ စက်ကရိယာပစ္စည်းစက်ရုံ၊ လူသုံးကုန်စက်ရုံ။ သုံးထပ်သားထုတ်လုပ်ရေးစက်ရုံ အစရှိတဲ့ စက်ရုံများက အလုပ်သမားများ။

- ညှိနှိုင်းချက်များအဆင်ပြေနေသည်ဟုသိရ ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ။

လုံခြုံရေးအခြေအနေ
- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး

မူရင်း

အပြည့်အစုံ ဖတ်ရန် ...

အလုပ်သမား သပိတ်တိုက်ပွဲများ ပူးပေါင်းဆင်နွှဲကြ


အပြည့်အစုံ ဖတ်ရန် ...

လှိုင်သာယာ အလုပ်သမားများ ဆက်လက်ဆန္ဒပြ၊ လုံခြုံရေး တင်းကျပ်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၅၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ လှိုင်သာယာ စက်မှုဇုန် ၃ ရှိ အလုပ်သမား ၂၀၀၀ ခန့်က လုပ်ခ တိုးမြှင့်ပေးရန် အတွက် ဒုတိယမြောက်နေ့အဖြစ် ယနေ့ ဆက်လက်ဆန္ဒပြရာ အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ရောက်ရှိ လာကြောင်း သိရသည်။

အနည်းဆုံး စက်ရုံ ၃ ရုံမှ အလုပ်သမားများက ယနေ့ နေ့လည်ပိုင်းမှစတင်၍ ဆန္ဒပြခြင်းဖြစ်ပြီး၊ အခင်းဖြစ်ရာသို့ မီးသတ်ကားများ၊ အချုပ်ကားများနှင့် လုံထိန်းရဲ စုစုပေါင်း ရာနှင့်ချီ၍ ရောက်ရှိနေခြင်း ဖြစ်သည်။


''ဒီနေ့မနက်က ဆန္ဒပြတာပါ။ ဗိုလ်ချုပ်ခင်ရီ ရောက်နေတယ်။ ရဲအင်အားကတော့ အများကြီးပဲ သွားကြတယ်။ ခန့်မှန်းလို့ကတော့ မရဘူး။ တပ်ရင်းတွေကရော၊ တိုင်းကရော လာတယ်။ စက်ရုံက မနက်က ၃ ရုံ ဆန္ဒပြတာ။ OPAL 2 (အထည်ချုပ်)၊ ကျားလေး (ဖိနပ်စက်ရုံ)၊ တိုင်ရီ (ဖိနပ်စက်ရုံ) မှာ ဖြစ်တာ” ဟု လှိုင်သာယာ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

လှိုင်သာယာရှိ ကျောင်းဆရာမ တဦးကလည်း “လှိုင်သာယာ စက်မှုဇုန် အမှတ် (၃) လမ်းတွေကို တင်းကျပ်စွာ ပိတ်ဆို့ထားတယ်။ ရဲကား ၃ဝ လောက် ကားလမ်းတွေမှာ တန်းစီနေတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲရှိရာသို့ ရဲချုပ် ဗိုလ်ချုပ်ခင်ရီကိုယ်တိုင် ရောက်ရှိလာကြောင်း ဒေသခံများအကြား ပြောဆိုမှုများလည်း ရှိနေသည်။


ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ ရဲအရာရှိက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

အလုပ်သမားများက လစာကို ကျပ်တသောင်း ထပ်ဆောင်းပေးရန်၊ လက်ရှိ လုပ်နေရသည့် နံနက် ၇ နာရီမှ ည ၁၁ နာရီ သတ်မှတ်ထားသည့် အလုပ်ချိန်ကို လျှော့ပေးရန်နှင့် အလုပ်သမားများ စားသောက် နေထိုင်သည့် နေရာများ သန့်ရှင်းရန်တို့ကို တောင်းဆိုနေခြင်း ဖြစ်သည်။

ယမန်နေ့ နေ့လည်ပိုင်းတွင် စက်မှုဇုန် ၃၊ အမှတ် ၃/၃၆ ရှိ ကိုရီးယားနိုင်ငံသားပိုင် (OPAL 2) မြဖက်ရှင် အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၄ဝဝ ခန့်သည် လုပ်ခလစာ တိုးမြှင့်ပေးရန် စတင်ဆန္ဒပြခဲ့သည်။

အလုပ်သမားများနှင့် စက်ရုံ တာဝန်ရှိသူများအကြား ယခုတိုင် ညှိနှိုင်းမရသေးသလို၊ အဖမ်းအဆီးများလည်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။


လှိုင်သာယာ စက်မှုဇုန်များတွင် ပြီးခဲ့သည့်လအတွင်း အလုပ်သမားများက လုပ်ခလစာနှင့် ခံစားခွင့်ဆိုင်ရာ ဆန္ဒပြပွဲ ၂ ရပ် ဖြစ်ပွားခဲ့သေးသည်။

စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်းစက်ရုံ အလုပ်သမား ၁ဝဝ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်းကောင်း၊ စက်မှုဇုန် ၃ ရှိ Weng Hong Hung အထည်ချုပ်စက်ရုံ အလုပ်သများက ၁၇ ရက်နေ့တွင်လည်းကောင်း ဆန္ဒပြခဲ့သည်။

လှိုင်သာယာ စက်မှုဇုန်တွင် လုပ်သား အင်အား ၅၀၀၀၀ (ငါးသောင်း) မှ ၇၀၀၀၀ အတွင်းရှိပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး စက်မှုဇုန်ဖြစ်ကာ အအေးခန်းစက်ရုံများ၊ အထည်ချုပ်၊ စားသောက်ကုန်၊ သစ်အချောထည်၊ ဓာတုဗေဒ၊ အိမ်သုံးကုန်ပစ္စည်း စသည့် စက်ရုံပေါင်း ၈ဝဝ ကျော် ရှိနေသည်။

၎င်းတို့အနက် စက်ရုံ ၄၀၀ ကျော်သာ လည်ပတ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အဆိုအရ သိရသည်။


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

Monday, February 8, 2010

ကျွမ်းကျင်ရာ - အပိုင်း (၂)

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း


အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။


အချို့က မြန်မာ စစ်ဗိုလ်ချုပ်များ နေ့စဉ်နှင့်အမျှ ပြည်သူတွေနဲ့ ဆိုင်တဲ့ အလုပ်တွေ လုပ်ပေးနေသည်ကို အကောင်းမမြင် အဆိုးမြင်သမားဟု ကျွန်တော့်အား စွပ်စွဲကြည့်လျှင် ပြန်လည်ဖြေရှင်းလိုပါသည်။ ကျွန်တော်သည် အဆိုးမြင်ဝါဒီသမား မဟုတ်ပါ။ အကောင်းကို မြင်သောကြောင့်သာ အခုလို ပြောနေရခြင်း ဖြစ်သည်။ ဤတွင် ကျွန်တော့် အနေနှင့် ရူပဗေဒ သဘောတရား တစ်ခုကို ရှင်းလင်းပြလိုပါသည်။

လူတစ်ဦးသည် အလွန်လေးလံသော ကျောက်တုံးတစ်တုံးကို နေရာရွေ့အောင် လက်ဖြင့်တွန်းနေရာ တစ်နေ့ကုန်သွား သော်လည်း နေရာမရွေ့၊ အားသွန်ခွန်စိုက် တွန်းခဲ့ သောကြောင့် အလွန်လည်း ပင်ပန်းနေချေပြီ။ သို့ရာတွင် ရူပဗေဒ သဘောအရ ဤသည်ကို အလုပ်ဟု မခေါ်။

ဒုတိယလူတစ်ဦးသည် ၎င်းကျောက်တုံးကိုပင် လက်ဖြင့် မတွန်းဘဲ တုတ်ဖြင့်ကော်၍ တွန်းလှိမ့်ရာ နာရီဝက်ပင် မကြာ၊ ထိုကျောက်တုံး နေရာရွှေ့သွားခဲ့သည်။ ဒုတိယလူသည် လုံးဝမပင်ပန်း၊ အချိန်လည်း မကုန်ပေ။ သို့ရာတွင် ရူပဗေဒ သဘော အရ ဒုတိယ လူသည် အောင်မြင်သော အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု သတ်မှတ်ရမည် ဖြစ်သည်။

မြန်မာစစ်ဗိုလ်ချုပ်များသည် နေ့စဉ်နှင့်အမျှ ကိုယ်နှင့် မဆိုင်သော အလုပ်များတွင် ၀င်လုပ်နေကြသည်။ မပင်ပန်းဟု မဆိုလို ပင်ပန်းပါလိမ့်မည်။ သို့ရာတွင် ကျောက်တုံး ရွေ့ မရွေ့ ကိုတော့ အချိန်က ဆုံးဖြတ်ပေးခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံ များ ကျောက်တုံးရွေ့၍ လမ်းပင်ဖောက်ပြီးချေပြီ။ မြန်မာပြည်ကြီးကတော့ လမ်းလယ်ခေါင်က ကျောက်တုံးကို ရွှေ့ဖို့ ကြိုးစားဆဲပင်။

“ကျွန်တော်သည် အဆိုးမြင် ၀ါဒီသမားလော၊ အကောင်းမြင် သမားလော”

ထပ်မံပြီးတော့ အရေးကြီးသည်ကို သုံးသပ်တင်ပြပါဦးမည်။ လူအများကို အုပ်ချုပ်ရသော အဖွဲ့အစည်းဌာနသည် စစ်တပ်ဖြစ်သည်။ ဤသည်မှာ ငြင်းဖွယ်ရာမရှိ။ စစ်တပ်သည် “မ” တစ်ထောင်သားတွေနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဤသည်ကို တသွေး တသံ တမိန့် ဖြစ်အောင် အုပ်ချုပ်ရသည်။ အာဏာကို သုံးရသည်။ ချုပ်ခြယ်မှု ထားရသည်။ အဘယ် ကြောင့်ဆိုသော် စစ်သားသည် အသက်ပေး၍ စစ်တိုက်ရသည်။ အသက်ပေး၍ နိုင်ငံကို ကာကွယ်ရမည်။ အသက်တွေကို စွန့်လွှတ်ရသော အလုပ်ဖြစ်သည်။ ဤသို့ အသက် စွန့်လွတ်ရသော နေရာတွင် တသွေး တသံ တမိန့် ဖြစ်အောင် အုပ်ချုပ်မှသာ တော်ကာကျသည်။ သို့တည်းမဟုတ် ပျော့ပြောင်းစွာ အုပ်ချုပ်ခဲ့လျှင် အသက်စွန့်၍ တိုက်ခိုက်ရမည့် စစ်ပွဲ တစ်ပွဲအတွက် မည်သည့် စစ်သားမျှ ရှေ့ကတက်မည် မဟုတ်ပေ။ ဤသည်ကို ၎င်းတို့၏ အုပ်ချုပ်မှုများအတွက် ကျွမ်းကျင်စွာ ကျင့်သုံးတတ်ရသည်မှာ မဆန်းပေ။

ဆန်းသည်က မြန်မာစစ်ဗိုလ်ချုပ်များ မြန်မာပြည်ကြီးကို အုပ်ချုပ်နေခြင်းပင်။ အုပ်ချုပ်ခံ ပြည်သူများသည် စစ်သားများ မဟုတ်။ လွတ်လပ်မှုကို ခုံမင်သော လူတန်းစား ဖြစ်သည်။ လွတ်လပ်စွာ တွေးခေါ်မည်။ လွတ်လပ်စွာ ငြင်းခုန်မည်။ လွတ်လပ်စွာ ဆွေးနွေးမည်။ ပြည်သူများကို စစ်သားများကဲ့သို့ ဘောင်အတွင်းမှာ ထား၍ှမရ။ စစ်ဗိုလ်ချုပ်များကလည်း လွတ်လပ်မှု ဆိုသည်ကို လုံးဝ ကြည့်မရ။ သဟဇာတ မဖြစ်သော အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူတန်းစား ကြားမှာ နိုင်ငံတိုးတက်စရာ မရှိဘဲ ပြည်သူတွေ၏ လွတ်လပ်စွာ ထိုးထွက်မှုနှင့် ပြင်းထန်သော အာဏာသုံး နှိပ်ကွပ်မှုတွေရဲ့ အကျိုးဆက်အဖြစ် နိုင်ငံအတွင်း အဓိကရုဏ်း များစွာ ဖြစ်ပေါ်နေရသည်မှာ စစ်အုပ်ချုပ်မှု တလျှောက်ပင်။

အမှန်တော့ နိုင်ငံတစ်ခုကို အုပ်ချုပ်ရာတွင် တရားသေ ဘောင်တစ်ခုကို ဆုပ်ကိုင်ထား၍ မရ။ လျော့ချည် တင်းချည် ရှိရမည်။ ပြောင်းလွယ် ပြင်လွယ် ရှိရမည်။ များသော အားဖြင့် ပျော့ပြောင်းသော သဘောထားကို ကျင့်သုံးရမည်။ သံခင်း တမန်ခင်း ပရိယာယ်များစွာ သုံးရမည်။ အလွန်တရာ ခက်ခဲနက်နဲသော ကိစ္စရပ်ဖြစ်သည်။ တင်စားရသော် အလွန်တရာ သိမ်မွေ့နက်နဲသော ပညာရပ် ဖြစ်သည်။

အုပ်ချုပ်ခံ လူတန်းစားမှာ ပြည်သူဖြစ်၍ ပြည်သူများ၏ အသံကို နားထောင်ရမည်။ (သို့မဟုတ်) အုပ်ချုပ်ခွင့်အာဏာပေးထားသူမှာ ပြည်သူဖြစ်၍ ပြည်သူများ၏ အသံကိုသာ နားထောင်ရမည်။

အုပ်ချုပ်သူသည် အစိုးရဖြစ်၍ အုပ်ချုပ်ခံရသူသည် ပြည်သူဖြစ်သော်လည်း အမှန်တော့ အစိုးရသည် ပြည်သူ၏ ကျေးကျွန်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူများ၏ စားဝတ်နေရေး၊ ပြည်သူများ၏ ဘ၀တိုးတက်ရေး၊ ပြည်သူများ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရေး အားလုံးကို အစိုးရမှ ဖန်တီးလုပ်ဆောင်ပေးရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် ပြည်သူယုံကြည်သော၊ ပြည်သူချစ်သော အစိုးရဖြစ်ဖို့ ပြည်သူတင်မြှောက်မှသာ ရမည် ဖြစ်သည်။ ထိုသို့မှမဟုတ်ဘဲ စစ်အုပ်ချုပ်မှုနှင့် သွားနေသရွေ့ဖြင့်တော့ စစ်ဗိုလ်ချုပ် တစ်ဦးသည် အုပ်ချုပ်ခံ တပ်မှူးတစ်ဦး၏ စောဒကတက်မှု တင်ပြမှုကို မနာခံ မလိုက်လျော သကဲ့သို့ အုပ်ချုပ်ခံ ပြည်သူများကိုလည်း လုံးဝ စာနာထောက်ထား ငဲ့ညှာမည် မဟုတ်ပေ။ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ ကျွမ်းကျင်ပိုင်နိုင်သော စစ်အုပ်ချုပ်မှု ပုံစံနှင့်သာ မြန်မာပြည်ကြီးကို အုပ်ချုပ်မြဲ အုပ်ချုပ်နေမည်သာ။ ဤသို့ဆိုလျှင် မည်သို့မျှ သဟဇာတ မဖြစ်ဘဲ ပြည်သူတို့၏ ဘဝ တိုးတက်ရာ လမ်းမမြင်။ ပြည်သူတို့၏ ဘဝ မတိုးတက်လျှင် မိမိတို့ နိုင်ငံလည်း တိုးတက်သည်ဟု မဆိုနိုင်၊ လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ရှင်းပါသည်။

အမှန်တော့ လက်ရှိစစ်ဗိုလ်ချုပ်များသည် အရည်အချင်းများ အပြည့်ရှိသည်ကို ကျွန်တော် လက်ခံယုံကြည်ပါသည်။ သို့ရာတွင် ၎င်းတို့၏ ကျွမ်းကျင်ပိုင်နိုင်သည့် ပညာရပ်များကို နေရာမှားယွင်းစွာ အသုံးချနေခြင်းသည်သာ ဘ၀င်မကျစရာ။ ကျွန်တော် ဖြစ်စေချင်သည်မှာ စစ်သေနာပတိချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟူသော ဂုဏ်ဒြပ်ဖြင့် မြန်မာပြည် မြေပုံကို စားပွဲပေါ်ခင်းကာ နိုင်ငံကာကွယ်ရေးအတွက် စစ်သေနင်္ဂဗျူဟာများကို စိတ်ကြိုက်ချမှတ်နေစေချင်သည်။ အခြေအနေအရ ကမ္ဘာ့မြေပုံကိုပါ ခဲတံထောက်၍ စစ်တပ်ကြီးကို လိုသလို ရွေ့ကာ ပုံဖော်နေလျှင် အဘယ်မျှ အားရှိဖွယ်ရာ ကောင်းလိုက်မည်နည်း။ ပြည်သူများ၏ တိုးတက်ရာ တိုးတက်ကြောင်းကို ပြည်သူတင်သော အစိုးရက စီမံဖန်တီးနေ ပေလိမ့်မည်။ မည်သည့်နောက်ဆံမှ တင်းစရာမျှ မလို။

ဤတွင် ကျွမ်းကျင်ရာ လိမ္မာရာ ဆိုသည့်စကား တစ်ခုကိုသုံး၍ နိဂုံးချုပ်လိုသည်မှာ စစ်တပ်အတွင်း အုပ်ချုပ်မှုနှင့် နိုင်ငံတစ်ခုကို အုပ်ချုပ်မှုသည် ရောထွေး ဆက်စပ်သွားပါက ဆရာဝန်ကို စစ်တိုက်ခိုင်း၍ အင်ဂျင်နီယာကို ဆေးကုခိုင်းကာ တံငါသည်ကို တံတား ဆောက်ခိုင်းသကဲ့သို့ ဖြစ်နေမည်မှာ မလွဲပေ။ မြန်မာပြည်ကြီးမှာ သူကျွမ်းကျင်ရာ သူပိုင်နိုင်ရာ တာဝန်များကို ကိုယ်စီထမ်းဆောင်၍ ကျွန်တော်တို့ မြန်မာပြည်ကြီး အစဉ်တိုးတက် ပါစေကြောင်း ဆုတောင်းကြရအောင်။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...